7/23/2014

♪ Nvidia က Shield Tablet ကို ကြေညာ ♫

Photo: Nvidia က Shield Tablet ကို ကြေညာ
===========================
 
GPU ထုတ်လုပ်သူ Nvidia က ရှစ်လက်မအရွယ် Shield Tablet ကို ပြသလိုက်ပြီး အမေရိကန်တွင် 16GB WiFi Model ကို ဒေါ်လာ ၂၉၉ ဖြင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ရောင်းချပေးမည် ဖြစ်သည်။ ဗြိတိန်နှင့် ဥရောပတွင် စတာလင်ပေါင် ၂၂၉ ဖြင့် သြဂုတ်လတွင် ရောင်းချပေးမည်ဟု သိရပါသည်။ Nvidia က တက်ဘလက်တွင် ဂိမ်းကစားလျှင် အသုံးပြုနိုင်မည့် Controller ကို ၅၉ ဒေါ်လာ၊ Stand ကို ၃၉ ဒေါ်လာဖြင့် ရောင်းချပေးမည် ဖြစ်သည်။ 

Shield Tablet တွင် 2GB RAM, 1920x1080 Pixel Display , 128GB အထိဝင်ဆန့်သည့် MicroSD Card Slot , 5 MP Front Camera, 5 MP Autofocus Rear Camera နှင့် Nvidia DirectStylus 2 နည်းပညာကို အခြေပြုထုတ်လုပ်ထားသည့် ကညစ်တံပါရှိပါသည်။ Tegra K1 Processor မောင်းနှင်မည် ဖြစ်သည်။ ဘက်ထရီသက်တမ်းမှာ ဗီဒီယိုများကြည့်လျှင် ဆယ်နာရီ အသုံးခံပြီး ဂိမ်းကစားလျှင် ၃ နာရီမှ ၅ နာရီ အသုံးခံပါသည်။ 32GB LTE အမျိုးအစားကို ဒေါ်လာ ၃၉၉ ဖြင့်ရောင်းချမည် ဖြစ်သည်။ 

Android 4.4.3 KitKat ကို မောင်းနှင်မည် ဖြစ်ပြီး Twitch ပါရှိသဖြင့် ဂိမ်းကစားမှုများကို အင်တာနက်တွင် ပြသနိုင်မည် ဖြစ်သည်။ တက်ဘလက်နှင့် တီဗီကို ချိတ်ဆက်လျှင် Console Mode အဖြစ်ပြောင်းလဲသွားမည် ဖြစ်ပြီး 1080p ရုပ်ထွက်များကို တီဗီတွင် ပြသပေးမည် ဖြစ်သည်။
အခြား App များအနေဖြင့် 1080p ရုပ်ရှင်များကို ကြည့်နိုင်သည့် Netflix, Hulu Plus, ဂိမ်းများကို Record လုပ်နိုင်သည့် Shadowplay, PC Game များကို တက်ဘလက်သို့ ထုတ်လွှင့်နိုင်သည့် Gamestream နှင့် The Talos Principle, Half Life 2 , War Thunder စသည့် ဂိမ်းများအပါအ၀င် ဂိမ်းများစွာ ကစားနိုင်မည် ဖြစ်သည်။ ထို့အပြင် အွန်လိုင်းဂိမ်းများလည်း ကစားနိုင်မည် ဖြစ်သည်။ 

ဂိမ်းလက်ကိုင်တွင် ဂိမ်းကစားရန် ခလုတ်များအပြင် Analogue ခလုတ်လည်းပါရှိပါသည်။ Android ၏ Home နှင့် Back Buttons များပါရှိပါသည်။ အောက်ခြေတွင် Touchpad ပြီး ဂိမ်းကစားရာတွင် Mouse အဖြစ်သုံးနိုင်ပါသည်။ Headset ၏ အသံကို ထိန်းညှိနိုင်သည့် ခလုတ်များ အပြင် တက်ဘလက်ကို Google Now ဖြင့် ထိန်းချုပ်နိုင်သကဲ့သို့ ဂိမ်းကစားရာတွင် Video Chat ပြုလုပ်နိုင်သည့် မိုက်ကရိုဖုန်းပါရှိပါသည်။ 
ဂိမ်းလက်ကိုင်က Bluetooth ကို မသုံးဘဲ ၀ိုင်ဖိုင်ကို သုံးပြီး တက်ဘလက်နှင့် ချိတ်ဆက်မည် ဖြစ်သည်။ တက်ဘလက်ကို ဂိမ်းလက်ကိုင်လေးခုအထိ ချိတ်ဆက်နိုင်ပါသည်။ ဂိမ်းလက်ကိုင်ကို လက်ရှိရောင်းချနေသော Shield Portable နှင့် တွဲဖက်အသုံးပြုနိုင်ရန် Software Update ဖြင့် ပြုလုပ်ပေးမည် ဖြစ်သည်။

GPU ထုတ်လုပ်သူ Nvidia က ရှစ်လက်မအရွယ် Shield Tablet ကို ပြသလိုက်ပြီး အမေရိကန်တွင် 16GB WiFi Model ကို ဒေါ်လာ ၂၉၉ ဖြင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ရောင်းချပေးမည် ဖြစ်သည်။ ဗြိတိန်နှင့် ဥရောပတွင် စတာလင်ပေါင် ၂၂၉ ဖြင့် သြဂုတ်လတွင် ရောင်းချပေးမည်ဟု သိရပါသည်။ Nvidia က တက်ဘလက်တွင် ဂိမ်းကစားလျှင် အသုံးပြုနိုင်မည့် Controller ကို ၅၉ ဒေါ်လာ၊ Stand ကို ၃၉ ဒေါ်လာဖြင့် ရောင်းချပေး မည် ဖြစ်သည်။

Shield Tablet တွင် 2GB RAM, 1920x1080 Pixel Display , 128GB အထိဝင်ဆန့်သည့် MicroSD Card Slot , 5 MP Front Camera, 5 MP Autofocus Rear Camera နှင့် Nvidia DirectStylus 2 နည်းပညာကို အခြေပြုထုတ်လုပ်ထားသည့် ကညစ်တံပါရှိပါသည်။ Tegra K1 Processor မောင်းနှင်မည် ဖြစ်သည်။ ဘက်ထရီသက်တမ်းမှာ ဗီဒီယိုများကြည့်လျှင် ဆယ်နာရီ အသုံးခံပြီး ဂိမ်းကစားလျှင် ၃ နာရီမှ ၅ နာရီ အသုံးခံ ပါသည်။ 32GB LTE အမျိုးအစားကို ဒေါ်လာ ၃၉၉ ဖြင့်ရောင်းချမည် ဖြစ်သည်။

Android 4.4.3 KitKat ကို မောင်းနှင်မည် ဖြစ်ပြီး Twitch ပါရှိသဖြင့် ဂိမ်းကစားမှုများကို အင်တာနက်တွင် ပြသနိုင်မည် ဖြစ်သည်။ တက်ဘလက်နှင့် တီဗီကို ချိတ်ဆက်လျှင် Console Mode အဖြစ်ပြောင်းလဲသွားမည် ဖြစ်ပြီး 1080p ရုပ်ထွက်များကို တီဗီတွင် ပြသပေးမည် ဖြစ်သည်။ အခြား App များအနေဖြင့် 1080p ရုပ်ရှင်များကို ကြည့်နိုင်သည့် Netflix, Hulu Plus, ဂိမ်းများကို Record လုပ်နိုင်သည့် Shadowplay, PC Game များကို တက်ဘလက်သို့ ထုတ်လွှင့်နိုင်သည့် Gamestream နှင့် The Talos Principle, Half Life 2 , War Thunder စသည့် ဂိမ်းများအပါအ၀င် ဂိမ်းများစွာ ကစားနိုင်မည် ဖြစ်သည်။ ထို့အပြင် အွန်လိုင်းဂိမ်းများလည်း ကစားနိုင်မည် ဖြစ်သည်။

ဂိမ်းလက်ကိုင်တွင် ဂိမ်းကစားရန် ခလုတ်များအပြင် Analogue ခလုတ်လည်းပါရှိပါသည်။ Android ၏ Home နှင့် Back Buttons များပါရှိပါသည်။ အောက်ခြေတွင် Touchpad ပြီး ဂိမ်းကစားရာတွင် Mouse အဖြစ် သုံးနိုင်ပါသည်။ Headset ၏ အသံကို ထိန်းညှိနိုင်သည့် ခလုတ်များ အပြင် တက်ဘလက်ကို Google Now ဖြင့် ထိန်းချုပ်နိုင်သကဲ့သို့ ဂိမ်းကစားရာတွင် Video Chat ပြုလုပ်နိုင်သည့် မိုက်ကရိုဖုန်းပါရှိပါသည်။ ဂိမ်းလက်ကိုင်က Bluetooth ကို မသုံးဘဲ ၀ိုင်ဖိုင်ကို သုံးပြီး တက်ဘလက်နှင့် ချိတ်ဆက်မည် ဖြစ်သည်။ တက်ဘလက်ကို ဂိမ်းလက်ကိုင်လေးခုအထိ ချိတ်ဆက်နိုင်ပါသည်။ ဂိမ်းလက်ကိုင်ကို လက်ရှိရောင်း ချနေသော Shield Portable နှင့် တွဲဖက်အသုံးပြုနိုင်ရန် Software Update ဖြင့် ပြုလုပ်ပေးမည် ဖြစ်သည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>