Starwood Hotels သည် စမတ်ဖုန်းကို ဟိုတယ် အခန်းသော့ အဖြစ်
အသုံးပြုနိုင်ရန် ပြုလုပ်ပေးသော ပထမဆုံး ဟိုတယ် ဖြစ်လာပါသည်။ အဆိုပါ
ဝန်ဆောင်မှုကို ယခုနှစ် အစောပိုင်းတွင် Starwoods Hotels အနည်းငယ်တွင် စတင်
စမ်းသပ်ခဲ့ခြင်း ဖြစ်ပါသည်။
10 Aloft, Element နှင့် W Hotels များတွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်တွင် ဟိုတယ် ၁၄၀ တွင် ထပ်မံ တိုးချဲ့၍ ၀န်ဆောင်မှုပေးမည် ဖြစ်သည်။ ၀န်ဆောင်မှုကို အသုံးပြုရန် စမတ်ဖုန်း App တစ်ခုကို အသုံးပြုရမည် ဖြစ်သည်။ App မှတစ်ဆင့် အခန်းများကို ကြိုတင်မှာယူနိုင်မည် ဖြစ်သကဲ့သို့ Check-In ပြုလုပ်ခြင်း၊ အခန်းတံခါးသော့ကို ဖွင့်နိုင်ခြင်း တို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။
App သည် Bluetooth ဆက်သွယ်မှုကို အသုံးပြုပြီး အခန်းတံခါးသော့ကို ဖွင့်ပေးမည် ဖြစ်သည်။ လုံခြုံရေး အတွက် ဖုန်းသည် တံခါးရှိ အာရုံခံ ကိရိယာကို ထိပေးရမည် ဖြစ်ပြီး တစ်ကြိမ်တွင် ဖုန်းတစ်လုံးကိုသာ အခန်းသော့အဖြစ် အသုံးပြုနိုင်ပါသည်။
Myanmar Digital Life Journal