ကွန်ပျူတာတစ်လုံးလို့
ဆိုလိုက်တာနဲ့ PC လား၊ Mac လား လို့မေးတတ်ကြတယ်။ အရပ်သား
စကားနဲ့ပြောတဲ့အခါ Apple ကွန်ပျူတာလား၊ Windows ကွန်ပျူတာလားလို့
မေးမြန်းကောင်း မေးမြန်းနိုင်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ် ၎
နှစ်လောက်အထိတော့ တစ်ကိုယ်ရေသုံး ကွန်ပျူတာအသုံးပြုသူတွေ အနေနဲ့
ရာနှုန်းအများစုက Windows စနစ်သုံး ကွန်ပျူတာဖြစ်နေတာကြောင့်
ဒီလိုခွဲခြားပြောဆိုသူပင် အတော်နည်းပါးကြ တယ်။ ကွန်ပျူတာလို့ ဆိုလိုက်တာ
နဲ့ PC ကွန်ပျူတာလို့သာ ယေဘု ယျနားလည်ထားလိုက်ကြတဲ့ သ ဘောဖြစ်တယ်။
ခွဲခြားပြောဆိုစရာဆိုလို့ ဒက်စ်တော့ပ်ကွန်ပျူတာ လား၊ လက်ပ်တော့ကွန်ပျူတာ
လား ဆိုတာလောက်သာ ရှိတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၇) နှစ်လောက်ကစပြီး
လူနဲ့မကွာ သယ်ယူသွားနိုင်တဲ့ကွန်ပျူတာ စနစ်သုံး ကိရိယာတွေ
တစ်ခေတ်ဆန်းလာတယ်။ အထူးသဖြင့် တက်ဘလက်ကွန်ပျူတာတို့၊ စမတ်ဖုန်းတို့လို
မိုဘိုင်း ကိရိယာတွေ ခေတ်စားလာတဲ့အတွက် ကွန်ပျူတာကိရိယာပစ္စည်း ဆိုတာထက်
ကွန်ပျူတာလည်ပတ်စနစ်ကို အခြေခံထားပြီး ခွဲခြားသတ်မှတ်မှုတွေရှိလာခဲ့တယ်။
ဟာ့ဒ်ဝဲပိုင်းတွေကို ကြည့်မယ်ဆိုရင် အတူတူလို့ပင်ပြောဆိုနိုင်တဲ့
အခြေအနေတွေဖြစ်သွားစေတယ်။ ဥပမာအနေနဲ့ Mac Book
ကွန်ပျူတာကိုဖွင့်ကြည့်လိုက်ရင် ဟာ့ဒ်ဝဲတွေရဲ့အနေအထားနဲ့ အရည်အချင်းတွေက PC
Ultrabook နဲ့ အတူတူ ဆိုတာတွေ့နိုင်ပါလိမ့်မယ်။
သမိုင်းကြောင်းကိုပြန်ကြည့်ရင် PC ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုး နားလည်ထားကြတာကိုတွေ့ကြ ရမှာဖြစ်တယ်။ PC ရဲ့ဝေါဟာရ အပြည့်အစုံက Personal Com-puter ဆိုတာကိုတော့ အားလုံး လက်ခံထားကြတယ်။ အဆုံးစွန် စကားကုန်ပြောသူတွေကဆိုရင် Personal Computer မှာလက်ပ်တော့တို့၊ ဒက်စ်တော့တို့အပြင် ဒီနေ့ခေတ်စားနေတဲ့ စမတ်ဖုန်းတို့၊ တက်ဘလက်တို့လည်း အကျုံးဝင်စေတယ်လို့ပြောဆိုလိမ့်မယ်။ ဒါပေမဲ့ တရားသေသမားတွေကတော့ PC ဆိုတာ IBM PC-Compatible ကိုဆိုလိုတာလို့ မူလသတ်မှတ်ချက်နဲ့ရှင်းပြပြောဆိုမှာ အမှန်ဖြစ်တယ်။ IBM ကုမ္ပဏီက ထုတ်လုပ်တဲ့ ကွန်ပျူတာ တည်ဆောက် ဖွဲ့စည်းပုံအတိုင်း တည်ဆောက်ထုတ်လုပ်တဲ့ ကွန်ပျူတာတွေလို့ အဓိပ္ပာယ်သက်ရောက်စေတယ်။
ဒီလိုကွန်ပျူတာတွေမှာ BIOSတစ်ခုပါဝင်စေပြီး တူညီတဲ့လည်
ပတ်စနစ်တွေနဲ့အသုံးပြုကြရ တယ်။ ဒီအချိန်က IBM ရဲ့ PC-DOS တို့ Microsoft
ရဲ့ MS-DOS ကိုအသုံးပြုခဲ့ကြရတာ မှတ်မိကြပါလိမ့်မယ်။ ဒါပေမဲ့ IBM အနေနဲ့
ဒီနေ့ခေတ်ပိုင်းမှာ ပီစီကွန်ပျူတာ ထုတ်လုပ်မှုတွေမလုပ်တော့တဲ့ အတွက်
ခေတ်ဟောင်းကို မမီလိုက်၊ မမြင်လိုက်မိသူတွေအနေနဲ့
အနည်းငယ်အတွေးရှုပ်ထွေးစရာအကြောင်းရှိတယ်။
တစ်ကိုယ်ရေသုံးကွန်ပျူတာ ခေတ်ရောက်ချိန်မှာ IMB PC Compatible ဆိုတဲ့အခေါ်အဝေါ်ထက် Windows-Compatible PCs တွေလို့ပြောဆိုလာကြတယ်။ တစ်ချိန်တည်းမှာ PCs တိုင်းမှာလိုလို Intel ပရိုဆက်ဆာကို အသုံးပြုလေ့ရှိတာကြောင့် Wintel PC ဆိုတဲ့ အသုံးအနှုန်းတွေလည်း ရှိနေခဲ့ပြန်တယ်။ ဆယ်စုနှစ် (၂) ခု လောက် နီးနီး Windows လည်ပတ်စနစ်နဲ့ အသုံးပြုတဲ့ တစ်ကိုယ်ရေသုံးကွန်ပျူတာတွေကို PC လို့သာပြောဆိုကြလေ့ရှိပြီး MAC ကွန်ပျူတာတွေကိုတော့ Apple ကွန်ပျူတာလို့ယေဘုယျ ခေါ်ဆိုကြတယ်။
PCs တွေကို မူလက DOS အခြေခံထားပြီး Windows စနစ်ကို တင်ပြီး လည်ပတ်စနစ်အဖြစ်ဖန် တီးယူလေ့ရှိကြပေမယ့် ဒီနေ့ ခေတ်ပိုင်းမှာ Linux ကို အခြေခံ ထားပြီး Windows စနစ်ကို တင်ယူကြတဲ့ အလေ့အကျင့်ဖြစ်သွားတယ်။
တစ်ချိန်က Mecintosh ကွန်ပျူ တာတွေမှာသုံးတဲ့ဟာ့ဒ်ဝဲက PCs တွေမှာသုံးတဲ့ဟာ့ဒ်ဝဲနဲ့ အတော် ကွာခြားခဲ့တယ်။ Intel X 86- Compatible Chips တွေကို Win-tel PCs တွေမှာထည့်သုံးကြသလို Mac ကွန်ပျူတာတွေမှာ Power PC Chips ကိုထည့်သုံးလေ့ရှိတယ်။ ဒီအတွက် Mac ကွန်ပျူတာပေါ်မှာ Windows တင်သုံးလို့မရနိုင်တဲ့ အခြေအနေတွေရှိခဲ့တယ်။ ဒီလိုပဲ Mac OS ကို PC ပေါ်တင်ဖို့မဖြစ်နိုင်ခဲ့ပေ။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက ဖြစ်နိုင်ဖို့ခက်ခဲတဲ့ အခြေအနေတွေကြားက Macs တွေပေါ်မှာ Windows တင်သုံးတဲ့ နည်းလမ်းကို ကြိုးစားလုပ်ကိုင်ခဲ့ကြတာတွေရှိသလို PCs တွေ ပေါ်မှာ Macintosh OS တင်ဖို့ ရအောင်ကြိုးစားခဲ့သူတွေလည်း တပုံတပင်ရှိကြပါတယ်။
၂၀၀၆ ခုနှစ်ရောက်တဲ့အခါ Power PC Architecture အစား Apple က Intel ရဲ့ X86 Chips တွေနဲ့ စတင်အသုံးပြုဖို့ကြိုးစား လိုက်တယ်။ ဒီနေရာမှာ Chips အပြောင်းအလဲဖန်တီးခြင်း သက်သက်သာမဟုတ်ပေ။ X86 Operating System ဖြစ်စေဖို့ပါစီမံဆောင်ရွက်ယူခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ Power PCs ကို နောက်ဆုံး မြင်တွေ့လိုက်ရတာဖြစ်တယ်။
တချို့က Mac ကွန်ပျူတာတွေရဲ့ ဟာ့ဒ်ဝဲအစိတ်အပိုင်းတွေ က PC ကွန်ပျူတာရဲ့ဟာ့ဒ်ဝဲတွေ နဲ့ အတော်ကွာခြားလိမ့်မယ်လို့ ထင်မြင်ယူဆကြတယ်။ တကယ်တော့ အခုအချိန်မှာမကွာခြားတော့ပေ။ Mac ကွန်ပျူတာမှာအသုံးပြုရတဲ့ CPU တွေကို Windows Ultra book တွေမှာအသုံးပြုထားတာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဟာ့ဒ်ဝဲအစိတ်အပိုင်းတွေကို ဘယ်နေရာမှာဖြစ်ဖြစ် အသုံးပြုနိုင်စေဖို့ အစိတ်အပိုင်း ထုတ်လုပ်သူတွေက စီစဉ်ထားကြတယ်။ Mac ကွန်ပျူတာ အသုံးပြုသူတွေက Mac ကွန်ပျူတာမှာ Logic Board ကိုအသုံးပြုတယ်လို့ ညွှန်းပြောတာမျိုးရှိကောင်းရှိနိုင်တယ်။ တကယ်တော့ အခြေခံသဘောတရား အရ PCs တွေမှာအသုံးပြုတဲ့ Motherboard နဲ့ အတူတူပင်ဖြစ်ပါတယ်။ Display တွေ၊ SSDs တွေဆိုရင် နှစ်မျိုးစလုံးမှာအသုံးပြုဖို့ရည်ရွယ်ပြီး ထုတ်လုပ်လေ့ရှိကြတယ်။ Mac ပေါ်မှာ Windows စနစ် ကိုတင်ထား အသုံးပြုလိုတယ်ဆိုရင် Boot Camp နဲ့ ထည့်သွင်းယူ ရတယ်။ Apple အနေနဲ့ Windows Driver Package တွေကိုလည်း ပံ့ပိုးပေးနေပြီ ဖြစ်တယ်။ Windows PC ပေါ်မှာရှိနေလေ့ရှိတဲ့ Drivers မှန်သမျှ အကုန် ပါဝင်ထားစေတယ်။ ဒါပေမဲ့ Apple ရဲ့ Mac Books တွေကိုဈေးနှုန်းကြီးမြင့်တဲ့ ဟာ့ဒ်ဝဲတွေ ထည့်သွင်းတည်ဆောက်ထားတဲ့ အတွက် အနိမ့်ဆုံးမော်ဒယ်ရဲ့ဈေးနှုန်းက ဒေါ်လာ ၉၀၀ ရှိနေမှာဖြစ်တယ်။
အရင်က Mac ကွန်ပျူတာပေါ်မှာ Windows ကိုတင်သုံးလိုတယ်ဆိုရင် Emulator တစ်ခုမပါ မဖြစ်ပါဝင်ရတယ်။ Mac ကွန်ပျူတာပေါ်မှာ Linux ကိုလည်ပတ်ဆောင်ရွက်စေလိုတယ်ဆိုရင် PowerPC Part ဒါမှမဟုတ် Macs အတွက် စပယ်ရှယ် အသုံးပြုစေဖို့စီမံထားတဲ့ Linux စနစ်ကို တင်ယူရတယ်။ ဥပမာ Yellow Dog Linux ကိုအသုံးပြုရတယ်။
အခုချိန်မှာ PC ဟာ့ဒ်ဝဲတွေ ပေါ်ကို Mac OSX အလွယ်တကူ တင်သုံးနိုင်တဲ့အခြေအနေရှိနေပါပြီ။ Hackintosh လို့သိထားကြရတယ်။ Apple အနေနဲ့တရားဝင် ပံ့ပိုးထားတဲ့ အနေအထားတော့ မဟုတ်ပေ။ PCs တွေပေါ်မှာ Mac OS တင်သုံးနိုင်တယ်လို့ ဆိုရာမှာ ဈေးနှုန်းချိုသာတဲ့ PCs တွေမှာ Mac OS ကိုတင်သုံးဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ အဆင့်မြင့် PCS တွေမှာသာ ဒီလိုအခွင့်အလမ်း ရနိုင်တယ်။ ဥပမာ Apple ရဲ့ ဒေါ်လာ ၁၀၀၀ အောက် MacBook Air နဲ့ MacBook Pro တွေမှာ အလွယ်တကူ Windows စနစ်ကိုပင် သုံးနိုင်တယ်။ ဒါပေမဲ့ Win-dows လိုင်စင်အတွက် ဒေါ်လာ ၁၀၀ ထပ်မံကုန်ကျနိုင်တယ်။ Windows စနစ်သုံး Ultra Book တွေထဲက ဒေါ်လာ ၁၅၀၀ အထက် လက်ပ်တော့တွေမှာ Mac OS ကို အခက်အခဲမရှိတင်သုံးနိုင်ခွင့် ရှိတယ်။ ဒါကြောင့် Macs ရယ်၊ PCs ရယ်လို့ ခွဲခြားလို့မရတော့ဘူးလို့ ပြောနိုင်တဲ့ခေတ်ကြီးမှာ Mac ကွန်ပျူတာတိုင်းက Windows တင်သုံးနိုင်တယ်လို့ အတိအလင်းကြေညာနိုင်ပြီး PCs ကွန်ပျူတာတချို့မှာ Mac OS တင်သုံးနိုင်ပြီလို့သာပြောနိုင်ပါလိမ့်မယ်။
အနှစ်ချုပ်အနေနဲ့ပြောရရင် ဒီနေ့ဒီအချိန်အခါမှာ PCs တိုင်းက Macs လို့မပြောနိုင်ပေမယ့် Macs တိုင်းက PCs ပါလို့ အသေအချာပြောနိုင်ပါကြောင်း တင်ပြပေးလိုက်ရပါတယ်။