5/22/2014

MEC Tel Sim Card ပျက်ပျောက်များကတ်အသစ်ထုတ်ယူရာတွင် အမည်နှင့်အမှတ်စဉ်လို

Myanmar Digital Life Journal's photo.


မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း အမှတ်တံဆိပ် CDMA 800 MHz Sim card ပျက်၊ ပျောက်များကို လျှောက်ထားရာတွင် ကတ်ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို ၂၀၁၄ခုနှစ် ဧပြီကာလမှ အစပြု၍ ရပ်ဆိုင်းထားရှိသည်။ လက်ရှိကာလတွင် အဆိုပါ ငွေကျပ် (၁၅၀၀)တန် တန်ဖိုးနည်း CDMA 800 MHz (MEC Tel) Sim card များကို ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှတစ်ဆင့် သိရှိရသည်။
“ ပြီးခဲ့တဲ့ မေ(၁၉) ရက်နေ့ကအစပြုပြီး ညနေ(၃း၀၀) နာရီမှာ Sim card ပျောက်၊ ပျက်တွေ ကို ပြန်ထုတ်ပေးနေပါတယ်။ ကျန်တဲ့ Sim card တွေကို ဘယ်နေ့တွေ ထုတ်ပေးသွားမလဲဆိုတာကိုတော့ အချိန်နဲ့တစ်ပြေးညီ ကြေငြာသွားမှာပါ။ ပန်ဆိုးတန်းစာတိုက်ကြီးအ ပေါ်ထပ်မှာရှိတဲ့ ဆက်သွယ်ရေးရုံးမှာလာရောက်စုံစမ်းနိုင်ပါတယ်။ အ ခုထုတ်ပေးနေတဲ့ကတ်တွေကတော့ ဧပြီကာလက ပျက်၊ ပျောက် လျှောက်ထားတဲ့ကတ်တွေပါ ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် လက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
CDMA 800 MHz (MEC Tel ) Sim card ပျက်၊ပျောက် လျှောက်ထားသူများအနေဖြင့် ကတ်ပြန်လည်ထုတ်ယူပါကကတ်ပျက်၊ ပျောက်လျှောက်ထားစဉ် သုံးခဲ့သောအမည်နှင့် မှတ်ပုံတင်အမှတ်စဉ် များကို ယူဆောင်လာရမည်ဖြစ်သည်။ သက်တမ်းလွန် (Termination) စာရင်းပါသူများကို ကတ်ပြန်လည်ထုတ်ပေးသွားမည်မဟုတ် ကြောင်း သိရှိရသည်။ လတ်တလောကာလအတွင်း ငွေကျပ် (၁၅၀၀) တန် CDMA 800 MHz (MEC Tel) Sim crd ပျက်၊ ပျောက်လျှောက်ထားသူများအနေဖြင့် Sim card ပြန်လည်ထုတ်ပေး ရန် အချိန်ကြန့်ကြာဦးမည်ဟု သိရှိရသည်။ “ကတ်ပျက်၊ ကတ်ပျောက် တွေကိုတော့ အခုလောလောဆယ်နေ့ရက် အတိအကျနဲ့ ပြန်လည် ထုတ်ပေးနေပါတယ်”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှပြောကြား သည်။
 
 အောင်ရဲကျော်





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>