နာမည်ကြီး Electronic ကုမ္ပဏီတစ်ခုဖြစ်သည့် LG က ၎င်းကုမ္ပဏီ ၏ နောက်ဆုံးပေါ် တန်းမြင့် စမတ်ဖုန်းတစ်လုံးဖြစ်သည့် LG G3 ၏ Min ဗာရှင်းဖုန်းတစ်လုံးဖြစ်လာမည့် စမတ်ဖုန်းတစ်လုံးကိုထုတ်လုပ် သွားတော့မည်ဖြစ်ကြောင်းသိရသည်။
LG G3 Beat ဟု နာမည်ပေးထားသော အဆိုပါစမတ်ဖုန်းသည် အရှေ့ကထွက်ရှိခဲ့သော HTC One Mini 2 , Samsung S5 Mini စသည့် စမတ်ဖုန်းများနှင့် အပြိုင်လိုက်ပြီး ထွက်ရှိလာမှာဖြစ်ပြီး ထူးခြားချက် အနေနဲ့ ယခုထွက်ရှိလာမည့် LG G3 Beat က 720p အရည်အသွေးထုတ်ပေးနိုင်သည့် ၅ လက်မ မျက်နှာပြင်ဖြင့် ထွက်ရှိလာမည်ဆိုသည့် သတင်းပင် ဖြစ်သည်။
ယင်းပမာဏသည် HTC One M8 နှင့် အရွယ်အစားချင်း ဆင်တူနေပေမဲ့ LG က မျက်နှာပြင်အရည်အသွေး နိမ့်ပြီး ၄.၅ လက်မမျက်နှာပြင် အရွယ်အစားဖြင့်လည်း LG G3 Beat ကို နှစ်မျိုးခွဲခြား ထုတ်လုပ်သွားမည် ဟုလည်း သတင်းထွက်ပေါ် လာသည်။
ယင်း LG G3 Beat တွင် 1.2GHz Quad-core Snapdragon 400 Processor , 1GB RAM , 8GB Internal Storage , MicroSD Slot နှင့် Android 4.4 KitKat တို့ဖြင့် ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် LG G3 Beat တွင် Laser Focus စနစ်သုံးထားသည် 8MP ကင်မရာတစ်လုံးကို ကျောဖက်မှာ ထည့်ပေးထားပြီး 1.3MP Resolution ရှိ အရှေ့ဘက် ကင်မရာတစ်လုံးလည်း ပါရှိသည်။
ဘက်ထရီကိုတော့ 2540mAh ပမာဏကို ထည့်ပေးထားမှာဖြစ်ပြီး ယင်းပမာဏသည် HTC နှင့် Samsung တို့ထပ်ပိုမိုများပြားသည်ဟုဆိုသည်။
လက်ရှိတွင် LG G3 ကို ဇူလိုင်လ (၁၈) ရက်နေ့တွေတွင် တောင်ကိုရီးယား တွင် စတင်မိတ်ဆက်ပေးသွား မည်ဖြစ်ပြီး ဈေးနှုန်းကို မသိရှိရသေးပေးမဲ့ LG G3 Beat ဟာ အလယ်အလတ်တန်းစား စမတ်ဖုန်း တွေထဲမှာ အကောင်းဆုံးသော စမတ်ဖုန်းဖြစ်မည်ဟု ထင်ကြေးပေးပြောဆိုနေကြသည်။
Ref:Techradar
Wai Phyo Aung (TSJ Team)