7/01/2014

♪ ဆမ်ဆောင်း Galaxy Tab S များ ဇူလိုင် ၄ ရက်တွင် စတင်ရောင်းချမည် ♫


ဆမ်ဆောင်းကုမ္ပဏီမှ အသစ်ထွက်ရှိသည့် ဆမ်ဆောင်း Galaxy Tab S ကို ဇူလိုင် ၄ ရက် ၅ ရက်များတွင် ဆမ်ဆောင်းအရောင်းပြခန်းသုံးခု၌ စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး 2NE1 ရှိုးပွဲလက်မှတ်များလည်း ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ဆမ်ဆောင်း Galaxy Tab S ကို ဇူလိုင် ၇ ရက်တွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းချသွားမည်ဖြစ်သော်လည်း ဇူလိုင် ၄ ရက်တွင် ရန်ကုန်မြို့ဆူးလေနှင့် သမိုင်းလမ်းဆုံရှိဆမ်ဆောင်းအရောင်းပြခန်းများတွင် တစ်ဆိုင်လျှင် အလုံးရေ ၅၀၊ ဇူလိုင် ၅ ရက်တွင် မန္တလေး ၇၈ လမ်းရှိ အရောင်းပြခန်းတွင် အလုံး ၅၀ ဖြင့် အလုံးရေ ၁၅၀ စတင်ရောင်းချပေးမည်ဖြစ် ကြောင်း ဆမ်ဆောင်း မြန်မာပြည်ရုံးချုပ်မှ ကိုယ်စားလှယ် ကိုဇာနည်ဝင်းထက်က ပြောသည်။
‘‘လက်ရှိမှာတော့ ပြည်တွင်းကို ပစ္စည်းမရောက်သေးပါဘူး။ ၇ ရက်ကျမှ ဆမ်ဆောင်း Shown room တွေနဲ့ တခြားကိုယ်စားလှယ်ဆိုင်တွေမှာ ၀ယ်ယူနိုင်မှာ ပါ။ ၄ ရက်နဲ့ ၅ ရက်ကတော့ အလုံး ၁၅၀ ကိုပဲ ပရိုမိုးရှင်းအနေနဲ့ ဆိုင်သုံး ဆိုင်မှာ ရောင်းပေးမှာပါ။ တကယ်ရောင်းပေးမယ့်အချိန်မှာတော့ အလုံးရေကန့်သတ်ထားတာမရှိသလို မှာစရာမလိုဘဲဝယ်ယူနိုင် မှာပါ’’ ဟု ၎င်းက ပြောသည်။
ဇူလိုင် ၄ ရက်နှင့် ၅ ရက်များတွင် ဆိုင်သုံးဆိုင်၌လာ ရောက်ဝယ်ယူသည့် ၅၀ ဦးနှင့် ပထမဦးဆုံးဝယ်ယူနိုင်သူတစ်ဦးကို သြဂုတ် ၂ ရက်တွင် ကျင်းပမည့် Kpop အဆိုတော်2NE1 ရှိုးပွဲလက်မှတ် နှစ်စောင်စီနှင့်ကျပ်သုံးသောင်းတန်ငွေဖြည့်ကတ် အပြင် Tab S ကို ၅၀၀၀ ကျပ်လျှော့၍ရောင်းချမည်ဖြစ်ပြီး အခြားသော ၄၉ ဦးကို ရှိုးပွဲလက်မှတ် တစ်စောင်စီ၊ သုံးသောင်းတန် ငွေဖြည့်ကတ်နှင့် ၅၀၀၀ ဈေးလျှော့ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။
ဆမ်ဆောင်း Galaxy Tab S မှာ ၈ ဒသမ ၄ လက်မနှင့် ၁၀ ဒသမ ၅ လက်မ နှစ်မျိုးရှိပြီး ၈ ဒသမ ၄ လက်မ ကို ၄၅၆,၀၀၀ ကျပ်၊ ၁၀ ဒသမ ၅ လက်မကို ၅၃၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ရာ အရောင်နှစ်မျိုးရရှိမည်ဖြစ်ကြောင်း သိရသည်။
ဆမ်ဆောင်း Galaxy Tab S မှာ ရုပ်သံနှင့် ဗီဒီယိုများကို ပြင်ပတွင် မျက်လုံးဖြင့် မြင်နိုင်သကဲ့သို့ ၉၄ ရာခိုင်နှုန်းရရှိမှာဖြစ် ပြီး ယခင်ရောင်းချပေးထားသည့် ဆမ်ဆောင်း S5 ကဲ့သို့ပင် WiFi စနစ်နှစ်မျိုးပါဝင်မည်ဖြစ်ရာ လိုင်းဆွဲအား ပိုမိုကောင်းမွန်နိုင် ပြီး လက်ဗွေဖြင့် ဖွင့်ပိတ်နိုင်မည့် စနစ်များလည်း ပါဝင်မည်ဖြစ် ကြောင်း သတင်းရရှိသည်




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>