5/29/2014

♪ HP 7Plus Tablet ကို ၉၉ ဒေါ်လာဖြင့် HP ရောင်းချမည်။ ♫



HP သည်မျက်နှာပြင် အရွယ်အစားနှင့် ဘေးဘောင်ကြီးမားလှသည့် HP 7 Plus tablet ကိုအမေရိကန်နိုင်ငံတွင် ၉၉ ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။     HP ကအစောပိုင်း ထုတ်လုပ်ထားသည့် Android tablet များသည်ဖွံ့ဖြိုးဆဲဒေသများနှင့် အလားအလာရှိသည့်ဈေးကွက် များကိုသာ ဦးတည်ထုတ်လုပ်ထားခြင်းဖြစ်သည်။ HP သည်အဆိုပါ ဈေးကွက်တွင် အောင်မြင်မှုများရရှိနေပြီး ယခုထုတ်ကုန်တွင် ပြောင်းလဲမှုအနည်းငယ်ကို ပြုလုပ်ထားကြောင်းသိရသည်။ HP 7 Plus tablet တွင် ၇ လက်မ မျက်နှာပြင်ပါဝင်ပြီး resolution 1024x600 အသုံးပြုထားသည်။ Allwinner Technology မှထောက်ပံ့ထားသည့် 1GHz A31 quad-core ပရိုဆက်ဆာအပြင် Power VR SGX544MP2 GPU နှင့် RAM 1GB အသုံးပြုထားသည်။     ထို့အပြင် HP 7 Plus တွင် storage 8GB, microSD ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး ကျောဘက်ကင်မရာတွင် 2MP နှင့်ရှေ့ကင်မရာတွင် 0.3 MP ပါဝင်သည်။ ၎င်း tablet တွင် 4.2.2 Jelly Bean OS ကိုအသုံးပြုထားပြီး Micro USB 2.0 နှင့်ငါးနာရီအထိ တောက်လျှောက်အသုံးပြုနိုင်သည့် 2800 mAh ဘက်ထရီကိုလည်း သုံးထားသည်။

စိုးထက်
Ref: TechCruch


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>