7/03/2014

♪ Samsung က Galaxy S5 Mini ကို ကြေညာ ♫

Photo: Samsung က Galaxy S5 Mini ကို ကြေညာ
================================

Samsung က Galaxy S5 Mini ကို ကြေညာလိုက်ပါသည်။ Mini အမျိုးအစားဖြစ်သည့်အတွက် Galaxy S5 ၏ ၅.၁ လက်မမျက်နှာပြင်ထက်သေးငယ်သည့် ၄.၅ လက်မမျက်နှာပြင်ကို တပ်ဆင်ထားပါသည်။ Galaxy S5 Mini ၏ Specifications များသည် စွမ်းဆောင်ရည်မြင့် အမျိုးအစားများ မဟုတ်သော်လည်း Galaxy S5 ၏ အကောင်းဆုံး စွမ်းဆောင်ချက်များ ပါရှိပါသည်။ 

Samsung Galaxy S5 Mini တွင် ၄.၅ လက်မအရွယ် 720p Super AMOLED Screen တပ်ဆင်ထားပါသည်။ အရွယ်အစား အပြည့်အစုံမှာ 131.1 x 64.8 x 9.1mm ဖြစ်ပြီး အလေးချိန်မှာ ၁၂၀ ဂရမ်ဖြစ်ပါသည်။ Galaxy S4 Mini ၏ အရွယ်အစားအပြည့်အစုံမှာ 124.6 x 61.3 x 8.9 mm ဖြစ်ပြီး အလေးချိန်မှာ ၁၀၇ ဂရမ်ဖြစ်သည်ဟု နှိုင်းယှဉ်သိရှိရပါသည်။ Pixel သိပ်သည်းဆ အပိုင်းတွင် S5 Mini သည် 326ppi ဖြစ်ပြီး S4 Mini ၏ 256ppi ထက်များပြားလာပါသည်။ 

Galaxy S5 Mini ၏ ရေစိုခံနိုင်သည့် စံနှုန်းမှာ IP67 ဖြစ်ပြီး ရေအနက် တစ်မီတာတွင် နာရီဝက်ကြာ ထားရှိနိုင်ပါသည်။ ထို့အပြင် ဖုန်းထဲသို့ ဖုန်များ မ၀င်နိုင်အောင် တင်းကျပ်စွာ ကာကွယ်ထားပါသည်။ ဖုန်း၏ အနောက်ဘက်တွင် နှလုံးခုန်နှုန်းတိုင်းတာသည့် Sensor နှင့် Home Button တွင် Fingerprint Sensor တပ်ဆင်ထားပါသည်။ 

Galaxy S5 Mini တွင် 1.4GHz Quad-Core Processor နှင့် 1.5GB RAM ပါရှိပါသည်။ 16GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည်ဖြစ်ပြီး S Health, Private Mode, Kids Mode, Ultra Power Saving Mode တို့ပါရှိပါသည်။ 2100mAh Battery တပ်ဆင်ထားပြီး 4G LTE ကို အသုံးပြုလျှင် 150Mbps အမြန်နှုန်းရရှိနိုင်ပါသည်။ စမတ်ဖုန်းကို Remote Control အဖြစ်အသုံးပြုနိုင်သည့် IR Blaster ပါရှိပါသည်။ အနောက်ဘက်တွင် 1080p Video များရိုက်ကူးနိုင်သည့် 8MP Camera တပ်ဆင်ထားပါသည်။ Galaxy S5 တွင်ပါသည့် Shot & More, Virtual Tour, S Studio Editor များပါရှိပါသည်။ 

Samsung Galaxy S5 Mini ကို အနက်၊ အဖြူ၊ အပြာနှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး ယခုလအစောပိုင်းတွင် ရုရှားတွင် စတင်ရောင်းချပေးမည်ဖြစ်သည်။ ရောင်းချမည့် ဈေးနှုန်းကို Samsung က ကြေညာခြင်းမရှိသေးဟု သိရပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>