11/11/2014

♪ Facebook က Messenger ကို လစဉ် အသုံးပြုသူ သန်းငါးရာ ရှိကြောင်း ကြေညာ ♫

Photo-10-11-2014-17-29-21-798x310

Facebook က Messenger ကို သူ၏ ပင်မ App မှ ခွဲထုတ်လိုက်ပြီး လအနည်းငယ်အကြာတွင် Messenger ကို လစဉ် အသုံးပြုသူ သန်းငါးရာ ရှိကြောင်း ကြေညာလိုက်ပါသည်။

Facebook ကို တည်ထောင်သူ Mark Zuckerberg က App များကို သီးခြားစီ ခွဲထုတ်လိုက်သဖြင့် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာကြောင်း ပြောကြားပါသည်။ App များကို ခွဲထုတ်လိုက်သဖြင့် အမြန်နှုန်း မှာလည်း ပိုမိုတိုးတက်လာပါသည်။

Facebook ၏ ကြေညာချက်အရ နေ့စဉ် Message ပေါင်း တစ်ဆယ် ဘီလီယမ် ပေးပို့ ကြသည်ဟု သိရပါ သည်။ ယခင်ကမူ Message ပေးပို့ရန် Facebook App တွင် သီးခြား ကဏ္ဍတစ်ခုသို့ ၀င်ရောက်ရခြင်းသည် အလုပ်ရှုပ်ပြီး ပြိုင်ဖက် WhatsApp, Viber တို့ကမူ Home Screen ရှိ Shortcut ကို နှိပ်လိုက်သည်နှင့် Message များ လျှင်မြန်စွာ ပေးပို့နိုင်ခြင်း ဖြစ်ပါသည်။

Facebook သည် ပြိုင်ဖက်ကင်း လူမှုကွန်ယက်ဖြစ်ပြီး အချို့နိုင်ငံများတွင် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် Facebook ကို အသုံးပြုကြပါသည်။ Facebook က မကြာမီကလည်း Messenger ကို ဒေါင်းလုပ်ပြုလုပ်သူ သန်းငါးရာ ပြည့်ပြီဟု ကြေညာထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com