ရန်ကုန်၊ ဇူလိုင် ၁၈- မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်
ဂျပန်နိုင်ငံမှ ဆက်သွယ် ရေးအော်ပရေတာ များနှင့် ပူးပေါင်းနိုင်ခဲ့
သည့်အတွက် အူရီဒူးနှင့်တယ်လီနော ဆက် သွယ်ရေးအော်ပရေတာများကို ယှဉ်ပြိုင်နိုင်ရန် အပြည့်အဝယုံကြည်ထားကြောင်း ဆိုသည်။
''အခုထက်ပိုကောင်းတဲ့ ဝန်ဆောင် မှုတွေပေးနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်သွား မှာပါ။ အူရီဒူးနဲ့ တယ်လီနော တို့ကိုလဲယှဉ် ပြိုင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်မှုရှိပါတယ်''ဟုဆယ်သွယ်ရေးဝန်ကြီးဌာနမှ အ ထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ဇူ လိုင် ၁၆ ရက်တွင်ပြုလုပ်ခဲ့သည့် KDDI, Sumitomo Corporation နှင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းတို့၏ သဘောတူ စာချုပ် ချုပ်ဆိုပွဲတွင် ပြောကြားသည်။ ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးအော် ပရေတာများနှင့် ပူးပေါင်းနိုင်ခဲ့သည့်အတွက် ဖုန်းဆင်းမ်ကတ်များကို ခွဲတမ်းနှင့် မဟုတ် တော့ဘဲ အဆင်ပြေစွာနှင့် အချိန်မရွေးဝယ် ယူနိုင်ရန် ဆောင်ရွက်ပေးမည်ဟုလည်း ၄င်း ကဆိုသည်။

''တစ်လတစ်ကြိမ် ဆင်းမ်ကတ် တွေ မဲဖောက်ပေးနေရတာက ဆင်းမ်ကတ် အရေအတွက်နဲ့ လိုအပ်ချက်က မမျှလို့ ခွဲ တမ်း ချပေးနေရတာပါ။ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက်လဲ အခုလို ကုမ္ပဏီ ကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပါ တယ်။ ဒါကြောင့်ခွဲတမ်းနဲ့ မဟုတ်တော့ဘဲ လိုရင် လိုသလို နေရာမရွေး အဆင်ပြေပြေ လွယ်လွယ်ကူကူ ဝယ်နိုင်မယ့်အနေအထား မျိုးကို လုပ်ဆောင်ပေးပါ့မယ်။ ရောင်းချမယ့် ကာလကိုလဲ အမြန်ဆုံးဖြစ်အောင် လုပ်နေ ပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။ ယင်းအပြင် အင်တာနက်လိုင်း များ ကောင်းမွန်လာစေရန် အမြန်ဆုံးဆောင် ရွက်နေကြောင်းလည်းဆို သည်။ ''အင်တာ နက်လိုင်းကို အမြန်ဆုံး ပိုမိုကောင်းမွန်တဲ့ Quality ရအောင် လုပ် ပေးမယ်။ အမြန် ဆုံး ဆောင်ရွက်သွားမှာ ပါ''ဟု ဦးခင်မောင်ထွန်းက ပြောသည်။
KDDI , Sumitomo Corporation နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့သည်
ပထမအဆင့်အနေဖြင့် ၁ဝ နှစ် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်
နှံမှုတန်ဖိုးအဖြစ် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂ဝဝဝ ရှိကြောင်း သိရသည်။ ''ပထမအဆင့်အနေနဲ့ကတော့ ၁ဝ နှစ်ပေါ့။ ပြီးရင်လဲ ဆွေးနွေးညှိနှိုင်းပြီး ဆက် လုပ်သွားမှာပါ''ဟု KDDI ဥက္ကဋ္ဌ တဂျီးမားက ပြောသည်။ ကမ္ဘာပေါ်ရှိ ဆယ်သွယ်ရေး အော်ပရေတာ ၈ဝဝတွင် ၄င်းတို့မှာ အဆင့် ၁၁ တွင် ရှိကြောင်း ယင်းကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း က
ကာတာအခြေစိုက် အူရီဒူးနှင့် နော်ဝေ အခြေစိုက် တယ်လီနောဆက်သွယ်ရေး ကုမ္ပ
ဏီများကို ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်များ ချထားပေးခဲ့ သည်။ မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုကဲ့သို့ ပြည်ပ ကုမ္ပဏီတစ်ခုနှင့်
ပူးပေါင်းဆောင် ရွက်ခြင်း မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အမှားအ
ယွင်းမရှိအောင် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများ က ဆိုသည်။