11/25/2014

♪ Apple က အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်းမှာ iPhone အလုံးရေ ၇၁.၅ သန်းရောင်းချနိုင်ရန် ခန့်မှန်း ♫

Photo: Apple က အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်းမှာ iPhone အလုံးရေ ၇၁.၅ သန်းရောင်းချနိုင်ရန် ခန့်မှန်း
=====================================================

Apple ဟာ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်းမှာ iPhone အလုံးရေ ၇၁.၅ သန်း ရောင်းချနိုင်မယ်လို့ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming Chi Kuo ကရေးသားထားပါတယ်။ 

Apple ရဲ့ ပတ်သက်ပြီး တိကျစွာ ဟောကိန်းထုတ်နိုင်ခဲ့ဖူးတဲ့ Kuo က တွက်ချက်ရာမှာ Apple ဟာ Quarter 4 ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ရောင်းအားဟာ Quarter 3 ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ရောင်းအားထက် ၈၂ ရာခိုင်နှုန်းတောင် တိုးတက်လာမှာပါတဲ့။ အဓိက ရောင်းချရမှာက iPhone 6 ဖြစ်ပြီး ခြောက်ဆယ်ရာခိုင်နှုန်းတောင် ရောင်းအားရှိမှာဖြစ်ပါတယ်။ iPhone 6 Plus ကတော့ ပစ္စည်းပြတ်နေလို့ ဒီလောက်ရောင်းအားကောင်းမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ 

၂၀၁၅ ခုနှစ်ရဲ့ ဇန်န၀ါရီလကနေ မတ်လအတွင်းမှာလည်း iPhone 6 အလုံးရေ ၂၁.၆ သန်းနဲ့ 6 Plus အလုံးရေ ၁၀.၂ သန်း အပါအ၀င် အားလုံးပေါင်း ၄၉.၅ သန်းရောင်းချနိုင်မယ်လို့ တွက်ချက်ထားပါတယ်။ 

Kuo က စွမ်းဆောင်ရည်နိမ့် iPhone 5C နဲ့ 4S တို့လို မော်ဒယ် အဟောင်းတွေကိုလည်း ၂၀၁၅ မှာ ရောင်းချမှု ရပ်နားတော့မယ်လို့ ခန့်မှန်းထားပါတယ်။ 

http://wp.me/p53MHN-j0

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
www.pyaephyo.com