9/13/2016

♪ Battery သက်တမ်းကြာရှည်အသုံးခံတဲ့ Acer Iconia Talk S ကို ပြည်တွင်းမှာဝယ်ယူနိုင် ♫


Battery သက်တမ်းကြာရှည်အသုံးခံအောင်ဖန်တီးထုတ်လုပ်ထားတဲ့ Acer Iconia Talk S (A1-734) ကိုပြည်တွင်းမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ Acer Myanmar က ကြေညာလိုက်ပါတယ် ။

လက်ရှိမှာ စမတ်ဖုန်းသုံးစွဲသူ အတော်များများဟာ ဖုန်းနဲ့ ဂိမ်းကစားခြင်း ၊ Facebook နဲ့ Instagram လိုမျိုး Social Media တွေကို အမြဲမပြတ်အသုံးပြုခြင်း တို့ကြောင့် Battery အကုန်မြန်တဲ့ ပြဿ       နာနဲ့ ကြုံတွေ နေကြရပါတယ် ။ အရေးကြီးတဲ့ အချိန်တွေမှာ အားကုန်မှာ စိုးရိမ်ရတဲ့အတွက် Power Bank တွေကို ဘယ်သွားသွား ယူဆောင်သွားနေရပါတယ် ။ ဒီအတွက် Acer က (၉)နာရီကျော်ကြာ မနားတမ်း အသုံးပြုနိုင်တဲ့ Acer Iconia Talk S (A1-734) ကိုမိတ်ဆက်လိုက်ပါတယ် ။

“ ပိုမိုကြာရှည်တဲ့ စက်သုံးစွဲချိန် လိုတဲ့ သင့်လိုအပ်ချက်ကို Acer Iconia Talk S (A1-734) က ဖြည့်ဆည်းပေးနိုင်ပါတယ်။ ၎င်းမှာ အထူးအားခံတဲ့ Battery ပါရှိပြီး စက်သုံးချိန် 9 နာရီကျော်ကြာခံနိုင်တာကြောင့် သင့်ရဲ့အရေးကြီးတဲ့အချိန်တိုင်းကို လွဲစေနိုင်တော့မှာမဟုတ့်ပါဘူး ” လို့ Acer Myanmar ကကြေညာထားပါတယ် ။

Specification တွေအနေနဲ့ Android 4.4.4 (Kitkat) , Quad Core (1.2GHz) CPU, 1 GB Ram , 16 GB storage (up to 120 GB), 7” widescreen HD IPS multi-touch screen, 5MP rear & 2MP front Camera, 4G LTE , Wifi, GPS & Bluetooth 4.0, 3780 mAh Battery, Dual SIM(micro SIM x 2) တို့ကို အသုံးပြုထားပြီး ဈေးနှုန်းကတော့ (၁၉၉) ဒေါ်လာဖြစ်ပါတယ် ။

ဝယ်ယူလိုသူတွေအနေနဲ့ ရွှေလမင်းနဂါးကုမ္ပဏီ ဖုန်းနံပါတ် ၀၁ – ၂၂၇၇၈၁ မှာဆက်သွယ်ဝယ်ယူနိုင် တယ်လို့သိရပါတယ် ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com