11/12/2014

♪ Microsoft Lumia 535 ကို တရားဝင်ကြေညာပြီ ♫

Photo: Microsoft Lumia 535 ကို တရားဝင်ကြေညာပြီ
 ================================

Microsoft အမည် ရေးထိုးထားသော ပထမဆုံး စမတ်ဖုန်းကို တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။ ယခင်ကမူ Nokia အမည် ရေးထိုးထားသော စမတ်ဖုန်းများကိုသာ Microsoft ကရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ Microsoft Lumia 535 ဟု အမည်ပေးထားပြီး Single SIM နှင့် Dual SIM နှစ်မျိုး ရွေးချယ်နိုင်ပါသည်။ စွမ်းဆောင်ရည်နိမ့်ပြီး ဈေးသက်သာသော အမျိုးအစားဖြစ်ပါသည်။ 

Microsoft Lumia 535 တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 200 Chipset မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 1GB RAM, 8GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ 

ငါးလက်မ IPS Display ဖြစ်ပြီး Resolution မှာ qHD 960x540 ဖြစ်ပါသည်။ နေရောင်အောက်တွင် ကောင်းစွာ ကြည့်ရှုနိုင်သော နည်းပညာပါရှိပါသည်။ Corning Gorilla Glass ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားသဖြင့် အကြမ်းခံပါသည်။ အရှေ့နှင့် အနောက်တွင် တူညီသော 5MP Camera တပ်ဆင်ထားပါသည်။ 1905mAh Battery ပါရှိပါသည်။ 

Windows Phone 8.1 OS နှင့် Lumia Denim ကိုတွဲဖက် အသုံးပြုထားပါသည်။ Microsoft ၏ ၀န်ဆောင်မှုများကို အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ အနောက်ဘက် ကာဗာကို လဲလှယ်နိုင်ပြီး အရောင်များစွာ ထုတ်လုပ်ပေးထားပါသည်။ ယူရို ၁၁၀ ၀န်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ 

http://wp.me/p53MHN-gl

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
www.pyaephyo.com