10/17/2016

♪ " DATA လုံခြုံရေး၊ သိုလှောင်နိုင်စွမ်းနှင့် ဝက်ဘ်ဆိုက်ကြီးများ၏ ဆွဲဆောင်မှု " ဆောင်းပါးရှင် - မိုးမခ ♫


လွန်ခဲ့တဲ့ ၄ နှစ်လောက်ကာလဖြစ်တဲ့ ၂ဝ၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ Instagram ကို ပူးတွဲတည်ထောင်ခဲ့တဲ့ မိုက်ခရက်ဂျာဟာ ဆန်ဖရန်စစ္စကိုမှာ တွေ့ဆုံဟောပြောမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မိုက်ခရက်ဂျာအနေနဲ့ သိရှိထားပြီးဖြစ်ပေမယ့် သူ့ရဲ့ပရိသတ်တွေကတော့ ၂၄ နာရီ ကာလအတွင်းမှာ ဘာမှတိတိကျကျ မသိသေးပါဘူး။ ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ ဖေ့စ်ဘွတ်ဆရာကြီး မတ်ဇတ်ကာဘတ်ဟာ အင်စတာဂရမ်ကို တစ်ဘီလီယံ ဒေါ်လာပေးပြီး ဝယ်ယူတော့မယ်ဆိုတဲ့ အကြောင်းပါပဲ။

မိုက်ခရက်ဂျာအဖို့ကတော့ ဒီသတင်းဟာရင်ခုန်ဖွယ်ရာဖြစ်ပြီး မကြာခင်မှာ ဘီလျံနာကြီးဖြစ်လာရမယ့် အခြေအနေတစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် အင်စတာဂရမ်ရဲ့ အနေအထားဟာ အဆင့်အတန်းတစ်ခုအထိ တိုးတက်ရောက်ရှိလာတဲ့သဘောမျိုးဖြစ်ပြီး နည်းပညာရဲ့ရှည်ကြာလာတဲ့သက်တမ်းအရ လူအများ ကိုးစားယုံကြည်မှုကြောင့် ဓာတ်ပုံဆိုင်ရာ App တွေ တိုးတက်ကြီးထွားလာတဲ့အရည်အသွေးဟာ ဖေ့စ်ဘွတ်ရဲ့ဆရာကြီး မတ်ဇတ်ကာဘတ်လိုလူကပင် မျက်စိကျလောက်တဲ့အနေအထားကို ရောက်ရှိသွားခဲ့တာကြောင့်ဖြစ်ပါတယ်။

စင်စစ်အားဖြင့် အင်စတာဂရမ်အနေနဲ့ ယခုအချိန်ဟာ ရောင်းချဖို့ အချိန်မကျသေးဘဲ နည်းပညာဆိုင်ရာအရ အဆုံးစွန်သော အခြေအနေအထိ မြှင့်တင်ပေးဖို့လိုသေးကြောင်း ဝေဖန်မှုများလည်းပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလိုဖြစ်ရပ်တွေဟာ ဆီလီကွန်ဗယ်လီနေရာမျိုးမှာ သိပ်တော့ဆန်းလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒီရပ်ဝန်းမှာအခြေချပြီး လုပ်ငန်းစတင်လုပ်ကိုင်ကြတဲ့ နည်းပညာဆိုင်ရာ အင်ဂျင်နီယာတွေအနေနဲ့ သူတို့ရဲ့ စူးစမ်းရှာဖွေလုပ်ကိုင်မှုဟာ ခရီးတစ်ခုပေါက်ရောက် အောင်မြင်သွားပြီဆိုရင် ဒေါ်လာကို သန်းနဲ့သာမက ဘီလီယံနဲ့ပါချီပြီး ရနိုင်တဲ့ကံကောင်းမှုတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒီလိုတိုးတက် ရှာဖွေစူးစမ်းမှုတွေကြောင့် စတိဗ်ဂျော့တို့ စတိဗ်ဝေါ့ ဇနစ်တို့လို လူတွေဟာ ပထမဦးဆုံးသော အက်ပဲလ်ရဲ့ ကွန်ပျူတာတွေကို လူအများလက်ထဲရောက်အောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကွန်ပျူတာနည်းပညာဆိုတာက ဆော့ဖ်ဝဲတွေရဲ့ ကွဲပြားခြားနားမှု အမျိုးမျိုးပေါ်မှာ မူတည်နေပြီး ထပ်မံတီထွင် လုပ်ကိုင်နိုင်တဲ့ နည်းလမ်းများစွာရှိနေတာဖြစ်ပါတယ်။ ဒီလိုတီထွင်စမ်းသပ် လုပ်ကိုင်မှုတွေဟာ အခြေခံပစ္စည်း တွေဖြစ်တဲ့ သတ္တု၊ ဖန်၊ ပလတ်စတစ်စတဲ့ အရင်းခံပစ္စည်းပေါ်မှာ အထိုင်ချပြီးလိုသလို ထိန်းချုပ်ဖန်တီးနိုင်တာ ဖြစ်ပါ တယ်။

ဆော့ဖ်ဝဲတစ်ခုကို တီထွင်နိုင်မှုဟာ လူသန်းပေါင်းများစွာကို အကျိုးပြုပြီး အင်စတာဂရမ်မှာတော့ ဓာတ်ပုံပေါင်းများစွာကို သန်းနဲ့ချီပြီး ဖြန့်ဝေနိုင်သလို ဒါတွေကို ထိန်းသိမ်းဖို့နဲ့ မျှဝေမှုလုပ်ငန်းကိုလည်း နိုင်နိုင်နင်းနင်းနဲ့ လုပ်ကိုင်တတ်ဖို့လိုပါတယ်။
ဒီကနေ့ ကမ္ဘာကြီးဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာသလို ပစ္စည်းကောင်း ရှာဖွေအသုံးပြုသူများအနေနဲ့ နှေးကွေးသုံးစားလို့မရတဲ့ App တွေကို ရှောင်ကြမှာ သေချာတဲ့သဘော ရှိပါတယ်။ ဒီလိုအချိန်မျိုးရောက်ရင် ကိုယ့်ရဲ့လုပ်ငန်းအရည်အသွေးဟာ တဖြည်းဖြည်းကျဆင်းသွားနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

နယူးယောက်လို၊ တိုကျိုလို၊ အင်ကာရာလို၊ မွန်ဘိုင်းလို မြို့ကြီးတွေမှာ နောက်ဆုံးပေါ်ခေတ်မီ App တွေကိုမှ သုံးစွဲလိုသူတွေအဖို့ သူတို့အတွက် ၂၄ နာရီပတ်လုံး လိုအပ်နေတဲ့ App အမျိုးမျိုးသုံးစွဲမှုအပေါ် မျက်ခြေပြတ်သွားရင် ကိုယ့်ရဲ့လုပ်ငန်းတွေဟာ နောက်ကျကျန်ရစ်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလအတွင်းမှာ နည်းပညာဆန်းသစ်တီထွင်မှုမှ တစ်ပါးတခြားသော တည်ဆောက် ဖန်တီးမှုတွေဖြစ်တဲ့ ဟတ်ဝဲနဲ့ဆော့ဖ်ဝဲတွေဟာ အရှိန်အဟုန်မြင့်မားစွာ ဖြစ်ထွန်းပေါ်ပေါက်လာကြတဲ့အတွက် အင်စတာဂရမ်လို ရိုးရှင်းတဲ့ဓာတ်ပုံဆိုင်ရာ App တွေကို တစ်ကိုယ်တော် ဖိဖိစီးစီးလုပ်ကိုင်ပေးတဲ့ ဝန်ဆောင်မှု မျိုးတွေ ပေါ်ပေါက်လာခြင်းဟာ အတိုင်းအတာတစ်ခုအထိတော့ ခရီးပေါက်ရောက်ခဲ့တယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။

Cloud ကွန်ပျူတာ စင်္ကြံကြီးပေါ် တစ်ခန်းတစ်ကဏ္ဍကနေ ပါဝင်လာတဲ့ အင်စတာဂရမ်လိုပဲ မကြာခင်က ပူးပေါင်းပါဝင်လာတဲ့ finterest ဟာလည်း လူမှုရေးမီဒီယာလုပ်ငန်းမှာ သူ့ရဲ့ App တွေကို အသုံးပြုသူပေါင်း ၁၈ သန်း လောက်အထိ တိုးပွားလာပြီး ကမ္ဘာ့အကြီးမားဆုံး အွန်လိုင်းဈေးဝယ်သူတွေကို ပိုင်ဆိုင်ခွင့်ရနေတဲ့ Amazon ရဲ့ လုပ်ငန်းတွေမှာ များစွာအသုံးတည့်နေတာ ဖြစ်ပါတယ်။

Amazon ဟာ သူ့ရဲ့ ကိုယ်ပိုင်ဒေတာစင်တာတွေမှာ လိုအပ်တဲ့အချက်အလက်သတင်းနှင့် ဓာတ်ပုံတွေကို Servers တွေက သိမ်းဆည်းပေးထားပါတယ်။ သူ့ဆီကနေ အင်စတာဂရမ်နဲ့ ပင့်တရက်စ်တို့က နာရီပိုင်းနဲ့ ငှားရမ်းနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်စတာဂရမ်နဲ့ ပင့်ထရက်စ်တို့ဟာ လူမှုရေးမီဒီယာဆိုင်ရာ App တွေကို သူ့ပရိသတ်တွေ ကံဖောဖောသီသီနဲ့ ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။

စင်စစ်အားဖြင့် Amazon ဟာ သူ့ရဲ့ ကိုယ်ပိုင်ဒေတာစင်တာနဲ့ Servers တွေကနေ လိုအပ်တဲ့ App တွေကို ထုတ်ပေးနိုင်တယ်ဆိုပေမယ့် အမှန်ကတော့ Cloud ကနေ အားလုံးကို ထိန်းချုပ်ကိုင်တွယ်ပေးနေတာ ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတွေအနေနဲ့ လူသုံးယောက်မှာ တစ်ယောက်ဟာ Amazon ရဲ့ Cloud ဝက်ဘ်ဆိုက်ထဲကို တစ်နေ့မှာ အနည်းဆုံးတစ်ကြိမ်တော့ ဝင်ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ Amazon အနေနဲ့ အငှားချထားတဲ့ အင်စတာဂရမ်နဲ့ ပင့်ထရက်စ်တို့အဖို့ တစ်နာရီလျှင် ၅၂ ဒေါ်လာနှုန်းနဲ့ နေ့ပိုင်းအတွက် ပေးချေရပြီး ညပိုင်းမှာတော့ တစ်နာရီကို ၁၈ ဒေါ်လာနှုန်း ပေးချေရတယ်လို့ ဆိုပါတယ်။ ဒီလိုအသုံးပြုမှု တွေဟာ အများအားဖြင့် အမေရိကန်နိုင်ငံတွင်းမှာ အသုံးများတဲ့သဘော ရှိပါတယ်။

ပင့်ထရက်စ်ဟာ သူ့ရဲ့ ၁၈ သန်းလောက်ရှိတဲ့ ပရိသတ်တွေကြောင့် Amazon ကနေ တစ်ဆင့် ပြန်ယူရောင်းချ တဲ့ App တွေရဲ့ ကုန်ကျစရိတ်ဟာ လုံလောက်ရုံတွင်မက ပိုလျှံနေတဲ့ အနေအထားမျိုးရှိပါတယ်။ ဒီနေရာမှာ သတိပြုစရာတစ်ခု ရှိပါတယ်။ Amazon ဟာ သူ့ရဲ့ ဒေတာစင်တာတွေကနေ လျှပ်စစ်မီးချို့ယွင်းမှုကြောင့် နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာဖြစ်ပေါ်လာရင် အင်စတာဂရမ်လို ပင့်အင်တရက်စ်လို ဝက်ဘ်ဆိုက်တွေ အနေနဲ့ ကိုယ်ပိုင် App တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ဖောက်သည်တွေကို ဆက်လက်ဝန်ဆောင်မှုပေးနိုင်အောင် စီမံဆောင်ရွက်ထားတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ အင်တာနက်ကွန်ရက်လုပ်ငန်းကြီးထဲမှာ ဈေးကွက်ဆွဲဆောင်မှု ပိုမိုအားကောင်းလာစေတဲ့ လုပ်နည်း လုပ်ဟန်တစ်ရပ်ကတော့ မိမိတို့ရဲ့ ဓာတ်ပုံတွေ ၊ ဒေတာတွေကို အခမဲ့ သိုလှောင်ထိန်းသိမ်းပေးရေးအတွက် အပြိုင်အဆိုင်ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။ ဂူးဂဲလ်ဟာ မကြာခင်က 5GB အထိ အခမဲ့ထိန်းသိမ်းပေးဖို့ ကမ်းလှမ်းခဲ့ပြီး သူ့ရဲ့ - G- Drive ဟာ တခြား Box, Mozy နဲ့ Dropbox တွေကို ကျော်လွှားနိုင်ဖို့ စတင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

သတင်းအချက်အလက်တွေ ဓာတ်ပုံတွေအစရှိတဲ့ ကိုယ်ပိုင်ဒေတာတွေကို ပိုမိုသိုလှောင်ထိန်းသိမ်းနိုင်ရေးအတွက် အွန်လိုင်းပရိုဗိုက်ဒါတွေဟာ မကြာခင်က သဘောတူညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး ပုံမှန်ဖောက်သည် တွေအတွက် 72GB အထိ သိမ်းဆည်းနိုင်ဖို့ Amazon ဟာ သူ့ရဲ့ Dropbox နဲ့ တိုင်ပင်ပြီး ပိုမိုစိတ်ချရတဲ့ ကိုယ်ပိုင် Hard Disk တွေကို အသုံးပြုဖို့ အမေရိကန်မှာရှိတဲ့ ဒေတာစင်တာတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

Cloud လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ပိုမိုကျယ်ပြန့်တဲ့ သုံးစွဲမှုတွေရှိလာတဲ့အတွက် ဂူးဂဲလ်ဟာ သူ့ရဲ့ App တွေကို တွင်တွင်ကျယ် ကျယ်အသုံးပြုနေကြတဲ့ လုပ်ငန်းသမားတွေနဲ့ တစ်လကို ၅ ဒေါ်လာနှုန်း အထိ ဈေးသက်သက်သာသာ သုံးနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။ အီးမေးလ်တွေ ဒေတာသိုလှောင်မှုတွေနဲ့ စံချိန်စံညွှန်းမှီတဲ့ ဝန်ဆောင်မှုတွေကိုလည်း ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ထို့အတူပင် မိုက် ခရိုဆော့ဖ်ကလည်း ဂူးဂဲလ်နည်းတူ ဒေတာသိုလှောင်မှုတွေသာမက ဗီဒီယို Conferencing တွေပါ ပြုလုပ် ပေးမှာဖြစ်ပြီး တစ်လကို ၆ ဒေါ်လာနှုန်းလောက် ယူမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ Cloud ဝန်ဆောင်မှုလုပ်ငန်းဟာ နည်းပညာဆိုင်ရာ လုပ်ငန်းနယ်ပယ်နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ နယ်ပယ်တွေမှာ ဒေတာတွေကို အများဆုံး အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ စွမ်းအင်စရိတ်၊ ဆော့ဖ်ဝဲစရိတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းစရိတ်တွေဟာ များစွာသက်သာမှု ရှိတဲ့အတွက် ဒေတာသိုလှောင်မှုနဲ့ Apps ကိစ္စတွေမှာ ဈေးကွက်ဝေစုအများ အပြားရရှိထားတဲ့ Amazon နဲ့ IBM တို့ဟာ မနှစ်ကဝင်ငွေစုစုပေါင်း ဒေါ်လာ ၂.၅ ဘီလီယံခန့် ရရှိခဲ့တယ်လို့ IBM ရဲ့ အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒါရာနီ ဘာလန် ဂူရုနာသန်ဆိုသူက ပြောဆိုပါတယ်။

ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိပါတယ်။ အိန္ဒိယလို နိုင်ငံတွေနဲ့ ဥရောပလို နိုင်ငံတွေမှာ ဒေတာဝန်ဆောင်မှု ကိစ္စတွေဟာ သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ကွဲပြားခြားနားမှုအမျိုးမျိုးတွေလည်း ရှိပါတယ်။ အမေရိ ကန်နိုင်ငံရဲ့ ဒေတာဝန်ဆောင်မှုကုမ္ပဏီကြီးတွေအဖို့ တစ်ခါတစ်ရံမှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဒေတာအချက်အလက်တွေကိုလိုအပ်ရင် သူ့ရဲ့ ပြဋ္ဌာန်းမှုဥပဒေတွေအရ နှိုက်ယူကြည့်ရှုလေ့ရှိတဲ့အတွက် လူအများက နှစ် သက်လေ့ရှိတဲ့အတွက် လူအများက နှစ်သက်လေ့မရှိကြပါဘူး။

ဒါကြောင့်လည်း တချို့သော အင်တာနက်ကွန်ရက်တွေကို သုံးစွဲသူများဟာ ဒေတာတွေကို သီးခြားထိန်းသိမ်းပေးနိုင်တဲ့ ဝက်ဘ်ဆိုက်အငယ်စားတွေမှာ ထားလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့် ဂူးဂဲလ်ဟာ တချို့သောဒေသတွေမှာ ပုဂ္ဂလိကတွေရဲ့ သီးသန့်ဒေတာတွေကို ထားရှိတဲ့စတိုးတွေကို ဖွင့်ပေးရတာလည်း ရှိပါတယ်။

မည်သို့ပင်ဆိုစေ၊ ယနေ့ အင်တာနက်လောကကြီးမှာ ပုဂ္ဂလိကဆိုင် ရာဒေတာတွေကို ထိန်းသိမ်းချုပ်ကိုင်ရာမှာ ပိုမိုတွင်ကျယ်ကောင်းမွန်တဲ့ နည်းပညာတွေကို သုံးစွဲပြီး ဖောက်သည်တွေကို ဆွဲဆောင်လာကြသလို ပုဂ္ဂလိကတွေရဲ့ ဒေတာလုံခြုံမှုဟာလည်း တစ်ဖက်ကကြည့်ရင် အခက် အခဲများနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သတင်းအချက်အလက်များ သိုလှောင်နိုင်မှ စွမ်းအားအရ ဈေးကွက်ချဲ့ထွင်လာမှုနဲ့ ပုဂ္ဂလိက ဒေတာများ ထိန်းသိမ်းမှုနဲ့လုံခြုံရေးဟာ အပြန်အလှန်အမှီပြုနေတဲ့ အိုင်တီစီးပွားရေး ရေစီးကြောင်းကြီးတစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ကြောင်း တင်ပြ လိုက်ရကြောင်းပါ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com