7/02/2014

♪ ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းများ မြင့်တက်လာ ♫


ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းသည် ပုံမှန် မြင့်တက်လာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်း cloud ဝန်ဆောင်မှု ကုမ္ပဏီ Akamai က ဖော်ပြခဲ့သည်။     Akamai ကုမ္ပဏီ၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ ပျှမ်းမျှ အင်တာနက် အမြန်နှုန်းသည် ပြီးခဲ့သည့် သုံးလပတ်က ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်းသည် 10.5 Mbps သာရှိပြီး စစ်တမ်း ကောက်ယူခဲ့သည့် နိုင်ငံ ၉၈ နိုင်ငံအနက် အဆင့် ၁၂ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။     ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အမြန်ဆုံး နိုင်ငံများစာရင်းတွင် တောင်ကိုရီးယားက ပျှမ်းမျှ အမြန်နှုန်း 23.6 Mbps ဖြင့် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဂျပန်က ဒုတိယ၊ ဟောင်ကောင်က တတိယ၊ ဆွဇ်ဇာလန်က စတုတ္ထ၊ နယ်သာလန်က ပဉ္စမ၊ လတ်ဗီးယားက ဆဋ္ဌမ၊ ဆွီဒင်က သတ္တမ၊ ချက်သမ္မတနိုင်ငံက အဋ္ဌမ၊ ဖင်လန်က နဝမနှင့် အိုင်ယာလန်က ဒသမ စသည်ဖြင့် အသီးသီးရပ်တည်ခဲ့ကြသည်။ ဆူဒန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှုမှာ အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၁၉၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ အမြန်နှုန်း 3.2 Mbps ရှိခဲ့သည်။


Akamai သည် အင်တာနက် အမြန်နှုန်းကို တိုင်းတာရာတွင် နိုင်ငံများ၏ 4K ဗီဒီယို အသုံးပြုနိုင်မှု၊ မိုဘိုင်း အင်တာနက်အမြန်နှုန်းများနှင့် broadband အသုံးပြုမှုနှုန်းတို့ အပါအဝင် အခြားသော ရှုထောင့်များမှ တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံများ၏ မိုဘိုင်းအင်တာနက် အမြန်နှုန်း ကွဲပြားသည်ကို တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။     ထို့အပြင် မိုဘိုင်းအချက်လက်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ အရေအတွက်သည် မြင့်တက်လာလျက်ရှိပြီး ၂၀၁၃ ခုနှစ် စတုတ္ထ သုံးလ ပတ်မှ ၂၀၁၄ ခုနှစ် ပထမ သုံးလပတ်အတွင်း အင်တာနက် အသုံးပြုသူ ၁၅ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Ref: Mashable
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>