7/18/2014

♪ Firefox OS Smartphone များ ဥရောပ၊ လက်တင်အမေရိက နှင့် အာရှပစိဖိတ် နိုင်ငံများတွင် တိုးချဲ့ရောင်းချ ♫

Photo: Firefox OS Smartphone များ ဥရောပ၊ လက်တင်အမေရိက နှင့် အာရှပစိဖိတ် နိုင်ငံများတွင် တိုးချဲ့ရောင်းချ
======================================================

Mozilla က Firefox OS Smartphone များကို တိုးချဲ့ရောင်းချမည့် အစီအစဉ်ကို သူ၏ ဘလော့တွင် ကြေညာထားပါသည်။ ယခုအချိန်တွင် Firefox OS အသုံးပြုထားသည့် စမတ်ဖုန်း ခုနစ်လုံးရှိပြီး LG Fireweb, ZTE Open C, ZTE Open, ZTE Open II, Alcatel One Touch Fire, One Touch Fire E, Huawei Y300 II တို့ ဖြစ်ပါသည်။ One Touch C ကို ၂၀၁၄ ခုနှစ် နှစ်လယ်တွင် ရောင်းချမည် ဖြစ်သည်။

ဥရောပတွင် Deutsche Telekom က Firefox စမတ်ဖုန်းများကို စတင်ရောင်းချပေးနေပြီး နိုင်ငံသစ်များ ဖြစ်သည့် Croatia, Czech Republic,  Macedonia , Montenegro တို့တွင် တိုးချဲ့ရောင်းချပေးမည် ဖြစ်သည်။ Firefox OS အတွက် Mozilla ၏ Partner များထဲမှ တစ်ဦး ဖြစ်သူ Telefonica က Firefox Phone များကို ဂျာမနီတွင် ယခုလနောက်ပိုင်း၌ ရောင်းချမည် ဖြစ်သည်။ 

Carrier O2 က Alcatel One Touch Fire E ကို ကြိုတင်ရောင်းချပေးနေပြီး ZTE က Open C ကို ပြင်သစ် ၌ ယခုလနောက်ပိုင်းတွင် ရောင်းချရန် စီစဉ်နေပါသည်။ 

ဥရောပပြင်ပတွင် Firefox OS Phone များကို အာဂျင်တီးနားနှင့် အီကွေဒေါ စသည့် လက်တင်အမေရိကတွင် ရောင်းချမည်ဖြစ်သည်။ America Movil က ယခုနှစ်အစောပိုင်းတွင် Firefox Phone များကို မက္ကဆီကိုတွင် ရောင်းချခဲ့ပါသည်။ 

Mozilla က ဈေးသက်သာသည့် Firefox OS Phone များကို ရောင်းချရန် အိန္ဒိယရှိ Carrier နှစ်ဆယ်ကျော်နှင့် ပူးပေါင်းမည် ဖြစ်သည်။ အာရှပစိဖိတ်ဒေသများအတွက် တယ်လီနောက ယခုနှစ်ကုန်တွင် Firefox OS Phone များကို ရောင်းချမည်ဟု အတည်ပြုပါသည်။ ထိုင်ဝမ်တွင် Chunghwa Telecom က Firefox OS Phone များကို ရောင်းချပေးနေပါသည်။


Mozilla က Firefox OS Smartphone များကို တိုးချဲ့ရောင်းချမည့် အစီအစဉ်ကို သူ၏ ဘလော့တွင် ကြေညာ ထားပါသည်။ ယခုအချိန်တွင် Firefox OS အသုံးပြုထားသည့် စမတ်ဖုန်း ခုနစ်လုံးရှိပြီး LG Fireweb, ZTE Open C, ZTE Open, ZTE Open II, Alcatel One Touch Fire, One Touch Fire E, Huawei Y300 II တို့ ဖြစ်ပါသည်။ One Touch C ကို ၂၀၁၄ ခုနှစ် နှစ်လယ်တွင် ရောင်းချမည် ဖြစ်သည်။

ဥရောပတွင် Deutsche Telekom က Firefox စမတ်ဖုန်းများကို စတင်ရောင်းချပေးနေပြီး နိုင်ငံသစ် များ ဖြစ်သည့် Croatia, Czech Republic, Macedonia , Montenegro တို့တွင် တိုးချဲ့ရောင်းချပေးမည် ဖြစ်သည်။ Firefox OS အတွက် Mozilla ၏ Partner များထဲမှ တစ်ဦး ဖြစ်သူ Telefonica က Firefox Phone များကို ဂျာမနီတွင် ယခုလနောက်ပိုင်း၌ ရောင်းချမည် ဖြစ်သည်။

Carrier O2 က Alcatel One Touch Fire E ကို ကြိုတင်ရောင်းချပေးနေပြီး ZTE က Open C ကို ပြင်သစ် ၌ ယခုလနောက်ပိုင်းတွင် ရောင်းချရန် စီစဉ်နေပါသည်။

ဥရောပပြင်ပတွင် Firefox OS Phone များကို အာဂျင်တီးနားနှင့် အီကွေဒေါ စသည့် လက်တင်အမေရိက တွင် ရောင်းချမည်ဖြစ်သည်။ America Movil က ယခုနှစ်အစောပိုင်းတွင် Firefox Phone များကို မက္ကဆီကို တွင် ရောင်းချခဲ့ပါသည်။

Mozilla က ဈေးသက်သာသည့် Firefox OS Phone များကို ရောင်းချရန် အိန္ဒိယရှိ Carrier နှစ်ဆယ်ကျော်နှင့် ပူးပေါင်းမည် ဖြစ်သည်။ အာရှပစိဖိတ်ဒေသများအတွက် တယ်လီနောက ယခုနှစ်ကုန်တွင် Firefox OS Phone များကို ရောင်းချမည်ဟု အတည်ပြုပါသည်။ ထိုင်ဝမ်တွင် Chunghwa Telecom က Firefox OS Phone များကို ရောင်းချပေးနေပါသည်။
Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>