2/28/2014

Hacker ဖြစ်ချင်သလား ??



(၁) အခကြေးငွေယူပြီး software ကို hack ပေးတဲ့ site တွေ ဒါမှမဟုတ် အခကြေးငွေယူပြီး email ID ကို hack ပေးဖို့ ကမ်းလှမ်းလာသူတွေကို ဘယ်တော့မှ မယုံကြည်ပါနဲ့... ဒီလိုအရာအားလုံးဟာ span တွေဖြစ်ပါတယ်... သင့်အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး...

(၂) facebook, Google, Yahoo နဲ့ တခြား web site တွေကို တိုက်ရိုက် hack နိုင်တဲ့ software မျိုးမရှိပါဘူး... အဲ့ဒီလို လုပ်ပေးမယ့် software တွေအားလုံးဟာ scam တွေပါပဲ... ဒီ software တွေဟာ သင့်ဆီကပိုက်ဆံလိမ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး အဆိုးဆုံးအနေနဲ့ အဲ့ဒီ software တွေထဲမှာ Trojan တွေ ဒါမှမဟုတ် keylogger တွေပါလာနိုင်ပါတယ်... တခြားသူရဲ့အကောင့်ကို hack ဖို့ ကြိုးစားရင်း သင့်အကောင့် hack ခံရဖို့သာ များပါတယ်...
 

(၃) အင်တာနက်ကနေ အလကားရတဲ့ keylogger တွေ ဒါမှမဟုတ် Trojan တွေကို ဘယ်တော့မှမသုံးပါနဲ့... hacker တွေက keylogger တွေ Trojan တွေနဲ့အတူ တခြား software တွေကို ပေါင်းထားပါလိမ့်မယ်... သင် install လုပ်လိုက်တာနဲ့ တခြားသူကို hack မလုပ်ခင် သင်အရင်ဆုံး hack လုပ်တာခံလိုက်ရပါမယ်....
 

(၄) သင်က programming နဲ့ scripting languages တွေအကြောင်း ကောင်းကောင်းမသိဘဲနဲ့ ဘယ်တော့မှ hacker တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး... သင်က ready made software တွေကိုသုံးမယ်ဆိုရင် ပြီးတော့ hack ဖို့အတွက် အဲ့ဒါတွေကိုပဲ အားကိုးနေမယ်ဆိုရင် အဲ့ဒီ software ကနေ လုပ်ဆောင်ပေးနိုင်တဲ့ အတိုင်းအတာအတွင်းပဲ သင်လုပ်လို့ရပါလိမ့်မယ်... သင့်ဦးနှောက်ကို အသုံးမပြုဘူးဆိုရင်... copy paste တွေပဲ လုပ်နေတယ်ဆိုရင် ဘယ်တော့မှ hacker တစ်ယောက် ပီပီသသဖြစ်ဖို့ မစဉ်းစားတော့ပါနဲ့...
 

(၅) hacker ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရာမှာ programmer ကောင်းတစ်ယောက်... script writer ကောင်းတစ်ယောက်... web developer ကောင်းတစ်ယောက်နဲ့ security expert ကောင်းတစ်ယောက်ဖြစ်နေရပါမယ်... programming language အမျိုးမျိုးကိုလည်း နှံ့စပ်ကျွမ်းကျင်နေရပါမယ်.ဒါကြောင့် hacker တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်မယ်မထင်ပါနဲ့... တကယ့် hacker ဆိုတာ ကွန်ပျူတာအထူးကျွမ်းကျင်တဲ့ ပါရမီရှင်တွေပါ (ကဲ ဒီ လောက် ဆိုရင်လိုရင်း ကိုသဘောပေါက်မှာပါ (www.sutaunglaysutaung.com )
Ref: Computer Hub