မြန်မာနိုင်ငံတွင်မကြာမီဖွံ့ ဖြိုးလာဖွယ်ရှိသော ဂြိုဟ်တုနည်းပညာဖိုရမ်ကို လာမည့် နိုဝင်ဘာလ ၁၈ရက်မှ ၂၀ရက်အတွင်းပြုလုပ်သွားမည်ဟု
သိရသည်။ အဆိုပါ CommuniCast ၂၀၁၄ ပွဲကို Myanmar Event Park တွင်ကျင်းပ
မည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ မှ ဆက်သွယ်ရေးနည်းပညာ ကဏ္ဍတွင် ဦးဆောင်
နေသော နည်းပညာကုမ္ပဏီ ၉၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေးနည်းပညာ ၊ စီးပွားရေးလုပ်ငန်းနှင့် နည်းပညာဆိုင်ရာဖြေရှင်းမှုများကို တစ်နေရာ တည်း တွေ့ မြင်နိုင်မည့်ပွဲ ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ တွင် Myanmar Satellite Forum 2014 ကိုလည်း ကျင်းပ သွားမည်ဖြစ်သည်။ တယ်လီကွန်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ ရုပ်သံထုတ်လွှင့် မှုများ ကျယ်ပြန့် လာမည့် မြန်မာနိုင်ငံ၏ အခြေအနေပေါ်မူတည်ပြီး Satellite ကုမ္ပဏီများက ပြည်တွင်းကို ၀င်ရောက်ရန်ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ပြပွဲကျင်းပသောတာဝန်ခံက ဆိုသည်။ အဆိုပါပွဲတွင် နိုင်ငံတကာကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်၊ Redlink ၊ MPT အစရှိသောကုမ္ပဏီများလည်းပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။