7/03/2014

♪ Sonyရဲ့ ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်တဲ့ - Sony Xperia™ Z2 Tablet ♫

http://011now.files.wordpress.com/2014/04/sony-xperia-z2-tablet.jpg

Price -690000 Ks

Sonyရဲ့ ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်တဲ့ တက်ဘလက်လေးပဲဖြစ်ပါတယ်။ ရေစိုခံတွေခေတ်စား တဲ့အချိန်မှာ ဆိုနီအနေနဲ့သူရဲ့တက် ဘလက်လေးဟာလုံးဝအာမခံချက်ပြည့်ဝစွာစွမ်းဆောင်ပေးပါလိမ့်မယ်။ နည်းပညာမြင့်ပစ္စည်းတွေရဲ့ အလည်မှာ Z2 tablet လေးကလဲလုံးဝ ကြွားဝါနေစေမှာဖြစ်ပါတယ်။ကောင်း မွန်ပြည့်စုံတဲ့လုပ်ဆောင်ချက်တွေနဲ့အတူ ကမ္ဘာ့အပါးလွှာဆုံးနဲ့အပေါ့ပါးဆုံး ဆိုတဲ့စွမ်းဆောင်ရည်တွေ ကိုပေးစွမ်းမယ့် Z2 tablet ဟာပြိုင်ဘက်တက်ဘလက်တွေကိုလုံးဝနောက် ကောက်ကျစေပါလိမ့်မယ်။ ဆိုနီရဲ့2014အသစ် ထွက်ရှိ လာတဲ့ Z2 တက်ဘလက်ဟာ android တက်ဘလက်တွေထဲမှာ ထိပ်ဆုံးအဆင့် ရှိမှာဖြစ်ပါတယ်။ ယခင်ထွက်ရှိခဲတဲ့ဗားရှင်းတုန်းကတည်းက ပါးလွှာပေါ့ပါးလာခဲ့တာဟာ အခုတော့ 10 လက်မတက်ဘလက်ဟာ စက္ကူစလေးတစ်ရွက်သာသာလောက်ပဲ ရှိလိမ့်မယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် 6.8 မီလီမီတာအသာထူရှိပြီး 426ဂရမ်အလေးချိန်ဟာ အရင်ထွက်ထားတဲ့သူ့ညီအစ်ကိုတော့် tablet Z ထက် ၇၀ဂရမ်နီးပါးပိုမိုပေါ့ပါးကာ၊ apple ရဲ့iPad air ထက်စာရင်တော့ ၃၀ဂရမ်နီးပါးပိုမိုပေါ့ပါးမှာဖြစ်ပါတယ်။



 ဆိုနီဟာသူရဲ့တက်ဘလက်ဒီဇိုင်းကို ရွန်းဆိုပြောင် လက်တောက်ပတဲ့ အနားသတ်လေးတွေတည်ဆောက် ထားပါတယ်။ 10.1လက်မ မျက်နှာပြင်မှာ ပုံရိပ်ဖော်ပြနိုင်မှုအ တွက်ကတော့ 1920x 1200 ရှိမှာဖြစ်ပြီး 224PPI နဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်ထောင့်ဖြတ် မြင်တွေ့ရမှုပုံစံကတော့ ရှင်းလင်းပီသဖို့ တာဝန်ယူပါလိမ့်မယ်။ Android တက်ဘလက်တွေဖြစ်တဲ့ 10လက်မမြင်ကွင်းဖြော်ပမှုရှိတဲ့ Google nexus 10, Samsung galaxy Note 10တို့ကိုကောင်းကောင်းကြီးယှဉ်ပြိုင်နိုင်ပါတယ်။ Z2 ဟာနောက်ဆုံးထွက်ရှိထားတဲ့ snapdragon 801 ပရိုဆက်ဆာနဲ့ ဂရပ်ဖစ်ပိုင်းအထစ်အငေါ့မရှိစေဖို့ adreno 330GPUသုံးတဲ့ ပထမဆုံး သော တက်ဘလက်ဖြစ်နေပါတယ်။ 2.3GHz Quad-Core chipနဲ့ 3GB Ram ကို သုံးစွဲထားတာကြောင့် နောက် ဆုံးပေါ်တက်ဘလက်တွေထက်စာရင် HD ဂိမ်းတွေဆော့ကစားတာ၊ ရုပ်ရှင်တွေကြည့်ရှုတဲ့အခါ မှာ ချောမွေ့ မြန်ဆန်နေပါလိမ့်မယ်။ ဘယ်ဗားရှင်းပဲရွေးချယ်ရွေးချယ် ဒီပါဝင်မှုတွေကို သုံးစွဲနိုင်မှာ မလွဲပါဘူး၊ကွန်ရက်ချိတ်ဆက်သုံးစွဲရင် နက်ဝက်တွေ ကို မြန်ဆန်စွာချိတ်ဆက်နိုင်မှာဖြစ်ပြီး အင်တာနက် သုံးစွဲတဲ့အချိန်ကို ဆွဲဆန့်ထားလို့ရနိုင်လိမ့်မယ်။ ဆိုနီရဲ့လက်ရှိထွက်ထားသမျှထဲမှာ တော့စွမ်းဆောင်ရည် အကောင်းဆုံးလို့တောင်ဆိုထားတယ်။ အချက်အလက်တွေကိုမျှဝေနိုင်စေဖို့အတွက် Bluetooth ,wi-fi တို့ကို သုံးစွဲ နိုင်မှာဖြစ်ပြီး NFC ကိုထောက်ပံ့ပေးပါတယ်။ သင့်ကမိုဘိုင်နက်ဝက်ဖွင့်ထားပြီး အင်တာနက် သုံးနေမယ်ဆိုရင်တောင် ဖုန်းခေါ်ဆိုမှုတွေကို တပြိုင်နက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကင်မရာအတွက် ဆိုရင်လည်းသူမှာ ထူးခြားတဲ့လုပ်ဆောင်ချက်တွေကိုမြင်တွေ့ရအုံးမှာပါ။ ကင်မရာ အရည်အသွေးကတော့ 8.1 MP ပါဝင်မှာဖြစ်ပြီး Geo-tagging, touch focus, auto focus, LED flash, sweep panorama, smile detection အစရှိတဲ့ လုပ်ဆောင် ချက် အစုံအလင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာဟာ ဗီဒီယိုတွေရိုက်ကူးတဲ့ အချိန်မှာလဲ 1080p(HD) အရည်အသွေးရ ရှိအောင်စွမ်း ဆောင်ပေးပါလိမ့်မယ်။ ၀ယ်ယူလိုတယ်ဆိုရင်တော့ ဖုန်း01-398566 နဲ့ 01-546006(လိုင်းခွဲ-114)ကို စုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်။ Warranty ကတော့ 1 years သတ်မှတ်ပေး ထားပြီး TMW Showroom နဲ့ အခြားသော မိုဘိုင်းဖုန်းအရောင်းဆိုင်၊ ကွန်ပျူတာအရောင်း ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

TechSpace Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>