11/07/2014

♪ LG က စွမ်းဆောင်ရည်နိမ့် G2 Lite နှင့် L Prime စမတ်ဖုန်းများကို ကြေညာ ♫

lg g2 lite

LG က သူ၏ ဘရာဇီး ၀က်ဆိုက်တွင် စမတ်ဖုန်ုး အသစ်နှစ်လုံးကို ပြသလိုက်ပြီး စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများ ဖြစ်ပါသည်။

LG G2 Lite
LG G2 Lite တွင် ၄.၅ လက်မ IPS 480×800 WVGA Display တပ်ဆင်ထားပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၀၇ ဖြစ်ပြီး 1.2GHz Quad-Core Processor, 1GB RAM , 4GB Internal Storage အပြင် 32GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ Android 4.4 KitKat ကိုမောင်းနှင်လည်ပတ်မည် ဖြစ်သည်။

အနောက်ဘက်တွင် 8MP Camera တပ်ဆင်ထားပြီး WVGA Video များကိုသာ ရိုက်ကူးပေးနိုင်ပါသည်။ မျက်နှာချင်းဆိုင်တွင် VGA Camera ပါရှိပါသည်။ 1820mAh Battery တပ်ဆင်ထားပြီး ၁၅၃.၇ ဂရမ် အလေးချိန်ရှိပါသည်။ အဖြူ၊ အနက်နှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပါသည်။ ဆက်သွယ်မှုများ အနေဖြင့် 2G, 3G, WiFi, FM Radio များပါရှိပါသည်။

Knock Code နှင့် Quick Selfie ဆော့ဝဲ စွမ်းဆောင်ချက်များ ပါရှိပါသည်။ LG G2 Lite ကို ဒေါ်လာ ၂၄၅ ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။

LG L Prime
l2
LG L Prime တွင် ငါးလက်မ IPS Display တပ်ဆင်ထားပြီး Resolution မှာ WVGA 480×854 ဖြစ်ပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၁၉၆ ဖြစ်ပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ ပိုမိုလျှင်မြန်သော Quad-Core 1.3GHz Processor နှင့် 1GB RAM ပါရှိပါသည်။

ကင်မရာများသည်လည်း ပိုမိုကောင်းမွန်ပြီး HD Video များရိုက်ကူးနိုင်သော 8MP Camera ကိုအနောက်ဘက်နှင့် 1.3MP Camera ကို မျက်နှာချင်းဆိုင်တွင် တပ်ဆင်ထားပါသည်။ 8GB Internal Storage နှင့် 32GB အထိ ၀င်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အပိုင်းတွင် 2G, 3G, WiFi, FM Radio များ ပါရှိပါသည်။

LG L Prime တွင် 2460mAh Battery ပါရှိပြီး အဖြူ၊ တိုက်တေနီယမ်နှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပါသည်။ Knock Code, Smart Button, Quick Selfie စွမ်းဆောင်ချက်များ ပါရှိပါသည်။
L Prime ကို ဒေါ်လာ ၂၆၅ ဖြင့် ရောင်းချမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com