11/14/2014

♪ မန္တလေးတွင် Android ရေးသားနည်း အခမဲ့သင်တန်းပေးမည် ♫

http://ehsanavr.com/wp-content/uploads/2013/04/Android-training.jpg

Android  ရေးသားနည်းအလုပ်ရုံသင်တန်း (Android Boothcamp)ကို လာမည့်နိုဝင်ဘာ ၂၉ရက်နှင့် ၃၀ ရက်များတွင် မန္တလေးမြို့၌ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 အဆိုပါအလုပ်ရုံသင်တန်းတွင် Android Application ရေးသားနည်းများကို ပြည်တွင်းမှ ကျွမ်းကျင် Developer များက သင်ကြားပေးသွားဖြစ်ကြောင်း၊ Application တစ်ခုထွက်ပေါ်လာရန် အခြေခံမှစ၍ အဆင့်ဆင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများ အနေဖြင့် အွန်လိုင်းမှ လျှောက်လွှာတင်ရ မည်ဖြစ်ပြီး အခြေခံအားဖြင့် Programming အကြောင်းကို နားလည်ထားရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံသင်တန်းကို Ideabox Myanmarနှင့် Google တို့မှ ကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး Google Developer Group Yangon ၏ ပြည်တွင်း Developer များက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Ideabox Myanmar တွဲဖက်တည်ထောင်သူ ကိုကောင်းစစ်က ပြောသည်။

ကိုကောင်းစစ်က ‘‘ရန်ကုန်မှာလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတုန်းကတော့ ၄၀ ကျော်တက်ရောက်ခဲ့ကြတယ်။ ဂူးဂဲလ်က ပေးထားတဲ့ သင်ရိုးကို မြန်မာပြည်က သင်တန်းသားတွေနဲ့ အဆင်ပြေအောင် နည်းနည်းပြန်ညှိ ပြီး Google Developer Group Yangon က Trainer တွေ သင်ပြပေးတယ်။ Progra-mming အကြောင်းကို အခြေခံသိထားပြီးသူတွေအတွက် Application ရေးဆွဲနည်းကအစ Play Store ပေါ် ကို ဘယ်လိုတင်ရမလဲ ဆိုတာအထိ သင်ပေးမှာဖြစ်လို့ တက်ရောက်သူတွေအတွက် အကျိုးရှိမယ်လို့ ယူဆပါတယ်’’ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက ရန်ကုန်မြို့ရှိ အူရီးဒူးမြန်မာရုံးချုပ်တွင် Android Boothcamp ကိုပြုလုပ်ခဲ့ပြီး တက်ရောက်ခဲ့သူဦးရေ ၄၀ ကျော်ရှိခဲ့ကြောင်း ဒုတိယအကြိမ်မြောက်အဖြစ် မန္တလေး၌ပြုလုပ်မည့် အဆိုပါ အလုပ်ရုံသင်တန်းအတွက် စာရင်းပေးထားသူ ၅၀ ကျော်ရှိနေပြီဖြစ်ကြောင်း သို့သော်လည်း နေရာ အခက်အခဲကြောင့် စာရင်းပေးထားသူများထဲ မှ ၂၀ (သို့မဟုတ်) ၃၀ ဦးခန့်သာ ရွေးချယ်စိစစ်သွား မည်ဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့တွင် နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ Android Boothcamp ၌ တက်ရောက်ခွင့်ရရှိသူများ အတွက် ကော်ဖီနှင့် နေ့လယ်စာများ စီစဉ်ပေးထားမည်ဖြစ်ပြီး အသုံးပြုမည့် Laptop ကွန်ပျူတာ နှင့် Android မိုဘိုင်းဖုန်းကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

7 Day Daily

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com