11/07/2014

♪ ငါးလက်မ HD Super AMOLED Display တပ်ဆင်ထားသော Lenovo Sisley S90 ကိုရောင်းပြီ ♫

l

Lenovo Sisley S90 ကို တရားဝင်ကြေညာလိုက်ပြီး Apple ၏ iPhone ဒီဇိုင်းကို အတုခိုးထားသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ iPhone 6 ၏ Wallpaper နှင့် ဆင်တူသော Wallpaper ကို အသုံးပြုထား သည်ဟု သိရပါသည်။

Lenovo Sisley S90 တွင် ငါးလက်မ HD Super AMOLED Display တပ်ဆင်ထားပါသည်။ 1.2GHz Quad-Core CPU ပါသော Snapdragon 410 Chipset ပါရှိပါသည်။ 1GB RAM , 16GB Internal Storage ပါရှိပြီး ဆက်သွယ်မှုအပိုင်းတွင် Dual-SIM နှင့် NFC ပါရှိပါသည်။ 2300mAh Battery ပါရှိပါသည်။

အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 8MP Camera တပ်ဆင်ထားပါသည်။ Sisley S90 တွင် Android 4.4.4 KitKat ကိုထည့်သွင်းထားပါသည်။ တရုတ်တွင် ဒေါ်လာ ၃၂၇ ဖြင့် ရောင်းချ မည် ဖြစ်ပြီး ပန်းရောင်၊ ရွှေရောင်၊ ငွေရောင်နှင့် အညိုရောင်များ ထုတ်လုပ်ပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com