7/01/2014

♪ Galaxy စမတ်ဖုန်းသစ်များကို Samsung မိတ်ဆက်ပြသ ♫



ဈေးနှုန်းသက်သာသည့် Galaxy စမတ်ဖုန်းများကို ဝယ်ယူလိုသူများအတွက် Samsung က Galaxy စမတ်ဖုန်းသစ် ၄ မျိုးကို မိတ်ဆက်ပေးခဲ့သည်။     Samsung က မိတ်ဆက်ပေးခဲ့သည့် စမတ်ဖုန်းအသစ်များမှာ Galaxy Core II, Galaxy Star 2, Galaxy Ace 4 နှင့် Galaxy Young 2 တို့ဖြစ်သည်။ ၎င်းစမတ်ဖုန်းများတွင် ပါဝင်သည့် display များသည် Galaxy S5 ထက် အရွယ်သေးငယ်သလို ပရိုဆက်ဆာ စွမ်းဆောင်ရည်လည်း နိမ့်သည်။ သို့သော်လည်း အဆိုပါ စမတ်ဖုန်းသစ်များတွင် Google ၏ မိုဘိုင်း operating system နောက်ဆုံးဗားရှင်း ဖြစ်သော Android 4.4 KitKat ကို အသုံးပြုထားသည်။     တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ၏ ထိပ်တန်း ပြိုင်ဘက်ဖြစ်သော Apple သည် iPhone အမျိုးအစားသစ်များ ထုတ်လုပ်ရန် စီစဉ်နေချိန်တွင် ဈေးကွက်ရှယ်ယာများကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် မတူကွဲပြားသည့် ထုတ်ကုန်များကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ကျန်းမာရေး ခြေရာခံစနစ်များ ပါဝင်ပြီး ရေစိုဒဏ်နှင့် အကြမ်းဒဏ်ခံနိုင်သော Galaxy S5 Sport ကို Sprint က မိတ်ဆက်ပေးခဲ့သည်။     Samsung က မိတ်ဆက်ပေးခဲ့သည့် Galaxy စမတ်ဖုန်းသစ်များ အနက် Galaxy Core II သည် စွမ်းဆောင်ရည် မြင့်မားပြီး ၎င်းတွင် ၄.၅ လက်မ display နှင့် 1.2GHz quad-core ပရိုဆက်ဆာတို့ ပါဝင်သည်။     Ace 4 တွင် ၄ လက်မ display ပါဝင်ပြီး dual-core 1.2GHz သို့မဟုတ် dual-core 1.0GHz ပရိုဆက်ဆာတို့ဖြင့် ရရှိနိုင်သည်။ Young 2 နှင့် Star 2 တွင် single-core 1.0GHz ပရိုဆက်ဆာနှင့် ၃.၅ လက်မ display တို့ကို အသုံးပြုထားသည်။

Ref: CNET
Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>