11/01/2014

♪ ထိုးနှက်ချက်ပြင်းပြင်းနဲ့ စတိုင်မိုက်တဲ့ တကယ့်အမှန်အကန် All-in-One PC တစ်လုံး ♫

Photo: HP Beats Special Edition 23
======================
ALL-IN-ONE COMPUTER | £799 from www.snipca.com/13811

ထိုးနှက်ချက်ပြင်းပြင်းနဲ့ စတိုင်မိုက်တဲ့ တကယ့်အမှန်အကန် All-in-One PC တစ်လုံး

HP ရဲ့နောက်ဆုံးသော all-in-one Windows 8.1 PC ဖြစ်ပြီး မျက်လုံးထဲမှာမညှို့ယူမဖမ်းစားဘဲနေမှာမဟုတ်ပါဘူး။အနက်ရောင်နဲ့ အနီရောင်ရောယှက်ထားတဲ့သွင်ပြင်နဲ့မြင်တွေ့ရမယ့် Beats Special Edition 23 ကအားလုံးအတွက် မြည်းစမ်းကြည့်နိုင်ဖို့ မဖြစ်နိုင်သေးပေမယ့် တကယ့်ကိုပဲထူးခြားလှပါတယ်။ကျွန်တော်တို့တွေးထင်ခဲ့တာက ဒီစက်ရဲ့ သမားရိုးကျမဟုတ်တဲ့ အသွင်အပြင်က တခါတလေမှာ စိတ်ပျံ့လွင့်စေနိုင်မယ်လို့ထင်ခဲ့ပါတယ်။ အထူးသဖြင့် စပီကာတွေရဲ့အလယ်မှာရှိနေတဲ့ လင်းလက်နေသော ‘B’ သင်္ကေတ ကအာရုံထွေပြားစေမှာဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့မကြာမီမှာပဲ အဲ့ဒါနဲ့ကျင့်သားရသွားပါတယ်။

နေရာစားသက်သာမယ့်ဒီပီစီမှာ Beats-branded စပီကာတွေကို တစ်ပါတည်းထည့်သွင်းထားတာကိုလေ့လာတွေ့ရှိရတာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ဒီစပီကာတွေကနေထုတ်လွှင့်လိုက်တဲ့အသံတွေဟာ သီးခြားစပီကာတွေနဲ့ဖွင့်သလောက်တော့ အနီးနားတဝိုက်လွင့်ပျံ့နိုင်မှာမဟုတ်ပေမယ့် ကျွန်တော်တို့သိရှိရသလောက်တော့ ဒီဈေးနှုန်းနဲ့ က အခြားသော all-in-ones ပီစီတွေမှာပါဝင်တဲ့စပီကာတွေထက်စာလျှင်တော့ ပိုပြီးသာလွန်ကောင်းမွန်တာကိုတွေ့ရပါတယ်။ စပီကာများရဲ့အသံဟာ ကျယ်လောင်လှပြီး တော်ရုံသင့်ရုံ base သံနဲ့အတူ သင့်တင့်သော နေရာလွတ်များမှနားဆင်ရမှာဖြစ်ပါတယ်။ဒါပေမယ့် အလွန်မြင့်သောအသံတွေက တခါတရံတော့စူးရှပြီး နားဝင်ဆိုးတာတွေတော့ရှိနိုင်မှာပါ။

အကယ်၍ သင်က သီချင်းတွေကို headphones ကနားဆင်ဖို့ပိုပြီး အာသီသရှိတယ်ဆိုလျှင်တော့ သင့်အနေဖြင့် အသုံးတည့်သော ချိတ်ကလေးတစ်ခုကို ပီစီရဲ့ဘယ်ဖက်ခြမ်းမှာဆွဲထုတ်နိုင်ပြီး သင့်ရဲ့ headphones ကို ချိတ်ထားနိုင်ကာ ကေဘယ်ကြိုးများကိုရှုပ်ထွေးနေစေတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သင့်အနေဖြင့် headphones တွေအသုံးပြုဖို့လိုအပ်မှာမဟုတ်သလို ပီစီရဲ့ အအေးပေးပန်ကာတွေရဲ့ အသံတွေကိုဖုံးလွှမ်းနိုင်ဖို့ အသံမြှင့်စရာလည်းမလိုအပ်ပါဘူး။ အလွန်အသံညက်ပြီး ပန်ကာလည်ပတ်နေတဲ့အသံကို ကြားရရုံမျှသာ အလွန်နိမ့်သော အသံကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

စိတ်ပျက်စရာကောင်းတာကတောဒီပီစီကို ထောက်ကန်ပေးထားတဲ့ stand က တောင့်တင်းပြီးကျပ်နေတဲ့အတွက် ချိန်ညှိဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ထို့ပြင် သင့်အနေဖြင့် အချိန်အတန်ကြာအသုံးပြုတဲ့အခါ သက်သောင့်သက်သာဖြစ်စေဖို့ touchscreen ကို သင့်ရဲ့ စားပွဲခုံပေါ်မှာတည့်တည့်မတ်မတ်ထောင်ထားနိုင်မှာမဟုတ်ပါဘူး။ မျက်နှာပြင်က အလွန်တောက်ပပြီး ကျယ်ပြန့်သော မြင်ကွင်းတွေတွေ့နိုင်မယ့် ထောင့်တွေကိုထောက်ပံ့ပေးပါတယ်။ သို့သော်လည်း ပုံရိပ်တွေရဲ့ အရည်အသွေးက အစက်အပျောက်များနဲ့ပြောင်လက်နေခြင်းက ကာလာအရည်အသွေးကို ပျယ်လွင့်စေသလိုဖြစ်နေပါတယ်။ မျက်နှာပြင်ရဲ့ resolution ကတော့ မြင့်မားပြီး 1920 x 1080 pixels ရှိကာ သင့်အနေဖြင့် စာရွက်နှစ်ခုကို တစ်ဖက်တစ်ချက်ထားပြီးအလုပ်လုပ်နိုင်မှာဖြစ်သလို ကြီးမားသော ဓာတ်ပုံများနဲ့ စာရာင်းဇယားများအားတည်းဖြတ်ပြင်ဆင်သည့်အခါ ပတ်ပတ်လည်ကိုသိပ်ပြီး scroll လုပ်စရာလိုအပ်မှာမဟုတ်ပါဘူ။

ဒီစက်မှာပါဝင်တဲ့ Intel ရဲ့ graphics chip က 3D စွမ်းဆောင်ရည်လိုအပ်ချက်နည်းပါးသော ဂိမ်းတွေဖြစ်တဲ့ ယခင်က ဂိမ်းတွေအတွက်ပဲ လုံလောက်တဲ့ပါဝါရှိပါတယ်။ ဒီပီစီမှာထည့်သွင်းအသုံးပြုထားတဲ့ quad-core Intel Core i7 4785T processor နဲ့ 8GB memory ကကျွန်တော်တို့ ရဲ့ လိုအပ်သော benchmark စစ်ဆေးမှုများရဲ့ လုပ်ငန်းစဉ်တော်တော်များများကို စွမ်းဆောင်ပေးနိုင်ဖို့လုံလောက်အောင်မြန်ဆန်လှပါတယ်။ နောက်ထပ် 8GB memory ကိုထပ်မံထည့်သွင်းနိုင်ပြီး လွယ်လင့်တကူ ထည့်သွင်းနိုင်မှာပဲဖြစ်ကာ အဖုံးကိုဖွင့်အဖို့ အတင်းအကျပ်ကော်ထုတ်နေစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။

ကြီးမဲ့ကီးဘုတ်တစ်ခုနဲ့ မောက်စ်တစ်ခုပါဝင်ပါတယ်။ မောက်စ်က ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။သို့သော်လည်း ကီးဘုတ်က ပျော့ပြောင်းကာ လျော့ရဲနေသည့်အတွက် စာရိုက်ရတာသက်သောင့်သက်သာမရှိဘဲ တိကျစွာမှုအားနည်းမှာဖြစ်ပါတယ်။ USB ports ခြောက်ခုပါဝင်ပေမယ့် အဆိုပါ USB များအနက် နှစ်ခုသာလျှင် USB 3.0 ဖြစ်ပါတယ်။ ကျန်ရှိနေသည်များက ဘယ်ဖက်မှာ headphone jack နဲ့ SD ကဒ်တို့နှင့်အတူရှိနေမှာဖြစ်ပါတယ်။ ကံဆိုးတာကတော့ အဆိုပါ port  များရှိ လက်လှမ်းမီမီရှိသင့်တဲ့နေရာမှာ ရှိမနေတာပဲဖြစ်ပါတယ်။  ကျန်ရှိသော USB ports တွေက နောက်ဖက်မှာ Gigabit Ethernet port နဲ့ နောက်ထပ် မော်နီတာတစ်လုံးကိုချိတ်ဆက်ဖို့အတွက် ချိတ်ဆက်နိုင်မယ့် HDMI port နဲ့အတူရှိနေမှာဖြစ်ပါတယ်။ဒုတိယတစ်ခုက အခြားသော ကွန်ပြူတာတစ်လုံးဖြစ်တဲ့ လက်ပ်တော့၊ တက်ဘလက်စတာတွေကို ပီစီရဲ့မော်နီတာတွေအဖြစ်အသုံးပြုနိုင်ဖို့ချိတ်ဆက်နိုင်စေမှာလည်းဖြစ်ပါတယ်။

HP Beats Special Edition 23 က ပြီးပြည့်စုံမှုတော့မရှိသေးပါဘူး။ ရွက်ကြမ်းရည်ကြိုအရည်အသွေးသာရှိသေးတဲ့ မျက်နှာပြင်နဲ့ upgrade လုပ်ရခက်ခဲသော ဒီဇိုင်းတွေက ကျဆင်းမှုကိုဖြစ်ပေါ်စေပေမယ့် All-in-One PC တွေထဲမှာတော့ သူ့ရဲ့မြန်ဆန်လှသော စွမ်းဆောင်ရည်၊ ငြိမ်သက်သော လုပ်ဆောင်ချက်နဲ့ အရောင်အသွေးစုံလင်သော အသွင်အပြင်ပိုင်းတွေက ကောင်းမွန်သော တန်ဖိုးများနဲ့အတူရှိနေမှာပါ။

သုံးသပ်ချက်
========
လူတိုင်းအတွက် သင့်လျောက်မှုမရှိသေးဘဲ ပြီးပြည့်စုံမှုမရှိသေးပေမယ့် ကောင်းမွန်သောစပီကာများပါဝင်တဲ့ မြန်ဆန်ပြီး ညင်သာငြိမ်သက်သော all-in-one PC တစ်လုံးဖြစ်ပါတယ်။

အလားတူ
=======
Dell Inspiron 17-7737
£799 
ပီစီတစ်လုံးကို ဖယ်ရှားအသုံးပြုနိုင်စေမယ့် စွမ်းဆောင်ရည်မြင့် လက်ပ်တော့တစ်လုံးဖြစ်ပြီး အရည်အသွေးမြင့်သော မျက်နှာပြင်၊ များပြားလှစွာသော memory နဲ့ မြန်ဆန်သော သီးခြားထည့်သွင်းထားတဲ့ ဂရပ်ဖစ် ချစ်ပ်တွေက ကောင်းချီးပေးထိုက်ပါတယ်။

HP ရဲ့နောက်ဆုံးသော all-in-one Windows 8.1 PC ဖြစ်ပြီး မျက်လုံးထဲမှာမညှို့ယူမဖမ်းစားဘဲနေမှာ မဟုတ်ပါဘူး။အနက်ရောင်နဲ့ အနီရောင်ရောယှက်ထားတဲ့သွင်ပြင်နဲ့မြင်တွေ့ရမယ့် Beats Special Edition 23 ကအားလုံးအတွက် မြည်းစမ်းကြည့်နိုင်ဖို့ မဖြစ်နိုင်သေးပေမယ့် တကယ့်ကိုပဲထူးခြားလှပါတယ်။ ကျွန်တော်တို့တွေးထင်ခဲ့တာက ဒီစက်ရဲ့ သမားရိုးကျမဟုတ်တဲ့ အသွင်အပြင်က တခါတလေမှာ စိတ်ပျံ့ လွင့်စေနိုင်မယ်လို့ထင်ခဲ့ပါတယ်။ အထူးသဖြင့် စပီကာတွေရဲ့အလယ်မှာရှိနေတဲ့ လင်းလက်နေသော ‘B’ သင်္ကေတ ကအာရုံထွေပြားစေမှာဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့မကြာမီမှာပဲ အဲ့ဒါနဲ့ကျင့်သားရသွား ပါတယ်။

နေရာစားသက်သာမယ့်ဒီပီစီမှာ Beats-branded စပီကာတွေကို တစ်ပါတည်းထည့်သွင်းထားတာ ကိုလေ့လာတွေ့ရှိရတာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ဒီစပီကာတွေကနေထုတ်လွှင့်လိုက်တဲ့ အသံတွေဟာ သီးခြားစပီကာတွေနဲ့ဖွင့်သလောက်တော့ အနီးနားတဝိုက်လွင့်ပျံ့နိုင်မှာမဟုတ်ပေမယ့် ကျွန်တော်တို့သိရှိရသလောက်တော့ ဒီဈေးနှုန်းနဲ့ က အခြားသော all-in-ones ပီစီတွေမှာပါဝင်တဲ့ စပီကာတွေထက်စာလျှင်တော့ ပိုပြီးသာလွန်ကောင်းမွန်တာကိုတွေ့ရပါတယ်။ စပီကာများရဲ့အသံဟာ ကျယ်လောင်လှပြီး တော်ရုံသင့်ရုံ base သံနဲ့အတူ သင့်တင့်သော နေရာလွတ်များမှ နားဆင်ရမှာဖြစ် ပါတယ်။ဒါပေမယ့် အလွန်မြင့်သောအသံတွေက တခါတရံတော့စူးရှပြီး နားဝင်ဆိုးတာတွေတော့ရှိနိုင်မှာပါ။

အကယ်၍ သင်က သီချင်းတွေကို headphones ကနားဆင်ဖို့ပိုပြီး အာသီသရှိတယ်ဆိုလျှင်တော့ သင့်အနေဖြင့် အသုံးတည့်သော ချိတ်ကလေးတစ်ခုကို ပီစီရဲ့ဘယ်ဖက်ခြမ်းမှာဆွဲထုတ်နိုင်ပြီး သင့်ရဲ့ headphones ကို ချိတ်ထားနိုင်ကာ ကေဘယ်ကြိုးများကိုရှုပ်ထွေးနေစေတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သင့်အနေဖြင့် headphones တွေအသုံးပြုဖို့လိုအပ်မှာမဟုတ်သလို ပီစီရဲ့ အအေးပေးပန်ကာတွေရဲ့ အသံတွေကိုဖုံးလွှမ်းနိုင်ဖို့ အသံမြှင့်စရာလည်းမလိုအပ်ပါဘူး။ အလွန်အသံညက်ပြီး ပန်ကာလည်ပတ်နေတဲ့အသံကို ကြားရရုံမျှသာ အလွန်နိမ့်သော အသံကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

စိတ်ပျက်စရာကောင်းတာကတောဒီပီစီကို ထောက်ကန်ပေးထားတဲ့ stand က တောင့်တင်းပြီး ကျပ်နေတဲ့အတွက် ချိန်ညှိဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ထို့ပြင် သင့်အနေဖြင့် အချိန်အတန်ကြာ အသုံးပြုတဲ့ အခါ သက်သောင့်သက်သာဖြစ်စေဖို့ touchscreen ကို သင့်ရဲ့ စားပွဲခုံပေါ်မှာတည့်တည့် မတ်မတ်ထောင်ထားနိုင်မှာမဟုတ်ပါဘူး။ မျက်နှာပြင်က အလွန်တောက်ပပြီး ကျယ်ပြန့်သော မြင်ကွင်းတွေတွေ့နိုင်မယ့် ထောင့်တွေကိုထောက်ပံ့ပေးပါတယ်။ သို့သော်လည်း ပုံရိပ်တွေရဲ့ အရည်အသွေးက အစက်အပျောက်များနဲ့ပြောင်လက်နေခြင်းက ကာလာအရည်အသွေးကို ပျယ်လွင့်စေသလိုဖြစ်နေပါတယ်။ မျက်နှာပြင်ရဲ့ resolution ကတော့ မြင့်မားပြီး 1920 x 1080 pixels ရှိကာ သင့်အနေဖြင့် စာရွက်နှစ်ခုကို တစ်ဖက်တစ်ချက်ထားပြီးအလုပ်လုပ်နိုင်မှာဖြစ်သလို ကြီးမားသော ဓာတ်ပုံများနဲ့ စာရာင်းဇယားများအားတည်းဖြတ်ပြင်ဆင်သည့်အခါ ပတ်ပတ်လည်ကိုသိပ်ပြီး scroll လုပ်စရာလိုအပ်မှာမဟုတ်ပါဘူ။

ဒီစက်မှာပါဝင်တဲ့ Intel ရဲ့ graphics chip က 3D စွမ်းဆောင်ရည်လိုအပ်ချက်နည်းပါးသော ဂိမ်းတွေဖြစ်တဲ့ ယခင်က ဂိမ်းတွေအတွက်ပဲ လုံလောက်တဲ့ပါဝါရှိပါတယ်။ ဒီပီစီမှာထည့်သွင်းအသုံးပြုထားတဲ့ quad-core Intel Core i7 4785T processor နဲ့ 8GB memory ကကျွန်တော်တို့ ရဲ့ လိုအပ်သော benchmark စစ်ဆေးမှုများရဲ့ လုပ်ငန်းစဉ်တော်တော်များများကို စွမ်းဆောင်ပေးနိုင်ဖို့လုံလောက်အောင်မြန်ဆန်လှပါတယ်။ နောက်ထပ် 8GB memory ကိုထပ်မံထည့်သွင်းနိုင်ပြီး လွယ်လင့်တကူ ထည့်သွင်းနိုင်မှာပဲဖြစ်ကာ အဖုံးကိုဖွင့်အဖို့ အတင်းအကျပ်ကော်ထုတ်နေစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။

ကြီးမဲ့ကီးဘုတ်တစ်ခုနဲ့ မောက်စ်တစ်ခုပါဝင်ပါတယ်။ မောက်စ်က ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။သို့သော်လည်း ကီးဘုတ်က ပျော့ပြောင်းကာ လျော့ရဲနေသည့်အတွက် စာရိုက်ရတာသက်သောင့်သက်သာမရှိဘဲ တိကျစွာမှုအားနည်းမှာဖြစ်ပါတယ်။ USB ports ခြောက်ခုပါဝင်ပေမယ့် အဆိုပါ USB များအနက် နှစ်ခုသာလျှင် USB 3.0 ဖြစ်ပါတယ်။ ကျန်ရှိနေသည်များက ဘယ်ဖက်မှာ headphone jack နဲ့ SD ကဒ်တို့နှင့်အတူရှိနေမှာဖြစ်ပါတယ်။ ကံဆိုးတာကတော့ အဆိုပါ port များရှိ လက်လှမ်းမီမီရှိသင့်တဲ့နေရာမှာ ရှိမနေတာပဲဖြစ်ပါတယ်။ ကျန်ရှိသော USB ports တွေက နောက်ဖက်မှာ Gigabit Ethernet port နဲ့ နောက်ထပ် မော်နီတာတစ်လုံးကိုချိတ်ဆက်ဖို့အတွက် ချိတ်ဆက်နိုင်မယ့် HDMI port နဲ့အတူရှိနေမှာဖြစ်ပါတယ်။ဒုတိယတစ်ခုက အခြားသော ကွန်ပြူတာတစ်လုံးဖြစ်တဲ့ လက်ပ်တော့၊ တက်ဘလက်စတာတွေကို ပီစီရဲ့မော်နီတာတွေအဖြစ်အသုံးပြုနိုင်ဖို့ချိတ်ဆက်နိုင်စေမှာလည်းဖြစ်ပါတယ်။

HP Beats Special Edition 23 က ပြီးပြည့်စုံမှုတော့မရှိသေးပါဘူး။ ရွက်ကြမ်းရည်ကြိုအရည်အသွေးသာ ရှိသေးတဲ့ မျက်နှာပြင်နဲ့ upgrade လုပ်ရခက်ခဲသော ဒီဇိုင်းတွေက ကျဆင်းမှုကိုဖြစ်ပေါ်စေပေမယ့် All-in-One PC တွေထဲမှာတော့ သူ့ရဲ့မြန်ဆန်လှသော စွမ်းဆောင်ရည်၊ ငြိမ်သက်သော လုပ်ဆောင်ချက်နဲ့ အရောင်အသွေးစုံလင်သော အသွင်အပြင်ပိုင်းတွေက ကောင်းမွန်သော တန်ဖိုးများနဲ့အတူရှိနေမှာပါ။

သုံးသပ်ချက်
========
လူတိုင်းအတွက် သင့်လျောက်မှုမရှိသေးဘဲ ပြီးပြည့်စုံမှုမရှိသေးပေမယ့် ကောင်းမွန်သောစပီကာများပါဝင်တဲ့ မြန်ဆန်ပြီး ညင်သာငြိမ်သက်သော all-in-one PC တစ်လုံးဖြစ်ပါတယ်။

အလားတူ
=======
Dell Inspiron 17-7737
£799
ပီစီတစ်လုံးကို ဖယ်ရှားအသုံးပြုနိုင်စေမယ့် စွမ်းဆောင်ရည်မြင့် လက်ပ်တော့တစ်လုံးဖြစ်ပြီး အရည် အသွေးမြင့်သော မျက်နှာပြင်၊ များပြားလှစွာသော memory နဲ့ မြန်ဆန်သော သီးခြားထည့်သွင်းထားတဲ့ ဂရပ်ဖစ် ချစ်ပ်တွေက ကောင်းချီးပေးထိုက်ပါတယ်။

TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com