7/05/2014

♪ တရားဝင်အာမခံဖြင့် LG G3 အလုံးရေ ၁၀၀ ကို ကျပ်တစ်သိန်း Discount ဖြင့်ရောင်းချမည် ♫


ကိုရီးယားအီလက်ထရွန်းနစ် ကုမ္ပဏီတစ်ခုဖြစ်သော LG မှ LG G3 စမတ်ဖုန်းသစ် စတင်မိတ်ဆက်ခြင်း အစီအစဉ်အဖြစ် တရားဝင်အာမခံ ပါဝင်သော G3 အလုံးရေ ၁၀၀ ကို ကျပ်တစ်သိန်းအထူး Discount ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ Discount အစီအစဉ်ကို ဇူလိုင်လ ၆ ရက်တစ်ရက် တည်းသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း LG ၏ တရားဝင်တင်သွင်းခွင့်ကိုယ်စားလှယ်တစ်ဦးဖြစ်သော NMC (New Myanmar Channel) Co., Ltd မှ သိရသည်။  ပရိုးမိုးရှင်းအစီအစဉ်ကို ရန်ကုန်၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ တောင်ကြီးတစ်ပြိုင်နက် တည်းပြုလုပ်သွားမည်ဖြစ်ပြီး ဦးရာလူစနစ်ဖြင့် G3 စမတ်ဖုန်း မူရင်းတန်ဖိုး ၆၄၉,၀၀၀ ကျပ် အစား ၅၄၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ အထက်ပါမြို့များရှိ LG ၏ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်များတွင်သာ ဝယ်ယူနိုင်မည်ဖြစ်ပြီး အရေအတွက် ကန့်သတ် ထားကြောင်းသိရသည်။  အရောင်းကိုယ်စားလှယ်ဆိုင်များမှာ Win Mobile World (ရန်ကုန်)၊ Laser (နေပြည်တော်)၊ Mobile 1 (မုံရွာ)၊ Wise Power (ပြည်)၊ NSM (ပြည်) နှင့် iAngle (တောင်ကြီး) ဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး အဖြူ၊ အနက်၊  အရောင် ၂ မျိုး ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။  LG G3 စမတ်ဖုန်းသည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G/LTE စနစ်များထိ ထောက်ပံ့လုပ်ဆောင်ပေးကြောင်း သိရသည်။ သာမန်ထက်သာလွန်ကောင်းမွန်သော 534ppi 4xQuadHD IPS အမျိုးအစား ၅.၅ လက်မ Display၊ 2.5GHz Krait 400 အမျိုးအစား Quad-Core CPU ၊ RAM 2GB/3GB ၊ သိုလှောင်မှုပမာဏ 16GB (up to 128GB) ၊ OIS+ Laser AF ကင်မရာနည်းပညာသစ် အသုံးပြုထားသော 13MP  နောက်ကင်မရာနှင့် 2.1MP ရှေ့ကင်မရာများနှင့် Smart Keyboard, Smart Notice, Knock Code, Guest Mode စသည့် စမတ်လုပ်ဆောင်များ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။ Android OS 4.4.2 (Kit Kat) အမျိုးအစားကို ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>