ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Security နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ MCPA Member များ၊ Computer Security ပိုင်းအား အခြေခံကျကျ သိရှိလိုသူများအတွက် Ireland နိုင်ငံ ECDL (European Computer Driving Licence Foundation Ltd) မှ ချမှတ်ထားသော သင်ရိုးများနှင့် အညီ သင်ကြားမည့် ICDL (IT-Security) သင်တန်းကို ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ နည်းပညာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

Security ပိုင်းဆိုင်ရာ အခြေခံအခေါ်အဝေါ် အသုံးအနှုန်းများကို ရင်းနှီးကျွမ်းဝင်စေရန်၊ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများတွင် ICT နှင့် ပတ်သက်ပြီး လုပ်ကိုင်နေရသော ဝန်ထမ်းများအနေဖြင့် Cyber Security Awareness များရရှိစေရန် နှင့် Cyber Security ပိုင်းအား လျှောက်လှမ်းမည့် လူငယ်များအတွက် နိုင်ငံတကာအသိအမှတ်ပြု Cyber Security Exam များဖြစ်သော CompTIA Security+ တို့လို ဘာသာရပ်များကို လေ့လာရာတွင် အခြေခံ Security ပိုင်းဆိုင်ရာ အခေါ်အဝေါ် အသုံးအနှုန်းများကို သိရှိပိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။

ဤသင်တန်းအား အခြေခံကွန်ပျူတာအသုံးပြုတတ်သူများနှင့် Network ပိုင်းကို အခြေခံ သိရှိထားသူများ၊ Computer Hardware ပိုင်းကို သိရှိထားသူများနှင့် အခြေခံကွန်ပျူတာ Security ပိုင်းအား လေ့လာလိုသူများ တက်ရောက်သင့်ပါသည်။

Content Overview – “ICDL (IT-SECURITY)
  • Security Concepts Data Threats, Value of Information, Personal Security, File Security
  • Malware (Malicious Software) Definition and Function, Types, Protection
  • Network Security Network, Network Connections, Wireless Security
  • Secure Web Use Web Browsing, Social Networking
  • Communication E-mail, Instant Messaging
  • Secure Data Management  Securing Data Management, Secure Destruction
သင်တန်းကာလ                –  ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက် မှ စက်တင်ဘာ (၂၅) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန်                –  နံနက် ၀၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
သင်တန်းကြေး                 –  ၁၀၀,၀၀၀ိ/ ( တစ်သိန်းကျပ်တိတိ)
MCPA Member (50%)     –  ၅၀,၀၀၀ (ငါးသောင်းကျပ်တိတိ)
သင်တန်းသားဦးရေ           –  (၁၅) ဦး
သင်တန်းနေရာ                 – အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း  ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

(မှတ်ချက်။   အတန်းတက်ချိန်၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)