Facebook က တစ်ကမ္ဘာလုံးတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် ကြိုးစားနေသော Internet.org နှင့် ပူးပေါင်း လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ ယခုအခါ Facebook က အင်တာနက် အခမဲ့ အသုံးပြုနိုင်သော Internet.org App ကို ကင်ညာနိုင်ငံအတွက် ပြုလုပ်ပေးလိုက်ပါသည်။
Android App ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် အခြေခံ အင်တာနက် ၀န်ဆောင်မှုများကို အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။
အခမဲ့ အသုံးပြုနိုင်မည့် အင်တာနက် ၀န်ဆောင်မှုများထဲမှ အချို့မှာ BBC News, BBC Swahili, Facts of Life, Wikipedia, Facebook နှင့် Facebook Messenger တို့ ဖြစ်ပါသည်။ လက်ရှိတွင် Airtel Subscriber များသာ အသုံးပြုခွင့် ရသေးပြီး App မှ တစ်ဆင့် အင်တာနက် ကြည့်ရှုလျှင် Mobile Network Operator က ငွေကြေးကောက်ခံမည် မဟုတ်ဟု သိရပါသည်။
Zambia, Tanzania တို့၏ နောက်တွင် Kenya သည် Internet.org App ကို အသုံးပြုခွင့်ရသည့် တတိယမြောက် အာဖရိကနိုင်ငံ ဖြစ်လာပါသည်။