11/08/2014

♪ အူရီးဒူးက မည်သည့်ဖုန်းခေါ်ခေါ် တစ်မိနစ်လျှင်၂၅ ကျပ် သတ်မှတ် ♫


ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးသည် ၎င်းတို့၏ ဆင်းမ်ကတ်များမှ ဖုန်းခေါ် ဆိုခနှုန်းထား များကို နိုဝင်ဘာ ၇ ရက်မှစ၍ မည်သည့်ဖုန်းမဆို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ပြောင်း လဲကောက်ခံသွားကြောင်း သတင်းရရှိသည်။

‘‘၇ ရက် မနက်ကနေစပြီးတော့ ဘယ်ဖုန်းကိုခေါ်ခေါ် ၂၅ ကျပ်နဲ့ ပြောင်းပြီးတော့ ကောက်သွားမှာ ဖြစ် ပါတယ်။ အသုံးပြု သူတွေသိအောင် အသေးစိတ်ကိုလည်း ဒီရက်ပိုင်းထဲမှာ ထုတ်ပြန်ပေးသွားပါမယ်’’ ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

အူရီးဒူးအနေဖြင့် ယခင်က ဖုန်းခေါ်ဆိုခနှုန်းထားများကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး နိုဝင်ဘာလ ၇ ရက်မှစ၍ မည်သည့်ဖုန်းမဆို ၂၅ ကျပ်နှုန်းသို့ ပြောင်းလဲကောက်ခံလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

အူရီးဒူးမှ ဖုန်းခေါ်ဆိုခနှုန်းထားများကို ယခုကဲ့သို့ ပြောင်းလဲ ကောက်ခံလိုက်သည့်အတွက် အခြားပြည်ပ ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် တယ်လီနော နှင့်နှုန်းထားများတန်းတူဖြစ်သွားပြီး အစိုးရ အော်ပရေ တာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နှုန်းထားများမှာ မည်သည့် ဖုန်းမဆို တစ်မိနစ်လျှင် ၅၀ ကျပ် နှင့် SMS တစ်စောင်လျှင် ၂၅ ကျပ်ဖြင့် ကောက်ခံနေသည့်အတွက် အော်ပရေတာသုံးခု ထဲတွင် ဈေး အကြီးဆုံးဖြစ်နေသည်။ အူရီးဒူးအနေဖြင့် လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းတွင် ဆင်မ်းကတ်ပေါင်း တစ်သန်းကျော် ရောင်းချထားကြောင်း သတင်းထုတ်ပြန်ထားသည်။

7Day Daily

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com