11/19/2014

♪ Gear VR အတွက် 3D ရုပ်ပုံများ ရိုက်ကူးနိုင်သည့် ကင်မရာကို Samsung မိတ်ဆက် ♫


Samsung သည် အသစ်ထုတ်လုပ်မည့် Gear VR အတွက် content များဖန်တီးရာတွင် အသုံးပြုမည့် ကင်မရာတစ်လုံးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ကင်မရာသည် လက်ရှိတွင် ရောင်းချခြင်း မရှိသည့်အပြင် ၃၆၀ ဒီဂရီ 3D ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးနိုင်သည်။

 ၎င်း Project Beyond ကင်မရာ အရွယ်အစားသည် ဟော်ကီရာ ဘာဒိုးပြားအရွယ်ရှိပြီး Samsung Gear VR headset နှင့်အတူ ထွက်ရှိလာမည့် hardware တစ်ခုဖြစ်သည်။ ထိုကင်မရာသည် 3D ရုပ်ပုံများကို  တစ်စက္ကန့်လျှင် 1 gigapixel နှုန်းဖြင့် ရိုက်ကူးပေးသည်။ ထိုကဲ့သို့ ရိုက်ကူးနိုင်ရန် 3D ရုပ်ပုံများ ပေါင်း စပ်ပေးသည့် နည်းပညာနှင့် အနီးအဝေးတို့ကို ထည့်သွင်းပေးနိုင်သော ရိုက်ချက်တို့ကို အသုံးပြုထားသည်။ ထို့အပြင် မြင်ကွင်းကျယ် အမျိုးမျိုးအတွက် ကင်မရာများစွာ ပေါင်းစပ် ထည့်သွင်းပေး ထားသည်။

Project Beyond ကင်မရာများကို ကမ္ဘာတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် နေရာချထားနိုင်သောကြောင့် Gear VR သုံးစွဲသူများ အနေဖြင့် ဆိုဖာမှမရွေ့လျားဘဲ နေရာသစ်များကို လေ့လာနိုင်မည်ဖြစ်သည်။ Samsung Gear VR headset ကိုဝယ်ယူ လိုသူများအနေဖြင့် Samsung ဝက်ဘ်ဆိုက်တွင် ကြိုတင် စာရင်းပေးပြီး ထုတ်ကုန်ကို ဒီဇင်ဘာလတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

စိုးထက်
Ref: TheNextWeb
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com