11/07/2014

♪ Huawei က 3D Camera တပ်ဆင်ထားသော Huawei Honor 6X ကို ကြေညာ ♫

http://techtub.in/wp-content/uploads/2014/10/huawei_honor_61-520x245.jpg

Huawei က Honor 6 ၏ Phablet အမျိုးအစား ဖြစ်သော Honor 6X ကို ကြေညာလိုက်ပါသည်။

Huawei Honor 6X တွင် ကင်မရာ သုံးခုပါရှိပါသည်။ အနောက်ဘက်တွင် ကင်မရာနှစ်လုံးကို ပူးတွဲ တပ်ဆင်ထားပြီး Resolution မှာ 8MP ဖြစ်သော်လည်း HTC One M8 ကဲ့သို့ ကင်မရာ စွမ်းဆောင်ချက်များ ရရှိမည်ဆိုသည်ကို မသိရသေးပါ။ ဖုန်းနှစ်မျိုးစလုံး၏ အနောက်ဘက်တွင် တပ်ဆင်ထားသော ကင်မရာနှစ် လုံးမှာ တူညီပြီး Huawei သည် 3D ရုပ်ထွက်များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပုံပေါ်ပါသည်။ ကင်မရာသည် 1080p Video များကို ရိုက်ကူးပေးနိုင်ပါသည်။

Honor 6X သည် Honor 4X ကဲ့သို့ ၅.၅ လက်မအရွယ် Phablet ဖြစ်သော်လည်း Specification များမှာ စွမ်းဆောင်ရည်မြင့် Honor 6 ကို အခြေခံထားပါသည်။ Honor 6X သည် ၇.၅ မီလီမီတာ အထူရှိပြီး ၅.၅ လက်မအရွယ် 1080p Display နှင့် 1.8GHz Octa-Core Processor တပ်ဆင်ထားပါသည်။ 3GB RAM ပါရှိပြီး Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။

32GB Internal Storage ပါရှိပြီး 64GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အပိုင်းတွင် 2G, 3G, LTE တို့ ပါရှိပါသည်။ တီဗီ၏ Remote Control အဖြစ် အသုံးပြုနိုင်သော IR Blaster ပါရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com