Nokia က သူ၏ Mobile Phone စီးပွားရေးလုပ်ငန်းကို
Microsoft ထံတွင် ၂၀၁၃ ခုနှစ်၌ ရောင်းချခဲ့သော်လည်း ပထမဆုံး အကြိမ်
Hardware ထုတ်လုပ်မှုကို ယခုအခါ Nokia N1 Android Tablet ဖြင့် ပြန်လည် ပွဲထွက်လာပြီ ဖြစ်ပါသည်။
Nokia N1 Android Tablet သည် iPad Mini နှင့် ဒီဇိုင်းတူညီသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြပါ သည်။ N1 တွင် ၇.၉ လက်မ မျက်နှာပြင် တပ်ဆင်ထားသည့်အတွက် iPad Mini နှင့် အရွယ်တူညီပါသည်။ N1 ၏ ဈေးနှုန်းမှာ ဒေါ်လာ ၂၄၉ ဖြစ်သည့်အတွက် Apple Store တွင် ရောင်းချလျှက်ရှိသော ပထမမျိုးဆက် iPad Mini နှင့် တူညီပါသည်။
Specification အပိုင်းတွင် N1 သည် နောက်ဆုံးထုတ် iPad Mini နှင့် ဆင်တူပါသည်။ N1 တွင် 2048x1536 Pixel Resolution Display , 2.3GHz Intel Atom Processor, 2GB RAM, 32GB Internal Storage, 8 MP Rear Camera, 5 MP Front Camera တို့ ပါရှိပါသည်။
အခြား စွမ်းဆောင်ချက်များ အနေဖြင့် WiFi, Bluetooth, Stereo Speakers နှင့် အစွန်းနှစ်ဖက်လုံးမှ နေ၍ ဆက်သွယ်နိုင်သော Type-C Reversible Connector ပါသော Micro-USB 2.0 Jack တို့ ပါရှိပါသည်။ N1 ကို အညိုနှင့် သဘာဝ အလူမီနီယမ် အရောင်နှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။
Android 5.0 Lollipop နှင့် Nokia ၏ Z Launcher ပါရှိပါသည်။ N1 ကို ဖေဖော်ဝါရီလတွင် တရုတ်တွင် စတင်ရောင်းချမည် ဖြစ်ပြီး နောက်ပိုင်းတွင် အခြားနိုင်ငံများတွင် ရောင်းချမည် ဖြစ်သည်။