Sony က Xperia C3 စမတ်ဖုန်းကို တရားဝင်ကြေညာလိုက်ပြီး Selfie ရိုက်ဖို့ ကမ္ဘာ့အကောင်းဆုံး ဖုန်းလို့ ဆိုပါတယ်။ ၅.၅ လက်မအရွယ်
IPS Display တပ်ဆင်ထားပြီး 720p Resolution ရှိပါတယ်။ ဓါတ်ပုံများ
ရိုက်တဲ့အခါမှာ ပုံထွက်ကောင်းစေဖို့ Sony Mobile BRAVIA Engine 2 ကို
အသုံးပြုထားပါတယ်။ Xperia C3 ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတစ်လုံးပါ။
Xperia C3 မှာ Quad-Core 1.2GHz Cortex-A7 Processor တပ်ဆင်ထားတဲ့
Snapdragon 400 Chipset , Adreno 305 GPU, 1GB RAM ပါရှိပါတယ်။ 8GB
Internal Storage ပါရှိပြီး 32GB အထိဝင်ဆန့်တဲ့ MicroSD Card
အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ LED Flash
ပါရှိပါတယ်။ အလွန်ပါးလွှာပြီး ၇.၆ မီလီမီတာသာရှိပါတယ်။ Android 4.4 KitKat
ကို အသုံးပြုထားပါတယ်။ 2500mAh Battery က တစ်ခါအားသွင်းထားရင် ၂၄ နာရီ
ဖုန်းပြောနိုင်ပါတယ်။
Sony Xperia C3 ဟာ 4G ကို အထောက်အပံ့ပေးပါတယ်။ Sony Xperia C3 Dual ဆိုတဲ့ SIM Card နှစ်ခု အသုံးပြုလို့ရတဲ့ အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။
Sony Xperia C3 ရဲ့ ထူးခြားမှုက ၂၅ မီလီမီတာ အကျယ် Lens တပ်ဆင်ထားတဲ့ 5 Megapixel Camera ကို အရှေ့ဘက်မှာ LEF Flash နဲ့ တပ်ဆင်ထားတာပါ။ ကိုယ်တိုင်ရိုက် ဓါတ်ပုံများအတွက် ကောင်းမွန်တဲ့ Selfie Phone ဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာဟာ အနောက်ဘက် ကင်မရာလိုပဲ Superior Auto Mode ကို အထောက်အပံ့ပေးပေမယ့် Autofocus မပါရှိပါဘူး။ Superior Auto Mode က ရှုခင်းပေါ်မူတည်ပြီး Settings များကို အလိုအလျှောက် ချိန်ညှိပေးတာပါ။ Portrait Retouch V2 က Selfie ရိုက်တဲ့ အခါမှာ ကြိုတင်သတ်မှတ်ထားတဲ့ ဓါတ်ပုံ စွမ်းဆောင်ချက်များနဲ့ ရိုက်ကူးနိုင်ပါတယ်။
Sony Xperia C3 ကို အဖြူ၊ အနက်၊ အစိမ်းဖျော့ အရောင်သုံးမျိုး ထုတ်လုပ်ပေးထားပြီး သြဂုတ်လ မှာ ရောင်း ချပေးမှာပါ။ ပထမဆုံး ရောင်းချမယ့် နိုင်ငံက တရုတ်ဖြစ်ပြီး နောက်ပိုင်းမှာ တစ်ကမ္ဘာ လုံးမှာ ရောင်း ချမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်းကို မကြေညာသေးပါဘူး။
Myanmar Consumer Guide