7/04/2014

♪ Lenovo က ဈေးသက်သာသည့် Golden Warrior A8 စမတ်ဖုန်းကို တရုတ်တွင် ပြသ ♫

Photo: Lenovo က ဈေးသက်သာသည့် Golden Warrior A8 စမတ်ဖုန်းကို တရုတ်တွင် ပြသ
==============================================

Lenovo က ပထမဆုံး Golden Warrior စမတ်ဖုန်းဖြစ်သော S8 ကို မကြာမီက ရောင်းချခဲ့ပြီး ယခုအခါ သူ၏ မျိုးဆက် Golden Warrior A8 စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။ 

S8 ကဲ့သို့ပင် A8 သည် အလွန်ဈေးသက်သာပြီး ကောင်းမွန်သော Specification များပါရှိပါသည်။ စမတ်ဖုန်းနှစ်လုံးသည် ဒီဇိုင်း အနည်းငယ်ကွဲပြားပြီး A8 ၏ အနောက်ဘက် ကာဗာကို Samsung စမတ်ဖုန်းများကဲ့သို့ သားရေဖြင့် ချုပ်လုပ်ထားသည့်ပုံပေါက်သည့် ပလတ်စတစ် ကာဗာကို အသုံးပြုထားပါသည်။ ထို့အပြင် A8 တွင် S8 ၌ မပါသည့် 4G LTE ဆက်သွယ်မှုကို ထောက်ပံ့သည့် စွမ်းဆောင်ချက်ပါရှိလာပါသည်။ 

Lenovo Golden Warrior A8 တွင် ငါးလက်မ 720p HD ထိတွေ့မျက်နှာပြင်ကို တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13 MP Camera နှင့် LED Flash နှစ်ခုပါရှိပါသည်။ မျက်နှာချင်းဆိုင်တွင် ကိုယ်တိုင်ရိုက်ဓါတ်ပုံများအတွက် 5 MP Camera ပါရှိပါသည်။ 

A8 ကို Octa-Core CPU တပ်ဆင်ထားသည့် MediaTek MT6592 Chipset ဖြင့် မောင်းနှင်မည်ဖြစ်သည်။ LTE အသုံးပြုလျှင် 150Mbps အထိ အမြန်နှုန်း ရရှိနိုင်ပါသည်။ 

A8 တွင် 2GB RAM, 16GB Internal Storage ပါရှိပါသည်။ Android 4.4.2 KitKat နှင့် အတူ Lenovo ၏ Vibe UI 2.0 ကို တွဲဖက်အသုံးပြုထားပါသည်။ 

A8 ကို အဖြူ၊ ရွှေ၊ ပန်းရောင်၊ အနက်များ ရွေးချယ်နိုင်ပါသည်။ China Mobile မှ ရောင်းချမည့် အမျိုးအစားကို ယွမ် ၇၉၈ (ဒေါ်လာ ၁၂၈) နှင့် China Unicom မှ ရောင်းချမည့် အမျိုးအစားကို ယွမ် ၈၉၈ (ဒေါ်လာ ၁၄၄) သတ်မှတ်ထားပါသည်။ 

A8 ကို ရောင်းချမည့် အချိန်ကို Lenovo က ကြေညာခြင်းမရှိဟု သိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံ ပြင်ပတွင် ရောင်းချမည်ဆိုသည့် သတင်းကိုလည်း မသိရသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>