11/12/2014

♪ LG က ဒစ်ဂျစ်တယ် မျက်လုံးများ ပါရှိသော Aka စမတ်ဖုန်းကို ပြသ ♫

ee

LG က ဒစ်ဂျစ်တယ် မျက်လုံးများ ပါရှိသော Aka စမတ်ဖုန်းကို ပြသလိုက်ပါသည်။ ဒစ်ဂျစ်တယ် မျက်လုံးများသည် ပိုင်ရှင်နှင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်ပါသည်။ ဒစ်ဂျစ်တယ် မျက်လုံး သို့မဟုတ် ဇာတ်ကောင် လေးမျိုး ပါရှိပြီး Eggy, Wooky, YoYo နှင့် Soul စသဖြင့် အမည်များ ပေးထားပါသည်။ ဇာတ်ကောင်များ၏ နောက်ခံ ဇာတ်လမ်းများကိုလည်း LG က ရှင်းလင်းထားပါသည်။

LG သည် ဖုန်းပိုင်ရှင်အတွက် အဖော်တစ်ယောက်ကို ထည့်သွင်းပေးလိုက်သည့် သဘောဖြစ်ပါသည်။ မျက်နှာချင်းဆိုင် ကင်မရာ အရှေ့တွင် လက်ဝှေ့ယမ်းပြလျှင် ဇာတ်ကောင်က မျက်လုံး အမူအရာ များကို ပြုလုပ်ဆက်သွယ်မည် ဖြစ်သည်။ မျက်လုံးများသည် ထွက်ပေါ်လာသည့် အချိန်တွင် စမတ်ဖုန်း၏ သုံးပုံပုံတစ်ပုံတွင် နေရာယူ ပြသပါသည်။

Aka သည် စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ငါးလက်မ 720p Display , Android 4.4 KitKat, 1.2GHz Quad-Core Processor , 1.5GB RAM, 8MP Camera, 16GB Storage, MicroSD Card Slot တို့ တပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပြီး 2610mAh Battery ပါရှိပါသည်။

ကင်မရာတွင် လေဆာ ထောက်ကူသည့် Focus နည်းပညာပါရှိပြီး အသံ ထိန်းချုပ်သည့် ခလုတ်နှင့် ပါဝါ ခလုတ်ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 2MP Camera ကို Selfie အတွက် ထည့်သွင်းပေးထားပါသည်။ ကင်မရာသည် ဒစ်ဂျစ်တယ် ဇာတ်ကောင်လေးများအတွက်လည်း LG က အသုံးပြုထားခြင်း ဖြစ်ပါသည်။ ကင်မရာမှ တစ်ဆင့် ပိုင်ရှင်နှင့် ဇာတ်ကောင်လေးများ ဆက်သွယ်မှု ရရှိခြင်းလည်း ဖြစ်ပါသည်။

ဇာတ်ကောင်လေးများသည် အချက်ပြမှုများကို ပြုလုပ်ပေးနိုင်ပါသည်။ ဖုန်းကို လှုပ်ခါလျှင် မူးဝေသည့် ပုံသဏ္ဍာန် ပြုလုပ်ပါသည်။ ဖုန်းကို Case မှ ထုတ်လျှင် မျက်လွှာချထားမည် ဖြစ်သည်။ မျက်လုံးအရောင် များသည် စိတ်ခံစားမှုအလိုက် ပြောင်းလဲမည် ဖြစ်သည်။

Aka ကို ကိုရီးယားဝမ် ငါးသိန်း (ဒေါ်လာ ၄၅၅) ဖြင့် တောင်ကိုရီးယားတွင် ရောင်းချပေးနေပါသည်။ အခြား နိုင်ငံများတွင် ရောင်းချမည့် သတင်းကို LG က ကြေညာခြင်း မရှိသေးပါ။ Aka ၏အလုပ်လုပ် ပုံကို အောက်ပါ ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com