9/13/2016

♪ USB အပေါက်မှာ ထိုးလိုက်ရုံနဲ့ ကွန်ပြူတာတစ်လုံးကို ချက်ချင်းဖျက်ဆီးပစ်နိုင်တဲ့ မမ်မိုရီစတစ် ♫


ဒေါ်လာ ၅၀ လောက်သုံးရုံနဲ့ USB အပေါက်ပါတဲ့ အီလက်ထရောနစ်ပစ္စည်းတိုင်းကို ဖျက်ဆီးနိုင်တဲ့ USB စတစ် တစ်ခုကို ဟောင်ကောင်အခြေစိုက်ဟာ့ဒ်ဝဲလုံခြုံရေးကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
USB Kill 2.0 လို့ အမည်ပေးထားတဲ့ ယခုစတစ်ဟာ အိတ်ကပ်ထဲ အလွယ်တကူထည့်သွားလို့ အရွယ်အစားမှာရှိပြီး၊ ဈေးနှုန်းကလည်း ၅၆ ဒေါ်လာဆိုတော့ လူတိုင်းအသုံးပြုနိုင်မယ့်အနေအထားမှာ ရှိနေပါတယ်။
ဒီစတစ်ကို လက်ပ်တော့ (သို့) ကွန်ပြူတာတစ်ခုရဲ့ USB အပေါက်မှာ ထိုးလိုက်တာနဲ့ USB ပါဝါလိုင်းကနေ စတစ်အတွင်းက capacitor (လျှပ်သို) ထဲ ပါဝါဆွဲယူမှာဖြစ်ပါတယ်။ ထို့နောက် ၂၀၀ ဗို့အားရှိတဲ့ DC လျှပ်စီးကြောင်းကို ကွန်ပြူတာဒေတာလိုင်းကနေ ပို့လွှတ်ပြီး ဟာ့ဒ်ဝဲတစ်ခုလုံးကို ရှော့ခ်တိုက်ဖျက်စီးပစ်မှာပါ။
usb-killer2
ကုမ္ပဏီရဲ့ အဆိုအရ ဒီနည်းလမ်းနဲ့ USB အပေါက်ပါတဲ့ PC ၊ တီဗီ၊ ကော်ပီကူးစက် စတဲ့ အီလက်ထရောနစ်စက်တိုင်းကို ချက်ချင်း၊ သုံးမရအောင်ဖျက်စီးပစ်နိုင်တယ်လို့ ဆိုပါတယ်။

“ လုံခြုံရေးဆိုရာမှာ၊ USB အပေါက်တွေကနေ ဗိုင်းရပ်စ်မဝင်နိုင်အောင်၊ ဒေတာတွေမပျံ့နှံ့အောင်လို့ပဲ လုံခြုံရေးလုပ်ထားကြပေမယ့်၊ ယခုလိုလျှပ်စစ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးတွေအတွက် အကာအကွယ်ပေးထားလေ့မရှိပါဘူး။” လို့ ကုမ္ပဏီက ဆိုပါတယ်။

ယခုလိုဟာ့ဒ်ဝဲပိုင်းအားနည်းချက်ကို ကုမ္ပဏီဘက်က လူသိရှင်ကြားထုတ်ဖော်ခဲ့တာ တစ်နှစ်ကျော်လောက် ရှိပေမယ့်၊ ဘယ်ကုမ္ပဏီကမှ သူတို့ရဲ့ပစ္စည်းတွေကို အကာအကွယ်မလုပ်ပေးခဲ့ဘဲ၊ ဝယ်ယူသူ customer တွေကို လေးစားမှုမရှိကြောင်းကိုလည်း ဟောင်ကောင်ကုမ္ပဏီက ရေးသားဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီရဲ့ စမ်းသပ်ချက်မှာ ဈေးကွက်တွင်းက စက်တိုင်းနီးပါးဟာ ယခုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ဘဲ၊ Apple ရဲ့ Macbook စက်တွေကပဲ ခံနိုင်ရည်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Macbook တွေမှာ USB port ရဲံ ဒေတာလိုင်းက သက်သက်သွားတာဖြစ်တာကြောင့် ခံနိုင်ရည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ သင့်စက်မှာ ဒီလိုတိုက်ခိုက်မှုမျိုးကနေ အကာအကွယ်ယူချင်တယ်ဆိုရင်တော့ USB Kill ကုမ္ပဏီကပဲ ထုတ်တဲ့ ၁၅ ဒေါ်လာတန် အကာအကွယ်ပစ္စည်းကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။

usb-killer-tester


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com