Microsoft သည် Windows Phone 8.1 စမတ်ဖုန်းသစ် နှစ်မျိုးကို မကြာမီ စတင်ရောင်းချရန် စီစဉ်လျက်ရှိသည်။ Microsoft သည် BLU Products မှ unlock ဗားရှင်း ၄ လက်မ Dash 4.0 နှင့် ၅ လက်မ Dash 5.0 တို့ကို ၉၉ ဒေါ်လာနှင့် ၁၉၉ ဒေါ်လာ အသီးသီးဖြင့် ရောင်းချဖွယ်ရှိသည်။ Microsoft သည် စမတ်ဖုန်းဈေးကွက်သို့ ဝင်ရောက်လာချိန်တွင် စမတ်ဖုန်း OS ကို သုံးစွဲသူများ ပိုမို သုံးစွဲလာရန် အတွက် ဖြစ်နိုင်သည့် အရာအားလုံးကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် Microsoft ကုမ္ပဏီသည် Windows Phone အသုံးပြုထားသည့် စမတ်ဖုန်းများကို ဆက်လုပ်ထုတ်လုပ်ရန် အတွက် Samsung ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးချေခဲ့ကြောင်း၊ HTC နှင့်လည်း အလားတူ သဘောတူညီချက် တစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သည်။ Windows Phone Central မှ ဖော်ပြချက်အရ Microsoft သည် BLU products မှ Dash 5.0 နှင့် Dash 4.0 ကို မကြာမီ စတင်ရောင်းချမည် ဖြစ်ကြောင်း ၊ စမတ်ဖုန်းများ၏ unlock ဈေးနှုန်းသည် ၉၉ ဒေါ်လာနှင့် ၁၉၉ ဒေါ် လာဖြစ်ကြောင်း သိရသည်။ Dash 5.0 တွင် 480x854 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည့် ၅ လက်မ display နှင့် dual-SIM အထောက်အပံ့ ပါဝင်သည်။ ၎င်းတွင် 1.3GHz dual-core processor နှင့် 512MB RAM တို့ကို အသုံးပြုထားသည်။ ကျောဘက်တွင် 5-megapixel ကင်မရာပါဝင်ပြီး 4GB internal storage ဖြင့် အသုံးပြုနိုင်သည်။ သို့သော်လည်း စမတ်ဖုန်း ဘက်ထရီ၏ ပမာဏကို ဖော်ပြခဲ့ခြင်း မရှိပေ။ Dash 4.0 တွင် 800x480 resolution ဖြင့် ဖော်ပြပေးနိုင်မည့် ၄ လက်မ display နှင့် 1.3GHz dual-core processor ပါဝင်သည်။ 4GB internal storage နှင့် 512MB RAM ဖြင့် အသုံးပြုနိုင်ပြီး မဖယ်ရှားနိုင်သော 1,500 mAh ဘက်ထရီကို အသုံးပြုထားသည်။
Ref: TechTimes
Internet Journal
Ref: TechTimes
Internet Journal
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။