7/01/2014

♪ Samsung မှ Exynos 5 Octa အမျိုးအစား Quadcore CPU နှစ်လုံးပါဝင်သော Galaxy Tab S ကို ပြည်တွင်း၌ မိတ်ဆက် ♫


Samsung Electronic မှ Exynos 5 Octa အမျိုးအစား 1.9 GHz Quadcore နှင့် 1.3 GHz Quadcore processor နှစ်လုံးထည့်သွင်း အသုံးပြုထားသော ပေါ့ပါးပါးလွှာသည့် Galaxy Tab S Tablet သစ်ကို ပြည်တွင်း၌ စတင်မိတ်ဆက်ခဲ့ပြီး ၈.၄ လက်မနှင့် ၁၀.၅ လက်မ အရွယ်အစား နှစ်မျိုးဖြင့် ဖြန့်ချိ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။     Samsung Galaxy Tab S တွင် 2G/3G နှင့် LTE စနစ်များ ထောက်ပံ့ ပါဝင်မည်ဖြစ်သည်။ Resolution 2560x1600 ထိထောက်ပံ့ပေးနိုင်သော WQXGA Super AMOLED Display ကိုအသုံးပြုထားကာ Contrast 100,000:1 ရရှိနိုင်သည့်အတွက် သဘာဝကျသည့် ရုပ်ထွက်နှင့်အရောင်ကို ခံစားမြင်တွေ့နိုင်မည် ဖြစ်သည်။ ထို့ပြင် Adaptive Display, Outdoor Visibility စသည့် စကရင်နည်းပညာသစ်များ ထောက်ပံ့ပါဝင်ပြီး ရုပ်ထွက်ကို AMOLED Cinema နှင့် AMOLED Photo စသည့် Mode နှစ်မျိုးဖြင့်အသုံးပြုနိုင်မည် ဖြစ်သည်။ Multi-task အနေဖြင့်လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နေစဉ်တွင်ပင် ဖုန်းခေါ်ခြင်း၊ လက်ခံပြောဆိုခြင်းများကို ပြုလုပ်နိုင်မည်ပြီး HANCOM Office, Remote PC Access, WebEx, SideSync 3.0 စသည့် လုပ်ငန်းသုံးဆိုင်ရာ စနစ်များလည်း ထောက်ပံ့ ပါဝင်ကြောင်း သိရသည်။ မှတ်ဉာဏ်ပမာဏ 3GB RAM နှင့်အချက်အလက်သို လှောင်မှုအနေဖြင့် 16GB ရှိမည်ဖြစ်ပြီး 128GB ထိ ထပ်မံတိုးမြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy S5 ကဲ့သို့လိုင်းဆွဲအား ပိုမိုကောင်းမွန်သော နောက်ဆုံးပေါ် WiFi နည်းပညာ၊ လက်ဗွေလုံခြုံရေး စနစ်များပါဝင်မည်ဖြစ်ပြီး ဘက်ထရီ 4,900 mAh နှင့် 7,200 mAh ဘက်ထရီများကို ထည့်သွင်းထားပြီး ဘက်ထရီဖြင့် ၁၁ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်မည့်အပြင် Ultra-Power Saving Mode နည်းပညာသစ် ထောက်ပံ့ပါဝင် မည်ဖြစ်သည်။ အလေးချိန်အနေဖြင့် ၂၉၈ ဂရမ် (၈.၄ လက်မ)၊ ၄၆၇ ဂရမ် (၁၀.၅ လက်မ) ရှိမည်ဖြစ်ပြီး အထူ ၆.၆ မီလီမီတာရှိကြောင်း သိရသည်။


Galaxy Tab S နှင့်အတူ Tab S Simple ကာဗာနှင့်ပါး လွှာသော Bluetooth Keyboard များကိုပါ မိတ်ဆက်ပြသခဲ့ပြီး Galaxy Tab S ကို အရောင်နှစ်မျိုးဖြင့် ထုတ်လုပ် ထားကြောင်း သိရသည်။ တန်ဖိုးမှာ ၈.၄ လက်မကို ၄၅၆,၀၀၀ ကျပ်၊ ၁၀.၅ လက်မကို ၅၃၉,၀၀၀ ကျပ်ဖြင့် ရန်ကုန်တွင် ဇူလိုင်လ ၄ ရက်၌ Samsung Brand Shop များဖြစ်သော ဆူးလေရှိ Cyber City Shop၊ သမိုင်းလမ်းဆုံရှိ Jay Mart Shop (Junction) နှင့်မန္တလေးတွင် ဇူလိုင်လ ၅ ရက်၌ ၇၈ လမ်းရှိ M9 Shop တို့တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဇူလိုင် လ ၇ ရက်မှစတင်၍ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>