11/05/2014

♪ Acer က သူ၏ ပထမဆုံး 4K Laptop ကို ရောင်းချ ♫

acer-aspire-v-nitro-black-edition

Acer က ၁၅.၆ လက်မ Ultra High Definition (4K) မျက်နှာပြင် တပ်ဆင်ထားသော V Nitro Black Edition အမျိုးအစားကို ပြသလိုက်ပါသည်။ Acer ၏ ပထမဆုံး 4K Laptop လည်း ဖြစ်သည်။ မျက်နှာပြင်၏ Resolution မှာ 3840×2160 ဖြစ်ပြီး 1080p Full HD Display ထက် Pixel ပါဝင်မှုမှာ လေးဆပိုမိုပါသည်။ 4K Laptop ကို ဒေါ်လာ ၁၅၀၀ ဖြင့်ရောင်းချမည် ဖြစ်သည်။

4K Laptop ကို စတုတ္ထမျိုးဆက် Intel Core i7-4710HQ Quad-Core Processor, Nvidia GeForce GTX860M Graphics Card ဖြင့် မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 16GB RAM Memory , 256GB SSD နှင့် 1TB Hard Drive တို့ ပါရှိပါသည်။

V Nitro Blcack Edition သည် စွမ်းဆောင်ရည် မြင့်မားပြီး ဂိမ်းများနှင့် အခြား အလုပ်များစွာကို ကောင်းစွာ ကိုင်တွယ်နိုင်ပါသည်။ စပီကာ လေးလုံးနှင့် Surround Sound ပါသော Dolby Digital Plus Home Theater ပါသည့်အတွက် ဂိမ်း၊ ရုပ်ရှင်နှင့် သီချင်းများကို ကောင်းစွာ ခံစားနိုင်မည် ဖြစ်သည်။

V Nitro Black Edition ကို ယခုလနောက်ပိုင်းတွင် အမေရိကန် ၌ Tiger Direct , Newegg, Microsoft.com, Amazon တို့မှ ရောင်းချမည် ဖြစ်သည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com