5/14/2013

Password လား? ပျင်းတောင်ပျင်းသေးတယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfUxBJxYmniVHUsU00Uyy0hV2GWJndh8Z3Jm1MQL1P0RmgNtBmKjmwlpqJVs_jeFTZ6-KLeUlCmO65oPvwyLPe0UXonhbK-MBVc_9AvrmFaQy9_AyKUxYkVA8zK8Z8Fj0eKgMc_3MRSYM/s1600/password-hack_yNISa_25016.jpg

သင့်ရဲ့ Password ကို ဘယ်လောက်ပဲ ရှုပ်ထွေးအောင်၊ ခက်ခဲအောင်ဖန်တီးထားပါစေ၊ ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ Hacker တွေအတွက်တော့ သင့် password ကို ရယူဖို့ဆိုတာ အတော်လေးကို လွယ်ကူလွန်းတဲ့ အလုပ်တစ်ခုပါပဲ။

livingsocial.com ၀ဘ်ဆိုက်ကြီး Hack လုပ်ခံရတဲ့နောက်ပိုင်းမှာ အီးမေးလ်နဲ့ ပက်စ်ဝါ့ဒ် သန်းငါးဆယ်ခန့်ဟာ Hacker တွေရဲ့ လက်ထဲကို ရောက်သွားပါပြီ။ USA Today ရဲ့ အင်တာဗျူးမှာ စီအီးအို တင်အိုရှောနက်ဆီက "မကြာသေးခင်ကပဲ ဖောက်သည်တွေရဲ့ အချက်အလက်တွေကို ခိုးယူဖို့အတွက် ကျွန်တော်တို့ ကွန်ပျူတာစနစ်ကို ဦးတည်တွဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းအရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ LivingSocial ရဲ့ password တွေဟာ decode လုပ်ဖို့ အလွန်ခက်ခဲတယ်လို့ ပြောနိုင်ပေမယ့် လူကြီးမင်းရဲ့အကောင့် လုံခြုံရေးအတွက် Password အသစ်တစ်ခုပြောင်းဖို့ အကြံပေးလိုပါတယ်" ဟု ပြောကြားခဲ့သည်။

တကယ်တမ်းတော့ Password များ အသုံးမ၀င်တော့ရသည့် အကြောင်းရင်းများစွာ ရှိနေပြီဟု ပြောနိုင်ပါသည်။ ထိုအထဲမှ အရေးကြီးဆုံးအချက်မှာ ဟက်ကာများသည် သင်၏ password ကို ဘယ်ပုံဘယ်နည်းဖြင့် ရယူနိုင်သလဲဆိုတာ သိဖို့ပင် ဖြစ်သည်။ လူအတော်များများ ထိုအချက်ကို မသိကြသေးပေ။

လွန်ခဲ့တဲ့ငါးနှစ်တုန်းထက်စာရင် Password တစ်ခုကို သိရှိဖော်ထုတ်နိုင်ဖို့အတွက် နည်းလမ်းကောင်းများစွာ ပေါ်ထွန်းနေပြီ ဖြစ်ပါတယ်။ အကြောင်းရင်း သုံးချက် ရှိပါတယ်။
(၁) သာမန်လူတစ်ယောက်ဟာ အားနည်းချက်တွေပါတဲ့ password တစ်ခုတည်းကိုပဲ Website မျိုးစုံမှာ သုံးစွဲလေ့ရှိပါတယ်။ ဒါကြောင့်မို့ Site တစ်ခုမှာ ပေါက်ကြားသွားတာနဲ့တစ်ပြိုက်နက် ဒလဟော ပါသွားတတ်ကြပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တကယ့်လက်တွေ့မှာ အသုံးပြုနေတဲ့ Password အရေအတွက်ပေါင်း သန်းတစ်ရာကျော်လောက်ဟာ ဟက်ကာတွေရဲ့ လက်ထဲမှာ ရှိနေပါပြီ။ အဲဒီအချက်အလက်တွေကို ပုံဖော်လိုက်တဲ့အခါမှာ လူတွေဟာ Password ကို ဘယ်လိုပုံစံတွေ ပေးတတ်သလဲဆိုတာကို ဟက်ကာတွေ သိနေခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပြီး အဲဒီအချက်အလက်တွေကို အခြေခံပြီး Password ကို အလွယ်တကူဖော်ထုတ်နိုင်မယ့် ပရိုဂရမ်တွေကို ဟက်ကာတွေက ရေးသားဖန်တီးနိုင်ခဲ့ပါပြီ။

(၂) ဟက်ကာတွေ အသုံးပြုနေတဲ့ ကွန်ပျူတာဟာဒ်ဝဲလ်ပစ္စည်းတွေဟာ သင်ထင်တားတွေထက် ပိုမြန်နေပါပြီ။ လူအတော်များများရဲ့ password အရှည်ဟာ ၈ လုံးဝန်းကျင်လောက်ပဲရှိပြီး ဟက်ကာတွေဟာ ၁၆လုံးလောက် ရှည်တဲ့ password ကိုတောင် အလွယ်လေး ချိုးဖျက်နိုင်နေပါပြီ။

(၃) တတိယအချက်အနေနဲ့ Website တော်တော်များများရဲ့ password တွေကို သိမ်းတဲ့စနစ်မှာ SHA1, DES, NTLM/MD5, MD5 အစရှိတဲ့ Cryptographic algorithms တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ algorithm တွေဟာ password တွေကို ကောင်းကောင်း မကာကွယ်ပေးနိုင်ပါဘူး။ အဲဒီ algorithm သုံးပြီး ပုံဖျက်ထားတဲ့ password ကို လွယ်ကူစွာနဲ့ decrypt လုပ်နိုင်နေပါပြီ။
အခုအချိန်မှာ Website တွေအနေနဲ့ SHA512crypt သို့မဟုတ် BCrypt လိုမျိုး လုံခြုံစိတ်ချရတဲ့၊ Password သိမ်းဆည်းမှုကို ကောင်းကောင်းအကာအကွယ်ပေးနိုင်တဲ့ algorithm တွေကို စတင်ပြောင်းလဲသုံးစွဲဖို့ လိုအပ်နေပါပြီ။ အဲဒီ algorithm တွေဟာ ရာနှုန်းပြည့်ကာကွယ်နိုင်မှု မပေးနိုင်ပေးမယ့် ဟက်ကာတွေ သင့် password အမှန်ကို သိဖို့ decrypt လုပ်တဲ့အချိန်မှာ အချိန်များစွာ ကြာမြင့်ပါလိမ့်မယ်။

နိဂုံးအနေနဲ့ သင့် Password ကို ခပ်ရှည်ရှည်ပေးပါ။ ခဏခဏပြောင်းပါ။ Password တစ်ခုတည်းကိုပဲ နေရာတိုင်းမှာ မသုံးပါနဲ့။ ဒီလိုမျိုးပဲ လုပ်ရပါလိမ့်မယ်။

စာကြွင်း၊ 1Password လိုမျိုး သင်ခေါင်းမစားအောင် Password ကို အလိုအလျောက် ဖန်တီးပေးးတဲ့ Website တွေလိုမျိုးတွေလည်း သွားမသုံးပါနဲ့ဦး။ အဲဒီ algorithm မျိုးလောက်ကိုတော့ Hacker တွေက သိနေပြီးလောက်ပါပြီ။

Ref:
http://technorati.com/technology/it/article/password-no-barrier-for-a-hacker/