2/27/2014

ခရီးကြမ်းအတွက် Toyota ဖိုးရန်နာ


Toyota 4runner ဆိုတာ နာမည်ရပြီးသား SUV Brand တစ်ခု ပါ။ မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။ အခု ၂၀၁၄ မော်ဒယ် 4runner ကို ဈေးကွက်ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ www.toyota.com မှာလည်း ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
သူ့ရဲ့  ထူးခြားချက်က အကြမ်းခံပြီး မြန်ဆန်မှုပါ။ အကြမ်းခံမယ့် SUV အများစုက Speed ပိုင်းမှာ သိပ်အလေးမပေးပါဘူး။ ယခု မြင်နေရတဲ့ 4Runner ကျတော့ တစ်မျိုးပါ။ အကြမ်းလည်းခံမှုနဲ့ အတူ မြန်ဆန်မှု ကိုလည်း အသားပေးထားတဲ့ ကားမို့ အမည်မှာတောင် Runner တို့ထည့် သွင်းပေးထားခြင်း ဖြစ်ပါ တယ်။ လေးဘီးမောင်း ကားပါ။ ဒါကြောင့် သူ့ရဲ့  နာမည်အပြည့်အစုံ 4Runner ဖြစ်သွားပါတယ်။
ကားအရွယ်အစား ကြီးမားမှုနဲ့အတူ အတွင်းက အင်ဂျင် လည်း ကြီးပါတယ်။ အရွယ်အစား ၄၀၀၀ စီစီ ရှိပြီး ဆလင်ဒါ ၆ လုံးပူး V အင်ဂျင် အမျိုး အစား ဖြစ်ပါတယ်။ မြင်းကောင်ရေ ထုတ်လုပ်မှုအားကတော့ ၂၇၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဂီယာ ၇ ချက်ထိုး အော်တို အမျိုးအစား ဖြစ်ပြီး ဆီစား အသက်သာဆုံး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ www.motors.com.mm/cars/toyota/ သူ့ကို ဝင်ရောက် ရှာဖွေ ကြည့်ရှု နိုင်ပါတယ်။ ငါးဦးဆံ့ပြီး တောကြမ်း ခရီးအတွက် အကောင်းဆုံး ကားအမျိုးအစား တစ်ခုအဖြစ် Toyota မှ ဖြန့်ချိ မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
.