12/20/2016

♪ Android ပိုင်ရှင်တွေ ကြိုးစားကြည့်သင့်တဲ့ အရာလေး ကိုးခု ♫


သင်မသိသေးတဲ့ Andriod မှာသုံးနိုင်တဲ့ ကောင်းမွန်တဲ့အရာတွေ အများကြီ ရှိနေပါတယ်။ custom ROMs အတွက် launchers ၊ apps ၊ LED notifications ၊ gesture controls ၊ icon packs နဲ့ tweaks စတဲ့ သင့်ကိုပျော်အောင်လုပ်ပေးနိုင်တဲ့အရာတွေ အများအပြားရှိပါတယ်။ Android ပိုင်ရှင်တွေ ကြိုးစားကြည့်သင့်တဲ့ အရာလေး ကိုးခုကို တင်ပြပေးသွားပါ့မယ်။

1. Supercharge your Wi-Fi

သင့်ရဲ့ အချိန်နဲ့ ငွေတွေကို data usage လျှော့ချခြင်းအားဖြင့် သက်သာစေနိုင်အောင်လုပ်ဖို့ Chrome ကို ပြောလို့ရတယ်ဆိုတာ သင်သိပါသလား။ အများစုက မသိကြပါဘူး။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့လက data usage ၃၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ လွယ်လွယ်လေးပါပဲ။ Chrome > Settings > Data Saver  ဆီသွားပြီးတော့ ဖွင့်လိုက်ပါ။
androidpit chrome data savings screenshot
သင့်ရဲ့ဖုန်းကို sleep ဖြစ်နေချိန်မှာ Wi-Fi ဖွင့်ထားဖို့လည်း ပြုလုပ်နိုင်တယ်ဆိုတာ သိပါသလား။ Settings Wi-Fi Advanced > Keep Wi-Fi ကို သွားပြီး Always လုပ်ထားလိုက်ပါ။
အဲဒီလိုလုပ်ခြင်းအားဖြင့် sleep ဖြစ်နေချိန်မှာ download ဆွဲပေးနိုင်မှာဖြစ်သလို ဘတ်ထရီသက်တမ်းကိုလည်း သက်သာစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းက sleep ကနေ ပြန်ပွင့်လာတဲ့အခါ Wi-Fi  ကို ထပ်မံချိတ်ဆက်စရာမလိုတော့ပါဘူး။
androidpit wi fi advance settings

2. Enable Google Now on Tap

Google Now on Tap ကို Android 6.0 Marshmallow မှာ မိတ်ဆက်ခဲ့ပါတယ်။ သင့်ရဲ့ screen ပေါ်မှာရှိတဲ့ contextual information တွေကို ရိုက်ရှာနေစရာမလိုအောင် လုပ်ဆောင်ပေးပါတယ်။ အနည်းဆုံးတော့ သင်ဟာ Android Marshmallow ရှိရပါမယ်။
Google Now on Tap ကို ဖွင့်ဖို့အတွက် Settings > Google > Search & now > Voice ဆီကို သွားပါ။ ဖွင့်လိုက်ပါ။ ပြီးရင်တော့ သုံးလို့ရပါပြီ။ Now on Tap ကို ပိတ်ချင်ရင်တော့ home button ကို ဖိထားလိုက်ရင် menu ပေါ်လာမှာပါ။ three-dotted icon လေးကို နှိပ်ပြီး Settings ထဲမှာ ပိတ်နိုင်ပါပြီ။
androidpit enable disable google now on tap

3. The battery optimizations

ဘယ်လို Android ပဲသုံးနေသည်ဖြစ်စေ ဘတ်ထရီသက်တမ်းကို ကောင်းမွန်အောင်လုပ်နိုင်တဲ့နည်းတွေ အများကြီးပါပဲ။ ပထမဆုံးကတော့ ‘ambient display’ သို့မဟုတ် ‘adaptive brightness’ ကို ပိတ်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အလင်းရောင်အခြေအနေနဲ့ ပြောင်းပေးပေမယ့်လည်း အပြည့်အ၀တော့ လုပ်ဆောင်နိုင်ခြင်း မရှိလို့ပါပဲ။
အလင်းရောင်ကို သိဖို့အတွက် သုံးထားတဲ့ sensor တွေဟာ လူသားမျက်စိလောက် မတိကျပါဘူး။ လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ အလင်းကို သင်ပဲ ချိန်သင့်ပါတယ်။ ပြီးတော့ display ဆိုတာက အားစားတဲ့နေရာတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကြောင့် အနိမ့်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ချိန်သင့်ပါတယ်။
androidpit battery optimizations
ထပ်ပြောချင်တာကတော့ အဓိက Android UI တွေဟာ battery saving mode အချို့နဲ့ လာပါတယ်။ အားသာချက်တွေကအမျိုးမျိုးရှိပေမယ့်လည်း သင့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့်ဟာကို ရှာဖွေသင့်ပါတယ်။
ဥပမာအနေနဲ့ Sony ရဲ့ Stamina mode ဆိုရင် performance ကို နည်းနည်းလေးပြောင်းပေးပြီး သင့်အနေနဲ့ တစ်ချိန်လုံး အသုံးပြုသင့်တဲ့ mode မျိုးလည်း ဖြစ်ပါတယ်။
stock Android battery-saving function တွေဟာ performance နဲ့ app functionality ကို တော်တော်လေး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ မသုံးမိဖို့ ပြောချင်ပါတယ်။
HTC ရဲ့ Power Saver ဆိုရင် option များစွာပါဝင်ပြီး အခြားအရာတွေလောက် မတင်းကျပ်ပါဘူး။
Setting ထဲ ၀င်ကြည့်ပြီး ဘတ်ထရီရဲ့လုပ်ဆောင်ချက်တွေကိုလည်း စပ်စုပြီး ဘတ်ထရီ၊ power နဲ့ အခြားအရာတွေကိုလည်း လျှောက်ကြည့်ကြည့်ပါ။
androidit power saving htc sony

4. Grant app permissions individually

Android Marshmallow ရနေပြီလား။ စမ်းကြည့်သင့်တဲ့ feature တစ်ခုပါနေလို့ပါ။ ဒါကတော့ granular app permissions ဖြစ်ပါတယ်။ အဲဒီ feature က သင့်ကို hardware သို့မဟုတ် data ကို သုံးဖို့ apps permission ပြုလုပ်ခွင့်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ app တစ်ခုက microphone သုံးဖို့လိုမယ်ဆိုရင် သင့်ကို ခွင့်ပြုမလားဆိုတာကို မေးမှာဖြစ်ပါတယ်။
Marshmallow မတိုင်ခင် Android versions တွေအတွက်ကတော့ Play Store ကနေ downoload မဆွဲခင်မှာ သတ်မှတ်ရမှာပါ။ third-party apps  တွေက ပိတ်ထားလည်း ဖောက်ဖျက်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ အခုတော့ သင့်စိတ်ကြိုက်တစ်ခုခြင်း သတ်မှတ်နိုင်ပါပြီ။ ကြိုးစားကြည့်ပါ။
AndroidPIT Android M preview AnTuTu permissions

5. Use Google Now, enable always listening

Google Now ဟာ virtual personal assistant အနေနဲ့ လုပ်ဆောင်ပေးပြီး သင်လိုချင်တဲ့အချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပြသပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီထက်ပိုတာက Google Now က သင့်ရဲ့ app တွေနဲ့ ဆက်သွယ်နိုင်ခြင်း၊ note လိုက်နိုင်ခြင်း၊ သတိပေးချက်လေးတွေလုပ်နိုင်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။
Google Now ကို သုံးကြည့်လေလေ ဘယ်လောက်ကောင်းတယ်ဆိုတာ သိလေလေ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ဥပမာပေးရမယ်ဆိုရင်ဖြင့် နေ့လည်ခဏမှေးချင်တယ်ဆိုပါစို့။ အရမ်းကို ငိုက်နေပြီး ခေါင်းငိုက်စိုက်ကျနေပြီ။ ဖုန်းကိုဖွင့်ပြီးတော့ clock app ကို ဖွင့်စရာမလိုတော့ပါဘူး။ ဘယ်ချိန် ပြန်ချင်လဲ၊ alarm သတ်မှတ်စရာ မလိုတော့ပါဘူး။ “Okay Google, wake me up in two hours.”  လို့သာ ပြောလိုက်ပါ။
androidpit google now always listening screenshot
Google Settings > Search and Now > Voice > OK Google detection > ကို သွားပြီး Always on ထားလိုက်ရင်တော့ ဘယ် screen မှာဖြစ်နေပါစေ အလုပ်ဖြစ်ပါတယ်။
100 Google Now voice commands တွေကို သင်အသုံးပြုနိုင်ဖို့ စာရင်းပြုထားပါတယ်။ ကြိုးစားကြည့်လိုက်ပါဦး။

6. Set up Android Device Manager

Android Device Manager က ဘယ်လိုများ Android ဖုန်းတစ်လုံးလုံးကို ကွပ်ကဲသလဲ။ Android Device Manager ဟာ သင့်ရဲ့ ဖုန်းပျောက်တာ၊ lock ဖြုတ်တာ၊ ဖုန်းလာတာ၊ အထဲကအချက်အလက်တွေဖျက်တာ စတာတွေကို ခြေရာခံနိုင်ပြီး lock screen message လည်း ပြပေးနိုင်ပါတယ်။ Android ဖုန်းမှာ သင်လုပ်နိုင်တဲ့ စွဲဆောင်မှုအရှိဆုံးအလုပ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ပထမဆုံးတစ်ခုအနေနဲ့ သင်လုပ်ကိုလုပ်သင့်တာတစ်ခု ရှိပါတယ်။
androidpit security features screenshot
Google Setting app  ရဲ့အောက်က Security ထဲမှာ Android Device Manager အတွက် ခွင့်ပြုချက်ကို တွေ့ပါလိမ့်မယ်။ Android Device Manager ကို တည်နေရာသိဖို့နဲ့ အချက်အလက်တွေ lock ချခြင်း၊ ဖျက်ခြင်းများအတွက် ဖွင့်ထားနိုင်ပါတယ်။ ဒါပေမယ့် Android Device Manager  ကို device administrator အနေနဲ့ ထားပေးဖို့ လိုပါတယ်။ Settings Security > Device Administrators  ကို သွားပြီးတော့ Android Device Manager ဘေးမှာ အမှန်ခြစ်ပေးလိုက်ပါ။
androidpit device administrators

7. Try Pushbullet

လူတိုင်းအသုံးပြုသင့်တဲ့ app တွေ အများကြီးရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် လူတိုင်းမှာ အကြိုက်တစ်မျိုးစီ၊ အလေ့အထနဲ့ လိုအပ်ချက်တွေ မတူညီတတ်ကြပါဘူး။ ဒါပေမယ့် Pushbullet ကတော့ ကွဲပြားပါတယ်။ လူတိုင်းအသုံးပြုသင့်ပါတယ်။
pushbullet 01
သင့်ရဲ့ဖုန်းကနေ သင့်ရဲ့ tablet ၊ PC ကနေ ဖုန်း ၊ ဖုန်းကနေ အခြားပစ္စည်းတွေကို လင့်တွေ ပို့နိုင်ပါတယ်။ URLs တွေကို ကော်ပီကူးချနေတာက ၁၉၉၉ မှာ ကျန်ခဲ့ပါပြီ။ Pushbullet က သင့်ရဲ့ SMS နဲ့ ဖုန်းအ၀င်တွေကို PC ပေါ်မှာ ပြပေးနိုင်ပြီး ဖိုင်တွေလည်း လွှဲပြောင်းပေးနိုင်ပါတယ်။
androidpit pushbullet screenshot

8. Save time with NFC

လူအများစုက NFC ဘာလဲဆိုတာ မသိကြပါဘူး။ ဘာလုပ်ပေးနိုင်လဲဆိုရင် ပိုလို့တောင်မသိကြပါဘူး။ ဒါပေမယ့် NFC က အရမ်းကိုကောင်းပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ သင့်ဖုန်းနဲ့ Bluetooth headphones ကို pairလုပ်နိုင်ခြင်း၊ ဖုန်းအဟောင်းက အချက်အလက်တွေကို အသစ်ဆီ လွှဲပြောင်းခြင်း၊ လမ်းလျှောက်နေစဉ်မှာ contact တစ်ခုကို default message ပို့ပေးခြင်း ပြုလုပ်နိုင်ပါတယ်။
AndroidPIT Plantronics BackBeat Pro 5
NFC-equipped device  နဲ့ NFC tags တွေက သင့်ရဲ့ အချိန်တွေကို သက်သာစေမှာပါ။ NFC က Android အတွက် အကောင်းဆုံးအရာတစ်ခု ဖြစ်ပါတယ်။

9. Setup lock screen security

NFC chip ကိုစွဲမြဲပြီး သုံးမယ်ဆိုရင် နောက်တစ်ခုလုပ်သင့်တာကတော့ lock screen security သတ်မှတ်ခြင်း ဖြစ်ပါတယ်။ lock screen security လုပ်မထားတဲ့ သူငယ်ချင်းတွေမြင်မိရင် ကျွန်တော် အံအားသင့်မိပါတယ်။
androidpit lock screen security one

အကယ်လို့ ဖုန်းပျောက်တာ၊ ခိုးခံရတာဖြစ်ပြီဆိုရင် သူခိုးက ချက်ချင်းပဲ စမတ်ကို သုံးနိုင်နေမှာပေါ့။ မဟုတ်ဘူးလား။ pattern ဒါမှမဟုတ် PIN lock သတ်မှတ်လိုက်ပါ။ အခုချက်ချင်းနော်။ Settings Security Screen lock  ဆီကိုသွား ဒါမှမဟုတ် Settings Lock Screen  ကို သွားပြီး ကြိုက်နှစ်သက်ရာ lock screen security ကို ထားလိုက်ပါ။ အတည်ပြောနေတာနော်။ အခုပဲ လုပ်လိုက်ပါ။


Aung Phyo Oo (Myanmar Mobile App)





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com