11/08/2014

♪ မိုဘိုင်းဖုန်းသုံးစွဲသူများအကြား MPT ဆင်းမ်ကတ်ဦးဆောင်ဆဲ ♫


လက်ရှိပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာ သုံးခု ၀န်ဆောင်မှုရှိနေချိန်တွင် သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး (MPT)ဆင်းမ်ကတ်ကိုဦးစားပေးအဖြစ် ရွေးချယ်အသုံး ပြုနေကြ သည်။ ပြည်ပဆက်သွယ် ရေးကုမ္ပဏီ နှစ်ခုဖြစ်သည့် တယ် လီနောမြန်မာနှင့် အူရီးဒူးမြန်မာ၏ ဆင်းမ်ကတ်များကို ဖုန်းခေါ်ဆိုခ သက်သာခြင်း၊ အင်တာနက်အ သုံးပြုရာတွင် မြန်ဆန်မှုရှိခြင်းတို့ ကြောင့် ဒုတိယဦးစားပေးအဖြစ် အသုံးပြုနေကြကြောင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များနှင့် သုံးစွဲသူ များက ပြောသည်။

မိုဘိုင်းဆက်သွယ်ရေးဈေး ကွက်တွင် MPT ဆင်းမ်ကတ်များ ကို ယခင်ကထက်ပိုမိုလွယ်ကူစွာ ၀ယ်ယူရရှိနိုင်သော်လည်း ၎င်းတို့ ကြေညာထားသည့် ဆင်းမ်ကတ် တစ်ခုလျှင် ၁,၅၀၀ ကျပ်ဖြင့် မရရှိနိုင်ဘဲ အနိမ့်ဆုံး ၁၂,၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်သည်။ အူရီးဒူး ဆင်းမ်ကတ်များကို ကျပ် ၁,၅၀၀ ကျပ်ဖြင့် အလွယ်တကူဝယ်ယူနိုင် သော်လည်း တယ်လီနောဆင်းမ်ကတ်များမှာ ဟန်းဆက်၊ ငွေဖြည့် ကတ်များနှင့် တွဲဖက်၍ ရောင်းချ မှုများရှိကာ ဈေးတင်ရောင်းချမှု များလည်း ရှိနေကြောင်း မိုဘိုင်း ဖုန်းအရောင်းဆိုင် များက ပြော သည်။

လူကြီးမင်းမိုဘိုင်းဖုန်းအ ရောင်းဆိုင်များ ဒါရိုက်တာဦးပြည်စိုးထွန်းက ‘‘လက်ရှိမှာ MPT ဆင်းမ်ကတ်က တခြားအော်ပရေတာတွေရဲ့ ဆင်းမ်ကတ်တွေထက် ဈေးကြီးပေးဝယ်ရပေမယ့် ကွန်ရက်ဖြန့် ကြက်မှုကောင်း လို့ ရောင်းအားလည်း ကောင်းတယ်။ ဦးစားပေးအဖြစ် အသုံးပြုကြဆဲပေါ့။ အူရီးဒူးနဲ့ တယ်လီနောကို ယှဉ်ကြည့်ရင်တော့ တယ်လီနောက ထွက်ခါစဆိုတော့ စိတ်ဝင်စားမှုပိုရတယ်။ ဈေးကလည်း တချို့ ဆိုင်တွေမှာ ၁,၅၀၀ ကျပ်နဲ့ မရနိုင် ဘူး။ ဟန်းဆက်နဲ့ တွဲရောင်းတာတွေ ၊ငွေဖြည့်ကတ်နဲ့ တွဲရောင်း တာတွေရှိတယ်။ အူရီးဒူးကတော့ ၁,၅၀၀ ကျပ်နဲ့ပဲ ရောင်းချနေကြ တာများပါတယ်’’ဟု ပြောသည်။

တာမွေမြို့နယ်တွင် နေထိုင် သည့် မိုဘိုင်းသုံးစွဲသူတစ်ဦးက ‘‘ဆင်းမ်ကတ် သုံးခုစလုံးဝယ်ထား တယ်။ အင်တာနက်သုံးရင်တော့ အူရီးဒူးနဲ့ပဲ သုံးတယ်။ တယ်လီ နောက အင်တာနက်လိုင်းသိပ်မ ကောင်းဘူး။ ဘယ်အချိန်သုံးသုံး 4kbps လောက်ပဲ တက်တယ်။ အူရီးဒူးက လိုင်းကောင်းတဲ့နေရာ မှာ 200 kbps တက်တယ်။ လိုင်း သိပ်မကောင်းတဲ့ နေရာမှာတောင် 30 kbps နဲ့ 40 kbps ကြားတက် တယ်။ ပိုက်ဆံဖြတ်တာတော့ နည်းနည်းများတာပေါ့’’ဟု ပြော သည်။

ပြည်ပဆက်သွယ်ရေးအော် ပရေတာ နှစ်ခုအနက် ဦးစွာထွက် ရှိခဲ့သည့် အူရီးဒူးမြန်မာ၏ ဆင်းမ် ကတ်များကို ကျပ် ၁,၅၀၀ ဖြင့် ရောင်းချ  ပေးနေသော်လည်း အောက်တိုဘာမှစရောင်းသော တယ်လီနောမှာ ၀ယ်လိုအား များပြားခဲ့သည်။  ထို့ကြောင့်  ယင်း မှာ ယခုနောက်ပိုင်းတွင် ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဈေး တင်ရောင်းချမှုများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း လှည်းတန်းရှိ မိုဘိုင်းအရောင်းဆိုင်အချို့မှ ပြောသည်။ တယ်လီနောမြန်မာအနေဖြင့် ဈေးကွက်တွင် ကျယ်ပြန့်စွာ ရောင်းချနိုင်ရန် လက်လီဆိုင်ပေါင်းများ စွာမှ ရောင်းချပေးရေးစီစဉ်ခဲ့သော်လည်း ပစ္စည်းပြတ်လပ်ချိန်တွင်  အချိန်မီထပ်မံဖြန့်ဖြူးပေးနိုင်ခြင်း မရှိကြောင်း ပထမဆုံးရောင်းချချိန်တွင် တစ်ဆိုင်လျှင်ရာဂဏန်းမှ အများဆုံးတစ်ထောင်ခန့်သာ ချထားပေး နိုင်ကြောင်း အရောင်းဆိုင်အချို့မှ တာဝန်ရှိသူများက ပြောသည်။

MPT က ၁ မိနစ်ဖုန်းခေါ်ဆိုမှုကို ၅၀ ကျပ်သတ်မှတ်ထားပြီး မက်ဆေ့ခ်ျတစ်စောင်လျှင် ၂၅ ကျပ် ကောက်ယူ ကာ အင်တာနက် အသုံးပြုခအဖြစ် GSM မိုဘိုင်းဖုန်းများကို တစ်မိနစ် ၂ ကျပ်၊ WCDMA/CDMA 800 MHz မိုဘိုင်းဖုန်းများ ကို တစ်မိနစ် ၄ ကျပ်ကုန်ကျမည် ဖြစ်သည်။ အူရီးဒူးမြန်မာမှ ၎င်းတို့ ၏ ဖုန်းအချင်းချင်းခေါ်ဆိုမှု ၁ မိနစ် ၂၅ ကျပ်၊ အခြားအော်ပရေ တာများ၏ ဖုန်းခေါ်ဆိုလျှင် ၁ မိနစ်၃၅ ကျပ်၊ မက်ဆေ့ခ်ျ တစ်စောင် လျှင် ၁၅ ကျပ်၊ အင်တာနက်အသုံးပြုခအဖြစ် 1MB လျှင် ၁၀ ကျပ် ကုန်ကျမည် ဖြစ်သည်။ တယ်လီ နောမြန်မာမှ ပြည်တွင်းမည်သည့် မိုဘိုင်းဖုန်းကိုခေါ်ဆိုသည်ဖြစ်စေ ၁မိနစ်လျှင် ၂၅ ကျပ်၊ မက်ဆေ့ခ်ျ ၁ စောင်လျှင် ၁၅ ကျပ်၊ အင်တာ နက်အသုံးပြုခကို 1MB လျှင် ၆ ကျပ်နှင့် ၁၀ ကျပ်စနစ်နှစ်မျိုးကောက်ယူနေခြင်းဖြစ်သည်။

7Day Daily

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com