5/30/2013

Satan’s Zombies v1.3.3.2 For Android Game


 Satan’s Zombies ဂိမ်းမှာ သင်ဟာ မကောင်းဆိုးဝါး zombie တွေရဲ့လက်ထဲကနေ အသက်ရှင်လွတ်မြောက် အောင်ထွက်ပြေးရမှာဖြစ်ပါတယ်။ အဝေးပြေးလမ်းမကြီးတလျှောက် ဆိုင်ကယ်မောင်းနှင်ပြီး လမ်းမှာတွေ့သမျှ ရန်သူ မ ကောင်းဆိုးဝါးတွေကို ရှင်းလင်းသုတ်သင်သွားရမှာပါ။ မကောင်းဆိုးဝါးကောင်တွေက သင့်ကို အသည်းအသန်လိုက်လံသတ် ဖြတ်ဖို့ကြိုးစားကြမှာဖြစ်ပြီး သင်ကသူတို့တွေကိုသေနတ်နဲ့ပစ်ခတ်ချေမှုန်းရမှာပါ။ ဆိုင်ကယ်ကို လက်တစ်ဖက်နဲ့ထိန်းမောင်း ရင်း သေနတ်ပစ်ရမှာဖြစ်တဲ့အတွက် ဆိုင်ကယ်ထိန်းတာကျွမ်းကျင်ဖို့လိုပါတယ်။ လမ်းမကြီးတလျှောက်မှာ မကောင်းဆိုးဝါး တွေအပြင် တခြားအတားအဆီးတွေကိုလည်း ၀င်မတိုက်မိအောင် ရှောင်ရှားနိုင်ရအုံးမှာဖြစ်ပါတယ်။ အတားအဆီးတွေက ရှုပ်ထွေးများပြားတဲ့အတွက် ဆိုင်ကယ်မောင်းရတာ တော်တော်လေးအန္တရာယ်များမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ဆိုင် ကယ်သမားတွေကလည်း သင့်ကို တိုက်ခိုက်ဖို့ကြိုးစားကြမှာဖြစ်ပါတယ်။ သူတို့က သင့်ကိုဆိုင်ကယ်ချင်း ဘေးချင်းယှဉ်ဝင် တိုက်ဖို့ကြိုးစားတာကို ရှောင်ရှားပြီး၊ သူတို့ကို ဆိုင်ကယ်မှောက်သွားအောင် ခြေထောက်နဲ့ကန်ကျောက်တာတွေလုပ်ဆောင် နိုင်ပါတယ်။ တခြား မကောင်းဆိုးဝါးဂိမ်းတွေလိုပဲ အဆုံးမရှိပြေးလွှားရမယ့် Endless runner ဂိမ်းတစ်ခုဖြစ်ပေမယ့် ဒီဂိမ်းမှာ က ပိုမိုပြင်းထန်ကြမ်းတမ်းပြီး၊ ကြောက်စရာကောင်းတဲ့သွေးထွက်သံယိုမှုတွေအများကြီးကိုကြုံတွေ့ရပါလိမ့်မယ်။ ရန်သူမ ကောင်းဆိုးဝါးတွေကို ပစ်ခတ်ရာမှာအသုံးချဖို့အတွက် သေနတ်တွေထည့်ပေးထားပါတယ်။ မကေင်းဆိုးဝါး zombie တွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ရင်းနဲ့ ပြိုင်ဘက်ဆိုင်ကယ်သမားတွေကိုလည်း ဖြတ်ကျော်အနိုင်ယူသွားရမှာဖြစ်ပါတယ်။ လမ်းမ ကြီးတလျှောက် မကောင်းဆိုးဝါးတွေရဲ့လက်ထဲကနေလွတ်မြောက်အောင် ဆိုင်ကယ်မောင်းပြီးအသက်လုပြေးရတာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကောင်းမွန်တဲ့ graphic အရည်အသွေးနဲ့ အသံဖန်တီးမှုတို့ကြောင့် ဂိမ်းကစား ရတာ ပိုမိုအသက်ဝင်လှပါတယ်။ ဒီဂိမ်းကိုကစားချင်တယ်ဆိုရင် Android 2.1 နဲ့အထက်ဖုန်းတွေမှာကစားနိုင်ပါတယ်။

 





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။