2/22/2014

ဗြိတိန်မှာထုတ်တဲ့ 4G စမတ်ဖုန်း Thunder 2 ထွက်ရှိ






တစ်ချိန်တုန်းက HTC မှာ အမှုဆောင် အရာရှိ အဆင့်နဲ့ လုပ်ကိုင်ခဲ့တဲ့ ၂ ဦးက ဗြိတိန်နိုင်ငံမှာ Kazam အမည်ရ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီ တစ်ခုကို စတင် တည်ထောင်ခဲ့ပါတယ်။ အရင်နှစ်တုန်းကမှ ဖြစ် ပါတယ်။ ယခုတော့ ဒုတိယမြောက် မျိုးဆက် စမတ်ဖုန်း ဖြစ်တဲ့ Thunder 2 ကိုတောင် မိတ်ဆက်နေပါပြီ။ ဥရောပ ဈေးကွက်ကို လွမ်းမိုးနိုင်ဖို့ အတွက် 4G enabled စမတ်ဖုန်း ဖြစ်အောင် ဖန်တီးထားကြောင်း သိရ ပါတယ်။ ၄.၅ လက်မ အရွယ် ဖုန်းနဲပ ၅ လက်မ အရွယ် ဖြစ်ပါတယ်။ ၄.၅ လက်မ အရွယ် စမတ်ဖုန်းက 1.2 GHz quad core processor ပါဝင်ပြီး RAM က 1GB ရှိပါတယ်။ Storage က 8GB ရှိပါတယ်။ screen resolution က 800x480 ရှိပါတယ်။ ကင်မရာက 8 megapixel ရှိပါတယ်။ Android 4.3 OS ကို အသုံးပြု ထား ပါတယ်။ ၅လက်မ အရွယ် ဗားရှင်း ကတော့ 1.3GHz quad core processor ကို အသုံးပြု ထားပြီး Storage 4GB ရှိပါတယ်။ 1920x720 resolution ရှိပြီး ကင်မရာက 13 Megapixel ရှိပါတယ်။ ရှေ့ကင်မရာ ကလည်း ထူးထူးခြားခြား 5 Megapixel ပါဝင် ပါတယ်။ Android 4.2 နဲ့ပဲ ထွက်ရှိတာ ဖြစ်ပါတယ်။ Kazam အနေနဲ့ အထက်ပါ Thunder 2 တင် မကပဲ Trooper 2 အမည်နဲ့ လည်း ဈေးသက်သာ စမတ်ဖုန်း ၄ မျိုးကိုလည်း ထုတ်ဖော်ပြသ အုံးမှာ ဖြစ် ပါတယ်။ Kazam အနေနဲ့ Thunder 2 နဲ့ Trooper 2 ကို Mobile World Congress မှာ ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရ ပါတယ်။


Ref&Credit;smart pro journal

Thihahtike

thihahtike.it@gmail.com

Welcome From My Blog






















ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download