Ooredoo Myanmar မှ 3G စနစ်ဖြင့် ဖုန်းဆက်သွယ်မှုကွန်ယက်စမ်းသပ်သည့်
ပထမဆုံးဖုန်းခေါ်ဆိုမှုအား မန္တလေးမြို့၊၃၅ လမ်း၊၅၄×၅၅ လမ်း၊ ယင်းတို့
ကုမ္ပဏီတွင် မေ ၁၉-ရက်၊မွန်းလွဲ ၄-နာရီက ပြုလုပ်ခဲ့သည်။
3G စနစ် ဖုန်းခေါ်ဆို စမ်းသပ်မှုကို ကုမ္ပဏီမှ နည်းပညာနှင့် သတင်းအချက်လက်ပိုင်းဆိုင်ရာ တာဝန်ရှိသူ Ms.John Farhat က3 G
စနစ်ဖြင့်ခေါ်ဆိုမှုအားစမ်းသပ်ပြခဲ့ရာဖုန်းလိုင်းကြည်လင်ပြတ်သားမှုရှိကြောင်းသိရပြီး၊ZTE နှင့် Net Work Set-up များလုပ်ဆောင်ခဲ့သည်ဟုသိရသည်။
“အော်ရီဒူးကနေ ပထမဆုံး 3G ဖုန်းခေါ်ဆိုမှုကို စတင်လုပ်ဆောင်နိုင်ပါပြီ
၊Handset မှာ MPT ပေါ်သလို Ooredooိုပြီးပေါ်လာမယ်၊ျနော်တို့မန္တလေးမှာ
အရင်ပြီးလို့ စမ်းသပ်ပြောဆိုတာ လက်တွေ့လုပ်ပြတာပါ၊ ကားဗရေ့တွေကို
သုံးစွဲသူလိုအပ်ချက်အရ ချဲ့သွားမယ်။” ဟု ၄င်းက ရှင်လင်းပြောကြားခဲ့သည်။
ကုမ္ပဏီအနေဖြင့် မန္တလေးမြို့တိုင်းအတွင်း တာဝါတိုင်ပေါင်း တစ်ရာကျော်ကို
ZTE ကုမ္ပဏီနှင့် တခြားသော ဆက်သွယ်ရေး ကုမ္ပဏီများဖြင့် ပူးပေါင်းကာ
ဆောင်ရွက်နေကြောင်း၊မိုဘိုင်းတယ်လီဖုန်းစနစ် ရေဒီယိုစခန်း တာဝါတိုင်
တည်ဆောက်ရေးလုပ်ငန်းများ အတွက် မြေငှားရမ်းသုံးစွဲမှု အပြင်
ဖိုင်ဘာကေဘယ်(လ်)သွယ်တန်း ရေးတွင် လုပ်ကိုင်ရသည့်လုပ်ငန်းများ
အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြအကူအညီရယူ ထား
ကြောင်းသိရသည်။
အော်ရီဒူးကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ဆက်သွယ်ရေးလုပ်ငန်း
လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိပြီး မန္တလေးမြို့တွင် ပထမဆုံး ဖုန်းခေါ်ဆို
စမ်းသပ်မှုကို ပြုလုပ်ပြုခဲ့ခြင်းဖြစ်၍ တိုင်းဒေသကြီးအတွင်း
မြို့နယ်ပေါင်း ၂၃-ခုတွင် ဦးစွာစိုက်ထူသွားမည်ဖြစ်သည်။
“ဆက်သွယ်ေ၇းကောင်းမွန်အောင် လိုအပ်သလိုင်းတွေတိုးချဲ့ပေးသွားမယ်၊ SIMကတ်တွေ ရောင်းချဖို့ ဘယ်ရက် ၊ဘယ်အချိန်ဆိုတာ
အတိအကျမပြောနိုင်သေးပါဘူး။Data နဲ့ Video Call ထိရမှာပါ၊Roming နဲ့
ပတ်သက် လို့ကတော့ MPTနဲ့ ညှိနှိုင်း ဆဲပဲရှိတယ်။”ဟု
ယင်းကဆက်လက်ပြောကြားသည်။ယခင်က သတ်မှတ်ခဲ့သည့် အချိန်ထက် မမျှော်လင့်ဘဲ နောက်ကျမှုများမှာပစ္စည်းများသယ်ယူရွှေ့ပြောင်း ရခြင်း များအပါအ၀င် အခြားအကြောင်းများကြောင့်ဖြစ်ရကြောင်း၊ ရန်ကုန်တွင် နေအိမ်တိုက်မြင့်အဆောက် အဦများပေါ်
တာဝါတိုင်၏အလေးချိန်ကိုမခံနိုင်သဖြင့် အခက်အခဲရှိခဲ့ကြောင်း သိရသည်။

Credit to Myanmar Digital Life Journal