မိုဘိုင်းဈေးကွက်ထဲသို့ CDMA 800MHz အသုံးပြုသူတွေ အတွက် Huawei
အမှတ်တံဆိပ် H882L မော်ဒယ်ဖြင့် ဟန်းဆက် တစ်မျိုး ဝင်ရောက်လာပါတယ်။ Dual
Core 1.2GHz Krait CPU နဲ့ Adreno 305-GPU ထည့်သွင်း အသုံးပြုထားပါတယ်။ RAM
1GB ထည့်သွင်း အသုံးပြုထားပြီး Internal Storage Memory အနေဖြင့် 4GB
ပါဝင်ပါတယ်။ Micro SD Card ဖြင့် 32GB အထိ ထပ်တိုး အသုံးပြုနိုင်ပါတယ်။
Accelerometer Sensor, Proximity Sensor, Light, Compass Sensor တွေ ထောက်ပံ့ပါဝင်ပါတယ်။ Android v4.1.1 Jelly Bean OS ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ၄ လက်မ အရွယ်အစားရှိတဲ့ Capacitive Touch Screen, 16M Color Display ကို အသုံးပြုထားပါတယ်။ အကြမ်းခံနိုင်စေဖို့အတွက်လည်း Gorilla Glass 2 ကို ထပ်မံအုပ်ပေးထား ပါတယ်။ နောက်ကျောဘက်မှာ 5MP အ ဆင့်ရှိတဲ့ ကင်မရာ ပါဝင်ပါတယ်။ 1750 mAh ရှိတဲ့ Li-Ion ဘက်ထရီကို အသုံးပြုထား တဲ့အတွက် Stand by အနေနဲ့ ၁၅ ရက်ကျော်ထားနိုင်ပြီး ၁၁ နာရီ ဆက်တိုက်ပြောဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 127 x 64 x 12 mm ဖြစ်ပြီး အလေးချိန်က 140g ရှိပါတယ်။ Golden Arrow ဖုန်း - ၀၉၄၃၁၁၀၉၀၅ မှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
ကျော်ဇေယျ