5/07/2013

How to create a bootable Windows 7 USB or DVD

ဝင်းဒိုး ၇ ကို Official download links  မှ ဒေါင်းလော့ ဆွဲပြီးရင် boot မတက်တဲ့ iso ဖိုင်တွေ 

ရှိတတ်ပါတယ်။ ဒါဆိုရင် ကျနော်တို့ bootable ဖြစ်အောင် ပြန်ပြီးပြင်ဆင်ရပါမယ်။

ပြင်ဆင်ဖို့ အတွက်လိုအပ်ချက်တွေကတော့ …USB သို့မဟုတ် DVD ခွေလိုမှာဖြစ်ပါတယ်။ 

USB   စတစ်ဆိုရင်ကျနော်တို့ 4GB နှင့်အထက် SD ကဒ် သို့ pen stick ရှိရပါမယ်။


ဒါမှ မဟုတ်ရင်တော့ 4.7GB ရှိတဲ့ DVD R သို့

DVD RW တစ်ချပ်တော့ လိုပါမယ်။ ဒါတွေရှိပြီဆိုရင်တော့..နောက်တစ်ဆင့် ဆက်သွားကြပါမယ်။

·         ပထမဆုံး Windows 7 USB/DVD Download Tool ကို ဒေါင်းလော့ယူရပါမယ်။

  1. Microsoft has created a tool called Windows 7 USB/DVD Download Tool, which will allow us to easily create a bootable version of Windows 7.
  2. အောက်မှာ ဒေါင်းလော့ယူလိုက်ပါ။
    Windows 7 USB/DVD Download Tool DOWNLOAD LINK(This link will automatically download Windows 7 USB/DVD download tool on your computer)
  3. ဒေါင်းလော့ယူလိုက်တဲ့ tool ကို မိမိ၏ ကွန်ပျူတာမှာ Install လုပ်လိုက်ပါ။
Screen shot လေးပါ ဖော်ပြပေးလိုက်ပါတယ်။


[Image: Windows 7 USB/DVD Download Tool installation]


ကိုဆက်နှိုက်ပြီး သွားလိုက်ပါ…။Finish ဆိုရင်တော့ မိမိကွန်ပျူတာမှာ Install လုပ်တာ ပြီးစီးသွားပါပြီ။

ဒီတစ်ခါတော့ ကျနော်တို့ create a bootable Windows 7 USB or DVD လုပ်နည်းလေး
စလိုက်ကြရအောင်။

                                     I.        Windows 7 USB/DVD Download Tool  ကို ဖွင့်လိုက်ပါ။

[Image: Browse to Windows 7 ISO]

ဒီလိုပုံလေးတွေရပါလိမ့်မယ်။ Browser ဆိုတဲ့နေရာလေးကိုကလစ်ပြီး window 7 iso 

ဖိုင်လေးကိုရှာလိုက်ပါ။

ရွေးပြီးရင်တော့ Next ကိုဆက်ပြီးနှိုက်လိုက်ပါ။ အောက်က ပုံလေးကို ဆက်ကြည့်ပါ။

[Image: Select your media type]


ဒီနေရာမှာတော့ ကိုယ်ဘာကိုသုံးပြီး bootable လုပ်မယ်ဆိုတာကို ရွေးပေးပါ။ ကျနော်ကတော့  USB နဲ့
လုပ်မှာ ဖြစ်တာကြောင့် USB device ကို ရွေးလိုက်ပါတယ်…။စာဖတ်သူ အနေနဲ့ မိမိ အသုံးပြုကိုရွေးပါ။
အောက်ကပုံလေးကို ဆက်ကြည့်ပါ…။



[Image: Insert your USB stick or DVD and click on Begin copying]

ဒီအဆင့်ကတော့ ကျနော်သုံးထားတဲ့ USB ကို window7 ဖိုင်ကို ကူထည့်ဖို့ အဆင်သင့်အနေအထားရှိနေပါပြီ။
Begin copying ကို ဆက်ပြီး ကလစ်ပေးလိုက်ပါ။ USB ကို WIN7 ISO ဖိုင်ကို ကူးထည့်နေတာ တွေ့ရပါမယ်။
ကူးထည့်တာ ပြီးဆုံးသွားရင်တော့ creating a bootable Windows 7 USB or DVD လေးကိုရပါပြီ။


[Image: Windows 7 USB Download tool creating a bootable Windows 7 ISO]



bootable Windows 7 USB or DVD လေးကို အသုံးပြုလို့ရပါပြီ။ အချို့သော ကွန်ပျူတာများတွင့် ဝင်းဒိုးအသစ်တင်ရန် boot တက်ဖို့အတွက် F11 ကီးကို ဆက်တိုက်ဆက်တိုက် နှိုက်ပေးထားရပါသည်
စက်အားလုံးတွင်တော့ F11 ကီးနှိုက်ပေးလို့ မရပါ။
အားလုံးအဆင်ပြေကြပါစေ။

ကျနော့်၏အကြောင်းအနည်းငယ်
·         ကျနော့် ရှင်းပြချက်လေးသည် ခပ်ညံ့ညံ့ ရှင်းပြချက်သာဖြစ်ပါသည်။
·         ကျနော်ကိုယ်တိုင်က ကွန်ပျူတာနှင့် ပတ်သက်လျှင် အခြေခံ သင်တန်းတောင် တက်ခွင့်မရခဲ့သူပါ။ကျနော့် ကဲ့သို့ ကိုယ်ပိုင်လေ့လာနေရတဲ့ အခက်အခဲ ရှိနေသူများအတွက် အနည်းငယ်မျှ အထောက်အပံ့ဖြစ်ခဲ့မယ်ဆိုလျှင် ကျနော် ကျေနပ်နေမှာ။
·         ကိုယ်သိထားသလောက် ကိုယ်လေ့လာခဲ့သမျှလေးမှ အကြောင်းအရာလေးများကို ပြန်လည်မျှဝေ နေရရင် ကျေနပ်နေသူတစ်သာဖြစ်ပါသည်။