5/18/2013

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဗုဒ္ဓဂယာ သမိုင်းအကျဉ်း.


ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဗုဒ္ဓဂယာ သမိုင်းအကျဉ်း.
**************************************************

ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်၊ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့၏ မစွန့်အပ်သော အဝိဇဟိတဌာနထူးလည်း ဖြစ်ပါ
သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည်၊


ဘုရားရှင် သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်၊ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသတဝိုက်ကို ဥရုဝေလဟုခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်တွင်ခဲသည်၊ ၁၃ ရာစုတွင် ဒေသခဲများက ဗြဟ္မာ ခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း) နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟုခေါ်တွင်ခဲ့ကြသည်။

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာမြေမြတ်မဟာရှိဗောဓိပင်အနီး၊ အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတ္တဥာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် ရောက်ရှိတော်မူခဲပါသည်။
ဗုဒ္ဓဂယာသည် ဂယာမြို့အနီး တည်ရှိမှုကို အစွဲပြု၍ခေါ်ဆိုကြပါသည်၊ ဗုဒ္ဓဂယာသည် ဂယာမြို့နှင့် ၇ မိုင် (၁၂ ကီလိုမီတာ) ကွာဝေးပါသည်၊ ဂယာမြို့သည်၊ ဒိစကြိတ်မြို့ကြီးဖြစ်၍ ဗီဟာပြည်နယ် အတွင်း၌တည်ရှိသည်၊ ရှေ့ခေတ်က မဂဓတိုင်းဟုခေါ်၍ ယခုအခါ ဝိဟာရ(ဗီဟာ) ခေါ် ဘုန်ကြီးကျောင်းများလွန်စွာပေါများသဖြင့် ဗီဟာပြည်ဟုခေါ်ဆိုကြပါသည်၊ ဗီဟာပြည်၏မြို့တော်မှာ ပတ္တနား (ပါဋလိပုဒ်) မြို့ဖြစ်ပါသည်၊
မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် ၁၇၀ ပေရှိသည်၊ ဗုဒ္ဓဘာသာများအတွက် အသပ္ပါယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီကြီးဖြစ်သည်၊ အသောကမင်းကြီး ဆောက်လုပ်လှူဒါန်ခဲခြင်းဖြစ်သည်၊ မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခန့်တွင် တစ်ကြိမ်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်းတင်ရှိပါသည်၊ အေဒီ ၁၃ ရာစု (၁၂၉၀ ခန့် ) တွင် အဖျက်စီးခံခဲ့ရ၍ အိန္ဒိယ၌ ဗုဒ္ဓဘာသာ သာသနာများပျောက်ကွယ်ခဲ့ရသည်၊ ဗုဒ္ဓဂယာပရိဝုဏ် တစ်ခုလုံး အဖျက်စီးခံရပြီး တော်ရုံနှင့်မဖျက်နိုင်ခဲကြသော စေတီတော်တစ်ဆူသာကျန်ခဲသည်၊ ၁၆ ရာစုတွင် ဒေလီရှိပသီဘုရင်က ဤဒေသရှိ မဟန့်လာလ်ဂီးရ် အားအပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။

အေဒီ (၁၈၁၁) တွင်မြန်မာပြည်မှ ဘိုးတော်ဘုရားက သတ္တဌာန ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲသည်၊ (၁၈၃၃)ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းကြီး မဟာစည်သူနှင့်အဖွဲ့ ဘုရားဖူး ရောက်လာခဲပြီး ရခိုင်ဘုရင် (မင်းလက်ျာ) ၏ ကျောက်စာကို တွေ့ရှိခဲကြသည်၊ နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ခွင့်ရရှိရေးနှင့် မဟာဗောဓိစေတီတော်ကို ပြင်ဆင်ခွင့်ရရန် မင်းတုန်မင်းမှ အိန္ဒိယနိုင်ငံ ဘုရင်ထံသို့ စာချွှန်တော်ပို့ခဲ့ပြီး ရွှေ၊ ငွေ များနှင့်အတူ စိန်၊ မြ၊ ကျောက်နီ၊ ပုလဲ၊ စုစုပေါင်းလုံးရေ (၅၄၁၁) (ထိုစဉ်က ရူပီငွေ ၆သိန်ဘိုးမျှ) ကိုလည်းလှူဒါန်းခဲရာ အားလုံးနီပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းပြီး ကြီးပွါးနေခဲကြသည်။

၁၈၇၅ ခုနှစ်တွင် မြန်မာနိုင်ငံခြားရေး ဌာနမှ မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့်တို့ပါဝင်သော၊ အချက် (၈)ချက်ကိုတောင်းဆိုပြီး သိန်းပေါင်းများစွာ အကုန်ကျခံ၍ ပြုပြင်ခဲသည်၊
ယခုမြင်တွေ့ရသော မဟာဗောဓိစေတီတော်ပုံဟန်မှာ မင်းတုန်မင်ကြီး၏ ကုသိုလ်တော်ဖြစ်ပြီး အိန္ဒိယကျောက်စာဝန်တို့၏ လက်ရာဖြစ်သဖြင့် မြန်မာဘုရား ဖူးများအဖို့ ဂုဏ်ယူစရာဖြစ်ပါသည်၊ The Light of Asia ရေးသာသူ ဆာအက်ဒွင်အာနိုး (Sir: EdwinArnol) က ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့လက်သို့ လွှဲအပ်သင့်ကြောင်း ပထမဆုံးလှုံဆော်ကြိုးစာခဲသည်၊ ၁၈၉၁ ခုနှစ်တွင် သီဟိုနိုင်ငံသား အနာဂါရီကဓမ္မပါလ ဘုရားဖူးရောက်လာသည်၊ ဓမ္မပါလ သည်၊ မဟာဗောဓိ အသင်းကို သီဟို၌စတင်ဖွဲ့စဉ်းပြီး ဗုဒ္ဓဂယာပြန်လာကာ ဘာသာခြားတို့ လက်အောက် စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေသော ဗုဒ္ဓဂယာအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲသည်၊ ဓမ္မပါလ သည်၊ သူတော်စင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့လက်ထဲ ပြန်ရောက်ရန် အပြင်းအထန် ကြိုးစားအာထုပ်ခဲသည်၊
၁၈၉၅ ခုနှစ်တွင် ဂျပန်မှ လှူဒါန်းလိုက်သော ဗုဒ္ဓရုပ်ပွါးတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်နေရာချထားစဉ်၊ မဟန်၏လူများ ရောက်လာပြီး အကြမ်းမဖက်ဆွဲထုတ်ခံရသည်၊ ဤအတွက်နှစ်ပေါင်းအတန်ကြာ တရားဖြစ်ခဲကြရပြီ၊ အောက်ရုံးတွင် ဓမ္မပါလနိုင်သော်လည်း၊ ကိုလ်ကတ္တား ဟိုက်ကုတ်တွင် မဟန့်၏အယူခံချက်က နိုင်သွားသည်၊ ၁၉၀၆ ခုနှစ်တွင် ဓမ္မပါလအား မင်တုန်းမင်း ဇရပ်တော်မှ နှင်ထုပ်ခံရသည်၊ သို့တိုင် ဓမ္မပါလ၏ မလျော့သောဇွဲကြောင်း (၁၉၅၃)ခုနှစ်ရောက်မှ အိန္ဒိယလွှတ်တော် တွင် ဥပဒေပြဌာန်းလျှက် ဗုဒ္ဓဂယာမဟာစေတီတော်ကို မဟန့်လက်ထဲက သိမ်းယူပြီးလျှင် ဗုဒ္ဓဘာသာဝင်(၄)ဦးပါဝင်သည့် ကော်မတီလက်ထဲ အပ်နှံ့လိုက်လေသည်၊ မဟာဗောဓီစေတီ ပတ်ဝန်းကျင်တွင် မြတ်ဗုဒ္ဓသီတင်းသုံးရာ သတ္တဌာနနေရာများရှိပြီး စေတီတော်အတွင်းတွင် ဘူမိဖဿမုဒြာဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ရုပ်ပွားတော်၏ ရှေ့ကြမ်းပြင်တွင် သျှီဝလိင် အင်္ဂါနေရာရှိပြီး ဟိန္ဒူများ လာရောက်ကိုးကွယ်နေကြရာ ဘုရားဖူးများအထူးသတိထားသင့်ကြပါသည်။


credit to မဇ္ဈိမဒေသ blogspot ( စာရေးသူ အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)