11/03/2014

♪ Samsung က Galaxy A3 နှင့် Galaxy A5 Duo တို့ကို ကြေညာ ♫


Samsung က Galaxy A5 နှင့် Galaxy A3 Duo တို့ကို ကြေညာလိုက်ပါသည်။ စွမ်းဆောင်ရည်နိမ့်နှင့် စွမ်းဆောင်ရည်သင့် အမျိုးအစားများ ဖြစ်ပြီး သတ္တုကိုယ်ထည်ကို အသုံးပြုထားပါသည်။

Samsung Galaxy A5 တွင် 1.2GHz Quad-Core CPU, 2GB RAM , 16GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ ငါးလက်မ HD Super AMOLED Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကိုမောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 2300mAh Battery ကို တပ်ဆင်ထားပါသည်။



Samsung Galaxy A3 တွင် 1.2GHz Quad-Core CPU , 1GB RAM, 8GB Internal Storage နှင့် MicroSD Card Slot ပါရှိပါသည်။ ၄.၅ လက်မ qHD Super AMOLED Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 8MP နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 1900mAh Battery ကို အသုံးပြုထားပါသည်။

Samsung Galaxy A3 နှင့် Galaxy A5 ကို တရုတ် အပါအ၀င် အခြားနိုင်ငံများ၌ နိုဝင်ဘာလ တွင် ရောင်းချမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com