Huawei က IFA 2016 မှာ ၈.၄ လက်မ တက်ဘလက် အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Huawei MediaPad M3 လို့ အမည်ပေးထားပါတယ်။ Android Tablet ဖြစ်ပါတယ်။ MediaPad လို့ အမည်ပေးထားတဲ့အတိုင်းပဲ မီဒီယာများ ကြည့်ရှုဖို့ တက်ဘလက်ကို ဒီဇိုင်းထုတ်ထားပါတယ်။ မျက်နှာပြင်ရဲ့ Resolution မှာ 2560×1600 Pixels ဖြစ်ပါတယ်။ အဲဒီအတွက် ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ရှုရင် ရုပ်ထွက် အလွန်ကောင်းမွန်မှာဖြစ်ပါတယ်။

Harman Kardon အသိအမှတ်ပြု စတီရီယို စပီကာများတပ်ဆင်ထားတဲ့အတွက် အသံအရည်အသွေး အလွန်ကောင်းမွန်ပါတယ်။ Huawei Kirin 950 Processor , 4GB RAM ထည့်သွင်းထားပါတယ်။ ရုပ်ရှင်၊ ဗီဒီိယိုများ ကြည့်ရင် တုန့်ဆိုင်းမှု မရှိဘူးလို့ Huawei က ပြောပါတယ်။

အရွယ်အစားကြီးမားတဲ့ 5100mAh Battery ပါတဲ့အတွက် အချိန်ကြာမြင့်စွာ မီဒီယာများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ Android 6.0 Marshmallow ကို EMUI Skin နဲ့ တွဲဖက်ထားပါတယ်။ စက်တင်ဘာလမှာ ယူရို ၃၄၉ ဖြင့် စတင်ရောင်းချမှာပါ။